Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရှမ်း/မြောက် မ.ဘ.သ ကြေညာချက်”

$
0
0
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သဘောထားကြေညာချက်(၃/၂၀၁၅)
၁။ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယာယီသက်သေခံလက်မှတ်ဝှိုက်ကဒ် (White Card-နိုင်ငံသားအဖြစ်စိစစ်ဆဲ နိုင်ငံခြားသားများ ကိုင်ဆောင် သောကဒ်) ကိုင်ဆောင်ထားသူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်)ကို ပြင်ဆင်သည့်ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုရေး/မပြုရေး အတွက် မဲခွဲဆုံးဖြတ်ရာ ယာယီသက်သေခံလက်မှတ်ဝှိုက်ကဒ် (White Card-နိုင်ငံသားအဖြစ်စိစစ်ဆဲ နိုင်ငံခြားသားများ ကိုင်ဆောင် သောကဒ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုရန် ထောက်ခံသူ(၃၂၈)ဦး၊ ကန့်ကွက်သူ(၇၉)ဦး၊ ကြားနေသူ(၁၉)ဦးရှိသဖြင့် ယာယီသက်သေခံလက်မှတ်ဝှိုက်ကဒ် (White Card-နိုင်ငံသားအဖြစ်စိစစ်ဆဲ နိုင်ငံခြားသားများ ကိုင်ဆောင် သောကဒ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၂။ နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသား/လူမျိုးခြား တိုင်းတစ်ပါးသားများကို မဲပေးခွင့်ပြုခြင်းသည်
(က) သမိုင်းအစဉ်အဆက် အေးအတူပူအမျှ နေထိုင်လာခဲ့ကြသော တိုင်းရင်းသားညီအကိုမောင်နှမတို့၏ ဆန္ဒသဘောထားတို့ကို လျစ်လျူရှုကာ တိုင်းရင်းသားလူမျိုးစုများအပေါ် “သစ္စာဖောက်လိုက်သော အမျိုးသား သစ္စာဖောက်မှုကြီး” ဖြစ်သည်။
(ခ) (၂၀၀၈) အခြေခံဥပဒေ ပုဒ်မ ၄-မှာ ဖော်ပြထားသည့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဆိုသော အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။
(ဂ) မဲပေးခွင့်ဆိုရာ၌ မည်သည့်အကြောင်းပြုချက်ကြောင့်ဖြစ်ဖြစ် ဆန္ဒခံယူပွဲ၌သာ အကျုံးဝင်မည်၊ ရွေးကောက်ပွဲ၌ အကျုံးမဝင် စသည်ဖြင့် ခွဲခြား၍ ပြောဆိုခြင်းသည် အဓိပ္ပာယ်မဲ့သော ပြောဆိုချက်သာဖြစ်ပြီး “ဆန္ဒခံယူပွဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဖြစ်ဖြစ် အကျုံးဝင်တော့မည်သာ” ဖြစ်သည်။
(ဃ) ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့မှ ထားခဲ့သော အမွေဆိုးနှင့်အတူ ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးကြည့်လုပ်ဆောင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ သန်းနှင့်ချီ ကြီးထွားလာခြင်းကို လျစ်လျူရှုကာ “သမိုင်းသင်္ခန်းစာမယူဘဲ ထက်မံ လုပ်ဆောင် လိုက်ခြင်း” ဖြစ်သည်။
(င) ယင်းကဲ့သို့ နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသား/လူမျိုးခြား တိုင်းတစ်ပါးသားများကို နိုင်ငံသားတို့၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပြုခြင်းမှာ “မည်သည့်နိုင်ငံမှာမှ မပေးထားသော/မပေးရဲသော အခွင့်အရေးကြီးကို တိုင်းတစ်ပါးသား လူမျိုးခြားများအတွက် အားကိုးလောက်သော နိုင်ငံ့ခေါင်းဆောင်များက လုပ်ဆောင်ပေးလိုက်ခြင်း” ဖြစ်သည်။
၃။ ထို့ကြောင့် ၂၀၁၅ ခုနှစ်၊ မေလအတွင်းပြုလုပ်မည့်(၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း အတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ်ဝှိုက်ကဒ် (White Card-နိုင်ငံသားအဖြစ်စိစစ်ဆဲ နိုင်ငံခြားသားများ ကိုင်ဆောင် သောကဒ်) ဖြင့် မဲပေးရန်ဆုံးဖြတ်ခြင်းကိစ္စသည် “နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံ၏ မြေပုံကိုပါ ထိခိုက်လာစေနိုင်သော ကိစ္စဖြစ်ပြီး တစ်မျိုးသားလုံး၏ ဆန္ဒကို လျစ်လျူရှုကာ လုပ်ဆောင်လိုက်သည့်အတွက်” ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ သည်။
၎။ ယင်းကိစ္စနှင့်ပတ်သက်၍(၈-၂-၂၀၁၅) ရက်နေ့၌ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့၊ (၁၅.၂.၂၀၁၅)ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့များတို့တွင် ပြုလုပ်မည့် “လူထုဆန္ဒထုတ်ဖော်ပွဲများကို ရှမ်း/မြောက် (မ.ဘ.သ) မှ အပြည့်အဝထောက်ခံပါကြောင်းနှင့် ရခိုင်တိုင်းရင်း သားများနှင့်အတူ ယာယီသက်သေခံလက်မှတ်ဝှိုက်ကဒ်ဖြင့် မဲပေးခွင့်ပြုရေး မပယ်ဖျက်မချင်း ဓမ္မဝိနယနှင့် အညီ လူထုဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ကျင်းပကာ အရိုးကြေကြေ အရေခမ်းခမ်း ရပ်တည်လုပ်ဆောင် သွားမည်” ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
အရွင္အကုၤရ
ဥကၠ႒
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့

(ပြည်နယ်)ရှမ်း/မြောက်၊ လားရှိုး


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...