18.2.2015 ရက်နေ့ နေ့ဆွမ်းစားရင်း ပရိယတ္တိသာသနာရေးများ ဆွေးနွေးကြတာ ဖြစ်ပါတယ်။
တိုင်းသံဃနာယကဆရာတော်များ တိုင်းဝိနည်းဓိုရ်ဆရာတော်များ၏ ကျေးဇူးကြောင့် ကျောင်းလုသော ဖိုးတောကြီးနှင့် လူမိုက်အားပေး အဓမ္မဝါဒီကိုယ်တော်ကြီးတို့ ဓမ္မဓရဆရာတော်ကို အနိုင်ကျင့်လို့ မရတော့ပါဘူး။
အတွင်းစည်းလုံခြုံရေးနှင့် ပရိယတ္တိပညာရေး တည်ငြိမ်နေဖို့အတွက် စာချဘုန်းကြီးလေးများနှင့် ညှိနှိုင်းတိုင်ပင် ကြတာပါ။
ဓမ္မဓရဝါဆိုကျောင်းမှာ သံဃာ ၂၀၀ ကျော်ရှိပါတယ်။ သာမဏေကျော်စာမေးပွဲတွေမှာ အောင်ချက်ကောင်းပါ တယ်။ စာချဆရာတော်လေးများ ငယ်ငယ်ရွယ်ရွယ်နှင့် အရည်အချင်းပြည့်ဝပြီး တက်တက်ကြွကြွ ရှိကြပါတယ်။