29.9.2014 ရက်နေ့ ညဦးပိုင်းမှာ ကန္ဒီမြို့သို့ ရောက်ပါသည်။ သြစတေးလျနိုင်ငံမှ ဒေါ်သီတာဆွေ ရောက်နှင့်နေပါသည်။ မြန်မာကျောင်းမှ ဦးဇင်းနှစ်ပါးလည်းပါပါသည်။ ဘုရားဖူးရင်း အေးဆေးစွာ စကားပြောခွင့် ရမည်ထင်၍ စောင့်ကြိုခိုင်းထားသော်လည်း စကားပြောခွင့်မရပါ။ အားတောင့်အားနာဖြစ်ခဲ့ရပါသည်။ ကျောင်းသားအတွက် မှာထားသည့် ဖိနပ်တော့ဝယ်ယူလာသည်ကို တွေ့ရပါသည်။ ဘုန်းကြီးနောက်တစ် ကောက်ကောက်လိုက်နေရ၍ ဖိတ်နပ်ချွတ်ထားသည့်နေရာမမှတ်မိ၊ ရှာဖွေလျဆင်လည်း ဘုန်းကြီးနှင့် လူချင်းကွဲသွားမည်စိုးသောကြောင့် ခြေတုံးလုံးတည်းသွားလာနေရသည်ကို တွေ့ရလေသည်။ ဒေါ်သီတာဆွေ ဖုန်းဆက်သည်နှင့်ကြုံ၍ ဖိနပ်မှာလိုက်ခြင်းဖြစ်၏။
စွယ်တော်ဘုရားကို တိုးဝှေ့ဖူးမြော်နေကြသည့် လူတန်းကြီးကိုတွေ့ရပါသည်။ အမျိုးသမီးရော အမျိုးသားပါ ဝတ်ဖြူစင်ကြယ်ဝတ်စုံ ဝတ်ရပါသည်။ တစ်သုတ်ပြီးတစ်သုတ် ဦးသုံးကြိမ်ချ ပူဇော်ရုံသာ အချိန်ရပါသည်။ ရဟန်းသံဃာတော်များအား ခါးပတ်ကြိုးတစ်ချောင်းစီပေးပါသည်။ သင်္ကန်းစဖြင့် ချုပ်ထားသော ခါးပန်းကြိုး ဖြစ်ပါသည်။ ရုံထားသော သင်္ကန်းကို ဖျက်ပစ်ရပါသည်။ သင်္ကန်းရုံလျက်ဖူးခွင့်မရှိပါ။ သီဟိုဠ်ဆရာတော်များ အားလုံး ထိုသို့ပင်ဖူးရပါသည်။ အနေကဇာတင်ရွတ်ဖတ်ပူဇော်ချိန်ပင်မရပါ။ ဘုရားပန်းပူဇော် ဦးသုံးကြိမ်ချ၍ ဘုရားဂုဏ်တော်များကို နှလုံးသွင်းရုံမျှသာ ပူဇော်ခဲ့ရပါသည်။ တစ်သီတစ်တန်းကြီးကျန်သေးသော ဘုရားဖူး များအား ငဲ့ရသောကြောင့်ဖြစ်ပါသည်။
ဓာတ်ပုံကင်မရာများလည်းယူခွင့်မရှိပါ။ ဘောင်းဘီရှည်များလည်း ဝတ်ခွင့်မရှိပါ။ ပါလာသော ဧည့်သည် ကျောင်းသားများ ကျန်ရစ်ခဲ့ကြပါသည်။ ဘုရားဖူးဝတ်စုံမဟုတ်သောကြောင့် တက်ခွင့်မရခြင်းဖြစ်ပါသည်။ စွယ်တော်ဘုရားဖူးပြီး ပြခန်းသို့ဝင်ပါသည်။ စွယ်တော်တိုက်ထဲမှာပင် အခန်းချင်းကပ်လျက်ရှိပါသည်။ ဆင်စွယ် ကြီးများ များစွာဝဲယာအလှဆင်ထားသည်ကို တွေ့ရပါသည်။ သီဟိုဠ်ရဟန်းပျိုလေးများ ဟန်းဖုန်းများဖြင့် ဓာတ်ပုံရိုက်ကြပါသည်။
စွယ်တော်တိုက်ပေါ်မှ ဆင်းသည့်အခါ ဘုရားဖူးများက တိုးဝှေ့ဖူးကြသည်ကိုတွေ့ရပါသည်။ စာရေးသူ ရောက်နေမှန်းသိရှိသွား၍ စောင့်ကြိုဖူးမြော်ကြခြင်းဖြစ်ပါသည်။ လုံခြုံရေးများနှင့်သီဟိုဠ်ရဟန်းတော်များက ဝိုင်းဝန်းကာရံ၍ နားနေဆောင်သို့ခေါ်ဆောင်သွားကြပါသည်။ တစ်နေကုန် ခြေပူခံခဲ့ရကြောင်းသိထားသည့် ဒေါ်သီတာဆွေက ခြေလိမ်းဆေးယူလာပါသည်။ မေတ္တာရပ်ခံတောင်းပန်၍သာ ဖူးခွင့်ပေးခြင်းဖြစ်ပါသည်။ စာရေးသူအား ဖူးမြော်ဖို့အတွက် သြစတေးလျမှ သီဟိုဠ်အထိ ရောက်လာခဲ့မှန်းသိရ၍ ဗောဓုဗလစေနအဖွဲ့ က အံ့သြနေကြပါသည်။
