4.3.2015 ရက်နေ့ မနက် အရုဏ်ဆွမ်းစားပြီး မြို့ဦးပရဟိတဘကကျောင်းမှာ ကျောင်းသူကျောင်းသားလေး များကို သြဝါဒပေးရပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဇဋိလ လျှောက်ထားလို့ ပျားကောင်နှင့်ယင်ကောင် အကြောင်း ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဓမ္မဒူတပရိယတ္တိကျောင်းတိုက်ကြီးကို ရောက်ခဲ့ပါတယ်။ ဓမ္မဒူတအရှင်ပညာဇောတဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ကျောင်းတိုက်ကြီးပါ။
အရှင်ဆေကိန္ဒတို့၊ အရှင်ပညိဿရတို့၊ အရှင်ပညာဝရ တို့ ပေါ်ထွန်းခဲ့ရာ ကျောင်းတိုက်ကြီးပါ။
ဆရာတော်ကြီး မရှိတော့ပေမယ့် ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို အာရုံယူပြီး ဆရာတော်ကြီးရဲ့ ရုပ်ပုံတော်ကို ရှိခိုးဦးချ ဂါရဝပြုပူဇော်ခဲ့ပါတယ်။