Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လူမှုရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးပတ်သက်ခဲ့သော်”

$
0
0
မတ်လ(၈)ရက်နေ့ ရက်စွဲနှင့် ရန်ကုန်နာရေးကူညီမှုအသင်းက သဘောထားကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လူမှုရေးအသင်းအဖွဲ့ပေါင်း (၄၅)ဖွဲ့စုပေါင်းထုတ်ပြန်တဲ့ကြေညာချက်ဖြစ်ပါတယ်။
မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များမှာ တာဝန်လက်ပတ်နီများနှင့် ရဲတပ်ဖွဲ့များက ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဖမ်းဆီးအရေးယူခြင်းတို့၊ ကျူးလွန်ပြုလုပ်ခြင်းအပေါ် ရှုတ်ချထားသည့် ကြေညာချက် တစ်ခုဖြစ်ကြောင်း တွေ့ရပါတယ်။
ကျန်းမာရေးနှင့် နာရေးကူညီမှုမည်သည် လူသားအားလုံး၊ အလွှာအားလုံးနှင့်သက်ဆိုင်သော လုပ်ငန်းကြီး ဖြစ်ပါတယ်။ အရောင်အသွေးနှင့် အစွဲအလန်းမပါဝင်ပါမှ ထာဝရရပ်တည်နိုင်မှာဖြစ်ပါတယ်။
ရှင်ဘုရင်လည်း ဒီခရီးပဲ သွားရမှာပါ။
သမ္မတလည်း ဒီခရီးပဲ သွားရမှာပါ။
ဝန်ကြီးချုပ်လည်း ဒီခရီးပဲ သွားရမှာပါ။
ဥက္ကဋ္ဌလည်း ဒီခရီးပဲ သွားရမှာပါ။
သဘာပတိလည်း ဒီခရီးပဲ သွားရမှာပါ။
ပြည်သူလည်း ဒီခရီးပဲ သွားရမှာပါ။
အာဏာရှင်လည်း ဒီခရီးပဲ သွားရမှာပါ။
အာဏာမဲ့လည်း ဒီခရီးပဲ သွားရမှာပါ။
လူသားတိုင်းနှင့်သက်ဆိုင်သည့်လုပ်ငန်းလုပ်နေသူတွေက နှစ်ဖက်ပဋိပက္ခမှာ တစ်ဖက်ဖက်မှ ရပ်တည်လိုက် လျှင် နိုင်ငံရေးဆန်သွားပါမယ်။
မင်းသားကိုကျော်သူကို တစ်ကမ္ဘာလုံးလေးစားနေတာက ပါတီမထောင် ရွေးကောက်ပွဲမဝင် နိုင်ငံရေးမလုပ်ဘဲ လောကတ္ထစရိယ-လူသားအကျိုးပြု ပရဟိတလုပ်ငန်းသက်သက်ကိုပဲ တစိုက်မတ်မတ် လုပ်လာခဲ့လို့ပါ။
နိုင်ငံရေးအရှုပ်အထွေးထဲ အခုလို ဝင်ပါလာမယ်ဆိုရင် သေချာတာကတော့ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံရနိုင်တာပါပဲ။
ဒီအစိုးရဟာ အာဏာရှင်တစ်ဖြစ်လဲ ဆိုတာတွေရော စစ်သားလူထွက်ဆိုတာတွေရော၊ အလုံးစုံယုံကြည်စိတ်ချ ရမှုမရှိသေးဘူးဆိုတာတွေရော မှတ်ချက်အပြုခံနေရတာအားလုံးအသိပါ။
ပွင့်လင်းရာသီရောက်ပြီဆိုပေမယ့် အပြည့်အဝပွင့်လင်းတဲ့ နိုင်ငံရေးစနစ်မျိုးမဟုတ်သေးဘဲ ဖားတစ်ပိုင်းငါးတစ် ပိုင်း ဒီမိုကရေစီအဆင့်သာ ရှိပါသေးတယ်။ တကယ်လို့များ အာဏာအသိမ်းခံသွားရရင် ဒီလူမှုရေးအဖွဲ့အစည်း တွေ ဖြိုခွင်းမခံရနိုင်ပေဘူးလား?
ဖြိုခွင်းခံရရင် ပြည်သူတွေ မနစ်နာနိုင်ဘူးလား? အာဏာရှင်ကို အတိုက်အခံလုပ်လို့ ကမ္ဘာကျော်တဲ့ ရလဒ်က ငါကောင်းစားရေးအကျိုးအမြတ်တစ်ခုပဲ ရမှာပါ။ လူမှုရေးအသင်းတွေ ရုပ်သိမ်းခံရရင် တကယ်နစ်နာမှာက ပြည်သူတွေပါ။