ရုပ်သံမီဒီယာများ အသင့်ပြင်ထားကြပါသည်။ စကားပြန်အခက်အခဲရှိ၍ မေးခွန်းမျှသာ ဘာသာပြန်ပေးရပါ သည်။ ဦးပညာသာမိက မေးခွန်းများကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးရခြင်းဖြစ်ပါသည်။ စာရေးသူက မြန်မာလိုသာဖြေရပါသည်။ ဖြေကြားချက်များကို ဘာသာပြန်ခိုင်းမည်ဟု ဆိုပါသည်။ ဒေါ်သီတာဆွေ ကို ဘာသာပြန်ခိုင်းလျှင် ရသော်လည်း အိမ်ရှင့်ဆန္ဒကို အလေးထား၍ သူတို့စီစဉ်သည့်အတိုင်း သာ လိုက်နာလိုက်ပါသည်။(အမေးအဖြေများကို သီးသန့်ဖော်ပြထားပါသည်။)
အင်တာဗျူးပြီးသည့်အခါ စွယ်တော်တိုက်ဝန်းထဲ လှည့်လည်ကြည့်ရှုကြပါသည်။ ဒေါ်သီတာဆွေတို့ မပြန်သေး၍ ထပ်မံတွေ့ခွင့်ရလိုက်ပါသည်။ မြန်မာရဟန်းတော်များနှင့် ဓာတ်ပုံရိုက်နေစဉ် လာခေါ်၍ အမြန်ကားပေါ်တက်ရ ပြန်ပါသည်။
အိမ်တစ်အိမ်မှာ ခဏတည်းကြပါသည်။ အရှင်ဉာဏစာရမထေရ်က ဗိုက်ဆာနေမည် အားနည်းနေမည်စိုး၍ တစ်ခုခုဘုဉ်းပေးဖို့ လျှောက်ထားလာပါသည်။ ဟင်းရွက်ပြုတ်ရည် ဘုန်းမလားမေး၍ ခေါင်းညိတ်လိုက်ပါသည်။ သီဟိုဠ်တွင် ဆွမ်းမစားမီ ဟင်းသီးဟင်းရွက်အစုံကို အရွက်များ အဖတ်များမပါဘဲ ပူပူနွေးနွေး သောက်တတ်ကြ ပါသည်။ ညအခါ မအပ်စပ်သော်လည်း အိမ်ရှင့်ဆန္ဒမလွန်ဆန်ချင်၍ ခေါင်းညိတ်လိုက်ခြင်းဖြစ်ပါသည်။ ဆန္ဒဆို သည်ထက် စာရေးသူအပေါ်ထားကြသော မေတ္တာ ကရုဏာများကို ငဲ့ညှာသောကြောင့်ဖြစ်ပါသည်။
ဤသို့ဖြင့် ဆရာတော်တစ်ပါးကိုသွားဖူးဖို့ခေါ်သွားကြပါသည်။ ထိုဆရာတော်၏ ကျောင်းတိုက်၌ လုံခြုံရေးများ အမြဲထားသည်ကို တွေ့ရပါသည်။ နိုင်ငံတော်သမ္မတအစဉ်အဆက် ကိုးကွယ်သည့်ဆရာတော်ဟုဆိုပါသည်။ သမ္မတဖြစ်လိုသူများ ဆရာတော်နှင့်မကင်းကြကြောင်း သိရပါသည်။ အိမ်မှာ အားလုံးနီးပါးထားခဲ့ပြီး ကားနှစ်စင်းဖြင့်သာ လာခဲ့ကြခြင်းဖြစ်ပါသည်။
ဆရာတော်ကြီးက သက်တော်ခုနစ်ဆယ်ကျော်ပါပြီ။ ဝမ်းမြောက်ဝမ်းသာပင် လက်ခံစကားပြောပါသည်။ စာရေးသူအကြောင်း သူသိထားသည်များ ပြန်ပြောပြနေပါသည်။ လုံခြုံရေး ဂရုစိုက်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ မကြာခဏ သတိပေးတော်မူပါသည်။ စာရေးသူအား စွယ်တော်စေတီတစ်ဆူ မေတ္တာလက်ဆောင်ပေးပါသည်။
