22.2.2015 ည 8:00 နာရီ ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အင်းဝလမ်း (အထက်ပိုင်း) မိသားစု မိဘကျေးဇူးဆပ် ဓမ္မပူဇာ တရားပွဲ။
ညနေ 5:00 နာရီ လေယာဉ်နှင့် မန္တလေးမှ လိုက်ပါလာခဲ့ပါတယ်။
တာမွေမြို့နယ် ဦးဝင်းသိန်းအိမ်မှာ ခေတ္တနားပါတယ်။ U.S.A သတင်းဌာနက တရားပွဲသတင်းယူဖို့ ခွင့်တောင်းပါတယ်။
ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးအား ဖူးမြှော်ပူဇော်ပြီး တရားပလ္လင်တက်ပါတယ်။
မှန်ချို မှန်ခါးတရားတော်က ရန်ကုန်သားတွေနဲ့ အတော်လိုက်ဖက်ပါတယ်။
စကားတစ်လုံးအမှားသုံး အများမုန်းတာ ခံရမယ်။(ရိုဟင်ဂျာ စကားလုံး)
စကားတစ်လုံးအများသုံး ဘုရားမုန်းက ရှောင်ရမည်။(လူနည်းစု စကားလုံး)
စကားတစ်လုံး ဘုရားသုံး အများမုန်းလည်း ဆောင်ရမည်။(ပြည့်တန်ဆာ စကားလုံး)