ဒါကြောင့် ပြည်သူ့အကျိုး အမှန်တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးအရောင်အသွေးကင်းစေချင်ပါတယ်။
နိုင်ငံရေးလုပ်ငန်းတွေမှာ တာဝန်အရှိဆုံးက နိုင်ငံရေးပါတီတွေပါ။ သူတို့လုပ်ပါလိမ့်မယ်။ မလုပ်ရင် ဖိအားပေး ကြပါ။ တွန်းအားပေးကြပါ။ သုံးစားမရရင် ပစ်ထားလိုက်ပါ။
ဗြဟ္မစိုရ်ဆိုတာ မေတ္တာတစ်ပါးတည်း မဟုတ်ပါဘူး။ ကရုဏာတစ်ပါးတည်းမဟုတ်ပါဘူး။ မုဒိတာတစ်ပါးတည်း မဟုတ်ပါဘူး။ ဥပေက္ခာတရားလည်း ပါဝင်ပါတယ်။
ဒါကြောင့် ဥပက္ခောတရားထားသင့်တဲ့နေရာမှာ ဥပက္ခောတရားထားလိုက်ပါ။
ကိုယ့်အသင်းအဖွဲ့လုပ်ငန်းနှင့် ပတ်သက်တာမှန်သမျှကိုတော့ မေတ္တာကရုဏာပြည့်ဝစွာနှင့် တစ်သားတည်း ထားပြီး အားလုံးကို ကူညီနိုင်အောင် ကြိုးစားပါ။
ကိုကျော်သူကို ချစ်ပါတယ်။
ကိုကျော်သူ့လုပ်ငန်းကိုလည်း ချစ်ပါတယ်။
ပြည်သူကိုလည်း ချစ်ပါတယ်။
ပြည်သူကိုတော့ အချစ်ဆုံးပါ။
အာဏာရှင်ရဲ့ မိဘဆွေမျိုးအားလုံးဟာလည်း ပြည်သူပါပဲ။
ဒီမိုကရေစီရဲ့ မိဘဆွေမျိုးအားလုံးဟာလည်း ပြည်သူပါပဲ။
ပြည်သူအားလုံးနှင့်သက်ဆိုင်တဲ့ လုပ်ငန်းကြီးကို လုပ်ကိုင်နေသူက တစ်ဖက်သတ်ဝင်ရပ်လိုက်မယ်ဆိုရင် ဗြဟ္မစိုရ်လမ်းကြောင်းကနေ လမ်းချော်သွားပါပြီ။
ဗြဟ္မစရိယ-ဗြဟ္မစိုရ်ဆိုတာ အာဏာရှင်တွေ ဒီမိုကရေစီတွေ မခွဲခြားကောင်းပါ။
အာဏာရှိတွေ အာဏာမဲ့တွေ မခွဲခြားကောင်းပါ။
ကိုကျော်သူလမ်းမချော်ပါစေနဲ့။
ဒီစာရေးနေချိန်မှာပဲ ၁၂ ရက်နေ့ တောင်းဆိုပွဲ အခမ်းအနား ဖိတ်စာဖတ်လိုက်ရပါတယ်။
ကိုကျော်သူက အနုပညာအသိုင်းအဝန်းကိုပါ နိုင်ငံရေးထဲ ဆွဲသွင်းနေပါပြီ။
NLD တို့လုပ်ပါလိမ့်မယ်။
88 တို့လုပ်ပါလိမ့်မယ်။
မလုပ်ရင် လုပ်အောင်ခိုင်းပါ။
ဗြဟ္မစိုရ်တရားကို ခုတုံးမလုပ်ပါနဲ့။
တောင်းဆိုပွဲ ပြုလုပ်တာဟာ ဗြဟ္မစိုရ်တရားနှင့် မညီပါဘူး။
မြဟ္မစိုရ်တရား လက်ကိုင်ထားချင်ရင် ဗြဟ္မစိုရ်နှလုံးသားနှင့် ပြည့်စုံရပါမယ်။
ဗြဟ္မစိုရ်တရားရဲ့ အတိမ်အနက်ကို ကိုကျော်သူ လေ့လာပါအုံး။
အနက်အဓိပ္ပါယ် အကောက်လွဲသွားရင် နာရေးအသင်းကနေ နားရေးအသင်း ဖြစ်သွားလိမ့်မယ်နော်။
ပြည်သူတွေ ခိုကိုးရာမဲ့အောင် မလုပ်ပါနဲ့။
သေသောသူသည် သုသာန်သို့ သက်သက်သာသာ သွားသင့်သည် ဆောင်ပုဒ်အတိုင်း သေသောသူမှန်သမျှ သုသာန်သို့ သက်သက်သာသာသွားနိုင်အောင် ပို့ဆောင်ပေးနေကျအတိုင်းသာ ဆောင်ရွက်ပါ ကိုကျော်သူ။
အစိုးရဆိုတာ ထာဝရရှိနေမှာ မဟုတ်ဘူး။
အပြောင်းအလဲ အမြဲရှိတယ်။
ပြည်သူဆိုတာ ဘယ်တော့မှ မပြောင်းလဲဘူး။
အစဉ်ထာဝရ အမြဲရှိနေတာ။
ကိုကျော်သူတစ်ယောက် လမ်းမပျောက်ပါစေနဲ့လို့ပဲ ဆုတောင်းမေတ္တာပို့သနိုင်ပါတော့တယ်။
ဦးပဉ္စင်း-ဝီရသူ(မစိုးရိမ်)
11.3.2015

PM 1:40



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...