တည်းခိုရာအိမ်သို့ ပြန်ရောက်သည့်အခါ ဟင်းရွက်ပြုတ်ရည် ပူပူလေးသောက်ရပါသည်။ ပဲမျိုးစုံ အရွက်မျိုးစုံ ပါဝင်သော်လည်း အဖတ်မပါ အရွက်မပါသည့်အပြင် ဆီအနည်းငယ်သာပါခြင်း၊ ဟင်းချိုမှုန့် လုံးဝမပါခြင်းတို့ ကြောင့် ဖျော်ရည်ပူပူသောက်ရသကဲ့သို့ပင် ရှိပါသည်။ သီဟိုဠ်ဦးဇင်းလေးများ အငမ်းမရ သောက်ကြပါသည်။ သူတို့ ဗိုက်အတော်ဆာနေပုံရပါသည်။
အိမ်ရှင်များ ဧည့်သည်လူငယ်များက စာရေးသူအကြောင်း သိထားသမျှကို အားရဝမ်းသာ နှုတ်ဆက်ရင်း လျှောက်ထားကြပါသည်။ ဓာတ်ပုံတွေလည်း တစ်လှည့်စီတွဲရိုက်ကြပါသည်။ အမျိုးသားရေးပေါ့ပေါ့မတွေးနဲ့ တရားခွေကို သီဟိုဠ်ဘာသာဖြင့် စာတန်းထိုးဖြန့်ဝေထားသည်ဟု ဆိုပါသည်။ အွန်လိုင်းမှာလည်း လွှင့်တင်ထား ကြောင်း လျှောက်ထားလာပါသည်။
ဒေါ်စုနှင့် မင်းကိုနိုင်ကို ဝေဖန်ထောက်ပြသည်ကို သဘောကျကြောင်း လျှောက်ထားလာကြပါသည်။ သီဟိုဠ် ဦးဇင်းလေးတစ်ပါးက အိုင်ပဒ်ဖြင့်ဖွင့်ပြသည်ကို ကြည့်လိုက်သည့်အခါ စာရေးသူ၏ တရားပွဲဖြစ်နေပါသည်။ ဒေါ်စုနှင့်မင်းကိုနိုင်ကို ဝေဖန်ထောက်ပြသည့် အချက်များကို အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးကာ ကုလသမဂ္ဂ အထိ အတိုင်ခံခဲ့ရသော တရားတော်ဖြစ်ပါသည်။ အပြစ်ပြောခြင်း၊ စော်ကားပြစ်မှားခြင်း မဟုတ်ပါဘဲ အခြေအနေမှန်ကို တင်ပြရုံသက်သက် ဟောကြားခဲ့သော တရားတော်ကို လိုရာဆွဲယူကာ စစ်အာဏာရှင်ကို သာ လိုလားသယောင်၊ ဒီမိုကရေစီကို ဆန့်ကျင်နေသယောင် လက်ကိုင်တုတ်၊ လော်ဘီ ပုဒ်မများတပ်၍ တိုင်ကြားခဲ့သည့်အပြင် The Face of Buddhist Terror ခေါင်းစဉ်ဖြင့် ကမ္ဘာကျော် နယးယော့ခ်တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ ရေးသားခံခဲ့ရသည်အထိ လုပ်ကြံခံရသည့်အကြောင်းအရင်းဖြစ်သော တရားတော်ဖြစ်ပါသည်။
ထိုတရားတော်ကား အခြားမဟုတ် အမျိုးသားရေးပေါ့ပေါ့မတွေးနှင့် တရားတော်ပင်တည်း။ ၂၀၁၂ ခုနှစ် အင်းစိန်ဆယ်မိုင်ကုန်းမှာ ဟောကြားသည့်တရားတော်ဖြစ်ပါသည်။
ဗောဓုဗလဆေနအဖွဲ့က စာရေးသူကို မြတ်စွယ်တော်အား အားပါးတရဖူးစေလိုပုံရပါသည်။ လူရှင်းသည့် အချိန် နောက်တစ်ကြိမ် ထပ်မံပို့ပြန်ပါသည်။ စွယ်တော်တိုက် ပိတ်သွားပြီဖြစ်၍ အခမ်းအနားအပြင်အဆင်များကိုသာ လိုက်လံကြည့်ရှုခွင့်ရပါသည်။
စွယ်တော်ဂေါပကဆရာတော်များနှင့် ဗောဓုဗလဆေနအဖွဲ့ဆရာတော်များ ချိတ်ဆက်ဆောင်ရွက်ထားခဲ့သော် လည်း ကြီးကြပ်ရေးဆရာတော်များက စည်းကမ်းတိကျ၍ နောက်တစ်ကြိမ်လည်း အဆင်မပြေခဲ့ပါ။
