Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကချင်ပြီးတော့ မွန်(၂)”

$
0
0
4.3.2015 ရက်နေ့မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစဉ်စံပြကျေးရွာ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အထူးတရားပွဲဓမ္မသဘင်။
မွန်းလွဲပိုင်းမှာ ဝေဠုဝန်ဓမ္မဒူတတောရဆရာတော်ကြီးအား ဖူးမြှော်ပူဇော်ပြီး စာမေးပွဲဖြေဆိုမည့် ရှင်သာမဏေ လေးများကို အောင်မြင်ရေးတရားများ ဟောကြားခဲ့ပါတယ်။
ညနေပိုင်းမှာ ပင်လယ်ဝဘုရားသို့ သွားရောက်ဖူးမြှော်ပြီး ပင်လယ်ကမ်းစပ်မှာ အပန်းဖြေအနားယူပါတယ်။
ညနေစောင်းမှာ တည်းခိုရာ တောင်စွန်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမြှော်ရှိခိုးပြီး သံဃာတော်များကို သြဝါဒပေးပါတယ်။
“ခရီးထွက်ပါ
စာဖတ်ပါ
သာသနာအတွက်အလုပ်လုပ်ပါ”
စာရေးသူ၏ ဆောင်ပုဒ်ကို ဟောကြားခဲ့တာပါ။
ညအခါမှာတော့ အစဉ်ရွာထဲမှာ တရားဟောရပါတယ်။
ပင်လယ်ရေငွေ့ပါတဲ့ လေနုအေးကို ရှူရှိုက်ရင်း ဟောရ နာရတာ အမှတ်ရစရာပါ။





















Viewing all articles
Browse latest Browse all 2129

Trending Articles