Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ/တရုတ်နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တပ်မတော်သားများနှင့် မိသားစုဝင်များ တိုင်းရင်းသားများ ဆုံးရှုံးနစ်နာမှုအပေါ် မျိုးချစ်လူငယ်များကွန်ရက် (မ/ဥက္ကလာပ)၏ သဘောထားထုတ်ပြန်ချက်”

$
0
0
စာအမှတ်(၂/မ.ခ.က) ၂၀၁၅)
ရက်စွဲ။ ဖေဖော်ဝါရီလ(၁၅)ရက်၊ ၂၀၁၅
၁။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် တပ်မတော်အား ဘိန်းစိုက်ပျိုးမှုကို ပြုလုပ်နေသော တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့များမှ ဝင်ရောက်ကျူးကျော်ထိုးစစ်ဆင်၍ တိုက်ပွဲများဖြစ်ပွားလျက် ရှိရာ တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရဲမေများ ကျဆုံး ဒဏ်ရာရလျက်ရှိပြီး ဒေသခံတိုင်းရင်း သားပြည်သူများမှာ အတိဒုက္ခကြုံတွေ့နေရသည်အပေါ် ကျွန်ုပ်တို့ မျိုးချစ်လူငယ်များကွန်ရက်အနေဖြင့် များစွာ ဝမ်းနည်းကြေကွဲမိပါသည်။
၂။ အဆိုပါ ဘိန်းစိုက်ပျိုးသူ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်များသည် တိုင်းပြည်ကိုလည်း အကျိုးမပြု၊ ဒေသခံတိုင်းရင်းသားကိုပင် အကျိုးမပြုဘဲ တရားမဝင် မူးယဇ်ဆေးဝါးထုတ်လုပ်ရောင်းချနိုင်ရေးကို ခုတုံးလုပ်၊ နင်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဆူပူသောင်းကျန်းမှုများ ဖန်တီးနေကြသောကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲစေရန်နှင့် လူညွန့်တုံးမူးယဇ်ဆေးဝါးပပျောက်ရန် ဆောင်ရွက်နေသော တပ်မတော်အား ကျွန်ုပ်တို့မျိုးချစ်လူငယ်များကွန်ရက်မှ ထောက်ခံအားပေးလိုက်သည်။
၃။ ငြိမ်းချမ်းရေးကို မလိုလားဘဲ အဖျက်အမှောက်လုပ်ငန်းများကို လုပ်ကိုင်နေသော ဖုန်ကြားရှင်ဦးဆောင်သော တိုင်းရင်းသားအမည်ခံ တရုတ်ကြီးအား ပြင်းထန်စွာ ရှုံ့ချပါသည်။ ၄င်းတို့သည် အမှတ်တကယ်ငြိမ်းချမ်းရေးကို လိုလားသူများမဟုတ်ပေ။
၎။ ယခုဖြစ်ပေါ်နေသော စစ်ပွဲများအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အမြောက်အများ အသက်နှင့် ခန္ဓာကိုယ်စတေးခဲ့ရပြီးဖြစ်ပါသည်။ ထို့အပြင် မိသားစုဝင်များကိုပါ ၄င်းတို့မှ တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး ကျဆုံး/ဒဏ်ရာရရှိမှုများအား ကြားသိမြင်တွေ့နေရ၍ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များကိုယ်စား ကျွန်ုပ်တို့မျိုးချစ်လူငယ်များ ကွန်ရက်မှ များစွာဝမ်းနည်းကြေကွဲရပါကြောင်း အထူးပြောကြားလိုပါတယ်။
၅။ အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူများကြောင့် တိုင်းရင်းသားပြည်သူများ အတိဒုက္ခကြုံတွေ့ခံစား ရမည့်အဖြစ်မျိုးအား ကျွန်ုပ်တို့ မျိုးချစ်လူငယ်များကွန်ရက်မှ လုံးဝမလိုလားပါ။ ဖုန်ကြားရှင်ဦးဆောင်သော တိုင်းရင်းသားအမည်ခံ ပြည်ပ/ကြေးစား လက်နက်ကိုင် သောင်းကျန်းသူများအား မြန်မာ့တပ်မတော်အနေဖြင့် ပြင်းပြင်းထန်ထန် နှိမ်နင်းခြေမှုန်း၍ မြန်မာတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန် ကျွန်ုပ်တို့ မျိုးချစ်လူငယ်များ ကွန်ရက်မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
မျိုးချစ်လူငယ်များကွန်ရက်
(မြောက်ဥက္ကလာပ)
အရှင်နာယက
နာယကဆရာတော်
မျိုးချစ်လူငယ်များကွန်ရက်
ဦးဇော်ဝင်း
ဥက္ကဋ္ဌ

မျိုးချစ်လူငယ်များကွန်ရက်

Viewing all articles
Browse latest Browse all 2129

Trending Articles