စာရေးသူကိုကြည့်၍ အားနာသည်လော သနားသည်လော၊ မပြောသာပေ။ သီဟိုဠ်ဦးဇင်းလေးက သက်သောင့် သက်သာဖြစ်အောင်လုပ်ပေးမည်ဟုဆိုကာ ကားရှေ့ခန်းမှာပြင်ဆင်ပေးပါသည်။ ဗိုလ်မှူးကြီးက နောက်ခန်း ရောက်သွားပါသည်။ လုံခြုံရေးအရ ကောင်းသောလက္ခဏာမဟုတ်သော်လည်း နေထိုင်ရသည်မှာ သက်သောင့် သက်သာရှိလှပါသည်။
ကားပေါ်မှာပင် မဟာသမယသုတ်(၇)သုတ် ရွတ်ဖတ်ပူဇော်ရင်း လိုက်ပါလာခဲ့ပါသည်။
ကန္ဒီ ရုပ်သံအင်တာဗျူး ဖြေကြားချက်များ
CUT-01
ဒီနေ့ ဗုဒ္ဓဘာသာကို ခြိမ်းခြောက်နေတဲ့သူတွေက ဂျီဟတ်ဝါဒီ မွတ်ဆလင်တွေပဲ ဖြစ်ပါတယ်။ အဲဒီမွတ်ဆလင် တွေက လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့အဖွဲ့နဲ့ လက်နက်မကိုင်ပဲနဲ့ လူဦးရေနဲ့လွှမ်းမိုးဖို့ကြိုးစားတဲ့အဖွဲ့လို့ နှစ်ဖွဲ့ရှိပါတယ်။ လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်တဲ့ အဖွဲ့ကတော့ လောလောဆယ် အီရတ်တို့ ဆီးရီးယားတို့မှာ ထင်ရှားနေတဲ့ IS အဖွဲ့လိုမျိုး အယ်ကေဒါးအဖွဲ့လိုမျိုးဖြစ်ပါတယ်။ လက်နက်မကိုင်ပဲနဲ့ အစ္စလာမ်မစ်စတိတ်ထူထောင်ဖို့ လူဦးရေနဲ့ လူအင်အားနဲ့ ခြိမ်းခြောက်နေတာကတော့ ဒီကနေ့ ထိုင်းနိုင်ငံ တောင်းပိုင်မှာ ဖြစ်ပေါ်နေတဲ့ မွတ်ဆလင်အဖွဲ့နဲ့ မြန်မာပြည်ရဲ့ အနောက်ဖြား ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာခေါ် RSO အဖွဲ့ ဒီနှစ်ဖွဲ့ပဲ ဖြစ်ပါတယ်။
CUT-02
ဒီကနေ့ ဗုဒ္ဓဘာသာတွေ ရင်ဆိုင်နေရတာက အဲဒီအကြမ်းဖက်အဖွဲ့တွေပါပဲ။ မွတ်ဆလင်ကမ္ဘာကြီး ထူထောင်ဖို့အတွက် ပထမဦးဆုံးဖြိုဖို့ ကြံစည်အားထုတ်နေတဲ့ ပစ်မှတ်တွေကတော့ ဗုဒ္ဓဘာသာနိုင်ငံတော် များပါ။ အဲဒီဗုဒ္ဓဘာသာနိုင်ငံတော်ထဲမှာ အာရှရှိတယ်၊ အာဆီယံရှိတယ်။ အာရှမှာဆိုရင် သီရိလင်္ကာဟာ ပစ်မှတ်ဖြစ်နေပြီးတော့ အာဆီယံမှာဆိုရင် မြန်မာနဲ့ထိုင်းဟာ ပစ်မှတ်ဖြစ်နေပါတယ်။ သူတို့တစ်တွေရဲ့ နေ့စဉ်ပေးသမျှ ဒုက္ခတွေကို ခါးဆီးပြီး ခံနေရတာကတော့ ခန္တီတွေ၊ မေတ္တာတွေ၊ ကရုဏာတွေ ပြည့်ဝတဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။
CUT-03
အာရှမှာ ဗုဒ္ဓဘာသာကို အကြမ်းဖက်တာကတော့ ပူပူနွေးနွေးလေးပါပဲ။ အင်ဒိုနီးရှားမှာရှိတဲ့ ဗောဒေါဗုဒေါစေတီ တော်ကြီးကို ဗုံးခွဲဖို့ ကြံစည်တဲ့ကိစ္စ၊ အိန္ဒိယမှာရှိတဲ့ ဗုဒ္ဓဂါယာကို ဗုံးခွဲဖို့ ကြံစည်တဲ့ကိစ္စ၊ ဒါတွေဟာ ထင်ရှားပါ တယ်။ အဲဒီလိုပဲ ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုလို့ရှိရင် ဆွမ်းခံကြွနေတဲ့ သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ် တဲ့ကိစ္စ၊ မြန်မာပြည်မှာဆိုရင်လဲပဲ ဦးဇင်းတို့ ဟောပြောနေတဲ့ တရားပွဲမှာ ဗုံးခွဲတဲ့ကိစ္စ၊ ရခိုင်ပြည်မှာဆိုလို့ရှိရင် နေ့စဉ်နဲ့အမျှ ရခိုင်သူ ရခိုင်သားတွေ ရခိုင်ပြည်မှာ မနေရဲအောင် မောင်းထုတ်တဲ့အနေနဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ၊ အမျိုးသားတွေကို ချောင်းမြောင်းပြီး လုပ်ကြံသတ်ဖြတ်တာတွေ၊ ရခိုင်ပြည်သူတွေ နေ့အခါ မှာ ကိုယ့်စီးပွားကိုယ်ရှာ ကိုယ့်လယ်ကိုမလုပ်ရဲရအောင် အကြမ်းဖက်တာတွေ၊ ညအခါမှာ မအိပ်ရဲရအောင် အကြမ်းဖက်တာတွေက နည်းမျိုးစုံရှိပါတယ်။ ဒီကနေ့ ဗုဒ္ဓဘာသာဟာ ဂျီဟတ်ဝါဒီ မွတ်ဆလင်တွေရဲ့ စနစ်တကျ အနိုင်ကျင့်မှုကို ခံနေရတာ လက်တွေ့ပဲ ဖြစ်ပါတယ်။
CUT-04
ဗုဒ္ဓဝါဒီတွေအနေနဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကိုတော့ နေ့စဉ်နှင့်အမျှ ခံနေရတာပါ။ ဥပမာ- မြန်မာ အမျိုးသမီးတွေကိုယူတယ်။ အလိုမတူပဲနဲပ မိဘတွေမျိုးတွေ အသိမပေးပဲနဲ့ အစ္စလာမ်ဘာသာထဲကိုသွတ်သွင်း တယ်။ အဲဒီလို သွတ်သွင်းလို့ အလွယ်တကူရတဲ့ အမျိုးသမီးတွေကို ဘုရားရုပ်ပွားတော်တွေကို တက်နင်းခိုင်း တယ်။ ဘုရားရုပ်ပုံတော်တွေကို ဓာတ်ပုံတွေကို တက်နင်းခိုင်းတယ်။ အဲဒီလို မရတဲ့ အမျိုးသမီးတွေကို မယားအဖြစ် အသိအမှတ်မပြုဘူး။ နေ့စဉ်နှင့်အမျှ နှိပ်စက်တယ်။ အနိုင်ကျင့်တယ်။ အဲဒီလိုပဲ အဲဒီအမျိုးသမီးနဲ့ မွေးလာတဲ့ ကလေးတွေကို အမျိုးသမီးတွေက သားသမီးလို ကိုင်တွယ်ခွင့်မရဘူး။ မိခင်အခွင့်အရေး လုံးဝ ဆုံးရှုံးတယ်။ သူတို့တစ်တွေ ပုံစံချပြီးတော့ သူတို့ဘာသာထဲကို မှိုင်းတိုက်ခံနေရပါတယ်။ အဲဒီတော့ မိခင်တွေဟာ ကိုယ့်သားသမီးကို ကိုယ်မပိုင်ပဲနဲ့ မွတ်ဆလင်တွေရဲ့ အပိုင်စီးမှုကို ခံနေရပါတယ်။ အဲဒါကတော့ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုပါပဲ။ ဒါတင် မရသေးပါဘူး။ မြန်မာအမျိုးသမီးလေးတွေဆိုရင် ဟိုမြို့ မုဒိမ်းကျင့်ခံ လိုက်ရ၊ ဟိုရွာမုဒိမ်းကျင့်ခံလိုက်ရနဲ့ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်တွေကပဲ မြန်မာအမျိုးသမီးတွေ ဗုဒ္ဓဘာသာဝင် တွေကို ပစ်မှတ်ထားပြီး မုဒိမ်းကျင့်တာတွေကို တွေ့နေရပြီးတော့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီကနေ့အထိ မွတ်ဆလင်အမျိုးသမီးတွေကို တစ်ဦးတစ်ယောက်ကိုမှ မုဒိမ်းကျင့်တာမျိုး မပေါ်ပေါက်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်တွေရဲ့ အနိုင်ကျင့်မှုကို ဗုဒ္ဓဘာသာတွေ နေ့စဉ်ခံနေ ရတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
