လောက်ကိုင်၊ ချင်းရွှေဟော် တို့တွင် ပိတ်မိနေသော လောက်ကိုင်စစ်ဘေးရှောင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမဒုက္ခသည်များကို ကယ်ထုတ်နိုင်ရန်နှင့် တိမ်းရှောင်ရင်း ထော်လာချီမှောက်ပြီး ဆေးရုံ တက်ရောက်နေသူများအားကူညီရန် ရှမ်း/မြောက်(မ.ဘ.သ)အဖွဲ့မှ သံဃာတော်(၃)ပါးနှင့် လူ(၇)ယောက် ကွမ်းလုံမြို့သို့ (၁၄-၂-၂၀၁၅)ရက်နေ့ နေ့လည်(၃)နာရီမှာ ထွက်ခွာသွားပြီး ည(၇)နာရီကျော်လောက် ရောက်ကာ ဒဏ်ရာရလူနာ(၁၇)ဦးတို့အား ကြည့်ရှုအားပေးကူညီလှူဒါန်းခဲ့ကြပါတယ်။ ထိုမှတစ်ဆင့် ဒုက္ခသည် စခန်းရှိရာသို့သွားပြီး ဆန်၊ ဆီ၊ ငါးခြောက်၊ ခေါက်ဆွဲစသည်တို့ကို လှူဒါန်းခဲ့ကြကာ ပိတ်မိနေသော ဒုက္ခသည်များ ချင်းရွှေဟော်၊ လောက်ကိုင်တို့မှ တစ်ညလုံးနီးပါး (၄၀၀)ကျော်လောက်ကို ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကွမ်းလုံမှ လူ(၄၀၀)ကျော်ခန့် ကား(၄)စီးတို့ဖြင့် နံနက်(၈)နာရီမှာ ထွက်ခွာခဲ့ကြပြီး လားရှိုးမြို့သို့ နေလည်(၁၁း၄၅)နာရီတွင် ပြန်လည်ရောက်ရှိကြပါတယ်။
ရှမ်း/မြောက် (မ.ဘသ)အဖွဲ့သူ/အဖွဲ့သားများနှင့် အများပြည်သူတို့၏ စုပေါင်းအားဖြင့်
(၁၂-၂-၂၀၁၅)ရက်နေ့မှ (၁၅-၂-၂၀၁၅)ရက်နေ့ထိ စုပေါင်းလှူဒါန်းငွေ(ကိုးဆယ့် ခုနစ်သိန်း ခြောက်သောင်း တစ်ထောင့် ခြောက်ရာကျပ်)ဖြစ်ပါတယ်။ ကူညီလိုက်သော ကာအစီးရေ၊ လူဦးရေ၊ ကုန်ကျငွေနှင့် လက်ကျန်ငွေ များကတော့ (၁၂-၂-၂၀၁၅)ရက်နေ့မှ (၁၅-၂-၂၀၁၅)ရက်နေ့ထိ ကားစီးရေစုစုပေါင်း (၁၄၁)စီး၊ လူဦးရေစုစုပေါင်း(၇၇၉၁)ယောက်၊ ဒုက္ခသည်များအတွက်ကုန်ကျငွေစုစုပေါင်း(ခြောက်ဆယ့် လေးသိန်း နှစ်သောင်း ခြောက်ထောင့် ငါးရာကျပ်) (၁၅-၂-၂၀၁၅)ထိ လက်ကျန်ငွေ(သုံးဆယ့်သုံးသိန်း သုံးသောင်း ငါးထောင်ကျပ်တိတိ)ဖြစ်ကြောင်းတို့ကို သာဓု…သာဓု…သာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရပါတယ်။
အညွန့်(လားရှိုး)