CUT-05
နိုင်ငံရေးသမားတွေကတော့ ဦးဇင်းတို့ မြန်မာပြည်အရပြောရရင် ဘာသာတရားကို အသုံးချပြီးတော့ ရာဇပလ္လင်ကို လိုချင်တဲ့သူကိုပဲ တွေ့ပါတယ်။ အဲ ဗုဒ္ဓဘာသာရဲ့ အလံတော်အောက်ကို မှီခိုပြီးတော့၊ ဗုဒ္ဓဘာသာရဲ့ အရိပ်အာဝါသကို နားခိုပြီးတော့၊ ဗုဒ္ဓဘာသာရဲ့ကောင်းရာကောင်းကျိုး၊ တိုးတက်ရာ တိုးတက်ကြောင်း၊ လုပ်ပေးပါ့မယ်ဆိုတဲ့ နိုင်ငံရေးသမား လုပ်နေပါတယ်ဆိုတဲ့ အစိုးရကတော့ မရှိသလောက် ကိုရှားပါတယ်။
CUT-06
ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရပြောရရင် ပတ္တမြားက အရောင်တောက်နေလို့ ခြင်္သေ့ရိပ်က ထင်းရှားလာတယ်၊ ပတ္တမြားဂူမှာထင်တဲ့ ခြင်္သေ့ရိပ်ကို ဖုံးလွှမ်းလိုက်တဲ့အနေနဲ့ တောဝက်တွေဟာ ပတ္တမြားဂူကို ရွံတွေနဲ့ပက်ပြီး တော့ မှိန်အောင်လုပ်ကြတယ်။ သို့သော် သူတို့တစ်တွေ ရွံနဲ့ပွတ်တိုက်ပြီးတော့ မှိန်အောင်လုပ်ပါမှ ပတ္တမြားက ပိုပြီး အရောင်တောက်လာသလိုပါပဲ၊ ဦးဇင်းကို တိုင်းမဂ္ဂဇင်းက အကြမ်းဖက်သမားလို့ The face of Buddhist Terrorist လို့ စွပ်စွဲပြီးတဲ့ နောက်ပိုင်းမှာမှ ဦးဇင်းရဲ့ ဘုန်းတန်ခိုးတွေဟာ ပိုပြီးတောက်ပလာပြီးတော့ ဦးဇင်းကို ထောက်ခံတဲ့ ကမ္ဘာ့ပြည်သူ ပြည်သားတွေရဲ့ မေတ္တာကို ဦးဇင်းက ရရှိခံစားသွားရတာဖြစ်ပါတယ်။ ပြောလိုတာ ကတော့ သူက အကြမ်းဖက်သမားလို့ ဦးဇင်းက အကြမ်းဖက်သမားကြီး ဖြစ်သွားတာမဟုတ်ပါဘူး။ ဦးဇင်း ကိုယ်တိုင်က အမှန်တကယ် အကြမ်းဖက်ပါမှ အကြမ်းဖက်သမားဖြစ်မှာပါ။ ဗုဒ္ဓရဲ့ တရားတော်အရ ပြောရရင် ကိုယ်အပြုအမူ နှုတ်အပြုအမူက အကြမ်းဖက်ပါမှ အကြမ်းဖက်သမားလို့ ဆိုလို့ရပါတယ်။ ဦးဇင်းမှာ အဲဒီအမူ အရာတွေ အပြုအမူတွေ လုံးဝမရှိတဲ့အတွက်ကြောင့် ဦးဇင်းကိုယ် ဦးဇင်းတော့ ယုံကြည်ပါတယ်။ သတ္တဝါတွေ အပေါ် တကယ်မေတ္တာတရားအားကြီးလို့ ဗုဒ္ဓရဲ့ သာသနာတော်ကို၊ ဗုဒ္ဓရဲ့ သာသနာ့တာဝန်ကို၊ ထမ်းဆောင်နေ တဲ့ ဘုရားသားတော်ဖြစ်တယ်လို့ ရဲရဲကြီး ပြောရဲပါတယ်။
CUT-07
၉၆၉ ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော် ၉-ပါး၊ တရားတော်ရဲ့ ဂုဏ်တော် ၆ ပါး၊ သံဃာတော်ရဲ့ ဂုဏ်တော် ၉ပါးကို ရည်ညွှန်းတဲ့ အမှတ်အသားပဲဖြစ်ပါတယ်။ ဘုရား တရား သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ နှလုံးသားထဲမှာ ထုံမွမ်းထားမယ်ဆိုရင် မိမိအဇ္ဈတ္တလဲ ငြိမ်းချမ်းမယ်၊ ဒီဘုရား၊ တရားဂုဏ် တော် သံဃာ့ဂုဏ်တော်ပါတဲ့ သင်္ကေတတွေကို အိမ်တိုင်း၊ ဆိုင်တိုင်း၊ မြို့တိုင်း၊ ရွာတိုင်းမှာ ဆောင်ထားမယ်ဆို ရင် အဲဒီအိမ်တွေ၊ မြို့တွေ ရွာတွေ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဖြစ်လို့ ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာဝင် တွေ အမြတ်တနိုးထားပြီး တန်ဖိုးထားတဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်။
CUT-08
သီရိလင်္ကာနိုင်ငံဆိုတာ ထေရဝါဒ ၅-နိုင်ငံထဲမှာ ပါပါတယ်။ ထေရဝါဒ သံဃာတော်တွေဖြစ်တဲ့အတွက်ကြောင့် ဦးဇင်းတို့ဟာ ညီရင်းအကိုလို ချစ်ခင်ရင်းနှီးကြပါတယ်။ အဲဒီအထဲမှာ သီရိလင်္ကာအစိုးရရဲ့ တိုင်းမဂ္ဂဇင်း အရေးတော်ပုံကို ကိုင်တွယ်တာဟာ ဦးဇင်းတို့ ဗမာအစိုးရထက်ကို ပြတ်သားပါတယ်။ အဲဒီအတွက် သီရိလင်္ကာ အစိုးရကို အထူးကျေးဇူးတင်ပါတယ်။ အဲဒီလိုပဲ မြန်မာပြည်က ကိုယ်နဲ့မသိကျွမ်းတဲ့ ဘုန်းကြီးတစ်ပါးကို The face of Buddhist Terrorist လို့ စွပ်စွဲလိုက်တဲ့အပေါ်မှာ သီရိလင်္ကာဆရာတော် သံဃာတော်တွေဟာ ခုချိန်ထိ ရင်ထဲမှာ အစိုင်အခဲဖြစ်ပြီးတော့ နာကျင်စွာ ခံစားနေရတာကို တွေ့ပါတယ်။ အဲဒီအထဲမှာ Budubalasena အဖွဲ့က ဥက္ကဋ္ဌဆရာတော်ကြီးတို့၊ အတွင်းရေးမှူးဆရာတော်လေးတို့ ပါဝင်ပါတယ်။ အင်မတန်လေးစားထိုက် ကြည်ညိုထိုက်တဲ့ ဘုရားသာနသာတော်အပေါ်မှာ အန္တရာယ်တွေ့ကြုံလာပြီဆိုရင် အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မဲ့ အမာခံ အသေခံ တပ်သားတွေလို့တောင် ပြောလို့ရပါတယ်။ သီရိလင်္ကာပြည်သူတွေအနေနဲ့ Budubalasena အဖွဲ့ရဲ့ ဦးဆောင်မှုနောက်ကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြောင့်ဖြောင့်တန်းတန်း ရှောက်လှမ်း ပြီးတော့ သီရိလင်္ကာနိုင်ငံတော်ကြီးကို မွတ်ဆလင်နိုင်ငံတော်ကြီး မဖြစ်ရလေအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုက်ပါတယ်။
CUT-09
မွတ်ဆလင်တွေရယ်၊ နိုင်ငံရေးသမားတွေရယ် ဒီနေရာမှာ တူညီတဲ့အချက်တစ်ချက် တွေ့ရပါတယ်။ အဲဒါ ဘာလဲဆိုရင် သူတို့ပြောသမျှ လိုက်နာမှဘုန်းကြီး၊ သူတို့လုပ်သမျှ ငုံ့ခံမှ ဗုဒ္ဓဘာသာဆိုတဲ့ အမြင်ပါပဲ။ သူတို့ အထုပ်ကို ဖြေပြတဲ့ မည်သူမဆို သူတို့တစ်တွေရဲ့ နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ်ခံရမှာပဲ ဖြစ်ပါတယ်။ သူတို့တစ်တွေက ရန်သူလို့ သတ်မှတ်ပြီးသွားပြီဆိုရင်တော့ သူတို့တစ်တွေဟာ ကောက်ကျစ်တဲ့နည်းလမ်းနဲ့ အသရေဖျက်တာ နာမည်ဖျက်တာ စတာတွေ လုပ်တတ်ကြသလို အကြမ်းဖက်ပြီးတော့ လုပ်ကြံ သတ်ဖြတ်တာ တွေလဲ ရှိပါတယ်။ အဲ့ဒီတော့ ကိုယ့်သာသနာတော်ကို ကိုယ်ကာကွယ်တာကိုပဲ သူတို့တစ်တွေက အကြမ်းဖက် သမားလို့ လက်ညိုးထိုးနေတာ ဖြစ်ပါတယ်။ တကယ်တော့ သူခိုးက လူဟစ်နေကြခြင်းပဲ ဖြစ်ပါတယ်။
CUT-10
ဒီကနေ့ သီရိလင်္ကာနိုင်ငံကို ရောက်တဲ့အခါမှာ သီရိလင်္ကာပြည်သူတွေက ဗုဒ္ဓတရားတော်တွေကို လေးလေး နက်နက် နစ်နစ်ကာကာ ကြည်ညိုကြတာ ကိုးကွယကြတာ လိုက်နာကြတာတွေ့ရသလို လူနဲ့အင်မတန်မှ စိမ်းတဲ့ ကျီးကန်းလို အရိုင်းကောင်လေးတွေကိုတောင်မှ လူနဲ့ယဉ်ပါးအောင် မေတ္တာတရားထားနိုင်တာကို တွေ့ရပါတယ်။ အဲဒါဟာ အတိတ်ကောင်း နိမိတ်ကောင်းပါပဲ။ မွတ်ဆလင်တွေဟာ ကျီးကန်လိုပဲ အစာကို အမြဲတမ်းချောင်းတယ်၊ လူလစ်ရင် လစ်သလိုသုတ်တယ်၊ သူတို့တစ်တွေကို ထိပြီဆိုလို့ရှိရင် ဝိုင်းအာကျတယ်။ ဒီနေ့ သီရိလင်္ကာမှာ ကျီးကန်းတွေကို လိမ်မာအောင် ဆုံးမနိုင်တာတွေ့တဲ့အတွက်ကြောင့် သီရိလင်္ကာ မွတ်ဆလင်တွေလည်းပဲ ကျီးကန်းတွေလိုပဲ လိမ်မာယဉ်ကျေးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သီရိလင်္ကာနိုင် ငံရဲ့ ထေရဝါဒ သာသနာတော်ဟာလည်းပဲ အဓွန့်ရှည် တည်တံ့လာလိမ့်မယ်၊ သီရိလင်္ကာနိုင်ငံတော်ကြီးလဲ ထာဝရ ငြိမ်းချမ်းလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
CUT-11
ဗုဒ္ဓတရားတော်အနေနဲ့ ကြည့်လိုက်ရင် ဘယ်အယူဝါဒနဲ့မဆို ဘယ်ဘာသာနဲ့မဆို မှတ်ကျောက်တင်နိုင် ပါတယ်။ ဒီအတွက် ဗုဒ္ဓတရားတော်မှာ အားနည်းချက် ပျော့ကွက် ဟာကွက် ပြုပြင်စရာရယ်လို့ တစ်ချက်မှ မရှိပါဘူး။ သို့သော် သီရိလင်္ကာနိုင်ငံမှာပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင် တွေဟာ ရိုးတယ်၊ အ-တယ်၊ အားနာတတ်တယ်၊ သနားတတ်တယ်၊ အယုံလွယ်တတ်တယ်၊ ဒါတွေဟာ သူတစ်ပါးတွေ ထိုးဖောက်စရာ အားနည်းချက်ကြီး ဖြစ်နေပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးရာမှာသာလျှင် ရိုးကြ၊ အ-ကြ၊ အားနာကြ၊ သနားကြ၊ အယုံလွယ်ကြဖို့ တိုက်တွန်းပါတယ်။ သာသနာတော်တရပ်လုံးနဲ့၊ လူမျိုးတစ် မျိုးသားလုံးနဲ့၊ နိုင်ငံတစ်နိုင်ငံလုံးနဲ့ ချီလာပြီဆိုရင်တော့ မျက်စိတွေဖွင့်ကြပါ၊ နားတွေစွင့်ကြပါ၊ အယုံမလွယ် ကြပါနဲ့၊ မျက်နှာ မပူတတ်ကြပါနဲ့၊ သနားခြင်းကို အားနာခြင်းနဲ့ မရောကြပါနဲ့။ အားလုံး ထေရဝါဒ သာနသာတော် ကြီးကို ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေနဲ့ ဝိုင်းဝန်း ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
15.2.2015