Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သာသနာကိုချစ်သူတိုင်း ဝီရသူကိုချစ်တယ်”

$
0
0
29.1.2015 ရွှေပြည်သာတရားပွဲ ပလ္လင်မတက်မီ မော်မော်ရွှေဆိုင်မှာ တစ်ထောက်နားပါတယ်။
ကျေးဇူးရှင်ဆရာတော်ကြီးတစ်ပါး ကြိုတင်ရောက်နှင့်နေပါတယ်။ ဆရာတော်ကြီးက သက်တော်(၇၀) ဝါတော်(၅၀)ရှိပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သက်လူမျိုးဖြစ်ပါတယ်။ ဗမာစကားလုံးဝ မတတ်ပါ။ ဦးကထိသေဋ္ဌက ဘာသာပြန်ပေးပါတယ်။
နိုင်ငံခြားမှ ခဏကြွလာတာပါ။ စာရေးသူရွှေပြည်သာမှာ တရားလာဟောမယ်ကြားလို့ ထားဝယ်ကနေအမီ ပြန်ကြွလာတာလို့ ပြောပါတယ်။
စာရေးသူကို
တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတွေရဲ့ အလင်းရောင်တဲ့
ဘုရားအလောင်းတဲ့။
အားကိုးပါတယ်တဲ့။
အားကိုးပါရစေတဲ့။
လက်အုပ်တစ်ချီချီနှင့်လည်း ပြောပါတယ်။ သူပြုသမျှ ကုသိုလ်တွေကိုလည်း ဝေမျှရှာပါတယ်။
ဆုတွေပေးတာလည်း တစ်သီကြီးပါပဲ။
စာရေးသူက
ဘုရားကိုကြည်ညိုသူ ဘုရားလောင်းကို အားကျသူဖြစ်ကြောင်း ပြန်လျှောက်ထားပြီး ဗမာစာ ဗမာစကား မတတ်ဘဲ စာရေးသူအကြောင်း ဘယ်လိုလုပ်သိလဲ? လျှောက်ထားတော့ ပန်းသတင်းလေညှင်းဆောင်ပါတယ် တဲ့။
မီဒီယာတွေက ဆန့်ကျင်ဘက်တွေရေးကြတာလို့ လျှောက်တော့ အမှန်မြင်တတ်ပါတယ်တဲ့။
ဆရာတော်ကြီး အခုလို တကူးတက လာပြီး ချီးမြှောက်တော့ အများကြီးအားရှိပါတယ်ဘုရားလို့ လျှောက်တော့ တွေ့ချင်နေတာကြာပြီလို့ မိန့်ပါတယ်။
ဆရာတော်ကြီးဘွဲ့က ဘဒ္ဒန္တဝိမလတိဿပါ။
အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိစရိယဝိဟာရမှာ သီတင်းသုံးတော်မူပါတယ်။
ကျောင်းထိုင်သက်တမ်း(၄၀)နှစ်ကျော်ပါပြီ။
ကမ္ဘာတစ်ဝှမ်းရှိ သက်လူမျိုးအားလုံးဖွဲ့စည်းထားတဲ့ သက်ကောင်စီဥက္ကဋ္ဌ ဆရာတော်ကြီးပါ။
ကုလသမဂ္ဂမှာ တိုင်းရင်းသားရေးရာအာရှကိုယ်စားလှယ်အဖြစ် အမြဲမိန့်ခွန်းပြောရသူဖြစ်ပါတယ်။
ကုသိန္နာရုံမှာလည်း ကျောင်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ဘကကျောင်းတွေ ဖွင့်ထားပါတယ်။
ဘကကျောင်းတွေဖွင့် ဆင်းရဲသားတွေကို ပညာသင်ပေးထားတာ တစ်ကမ္ဘာလုံးမှာ ပညာတတ်ကြီးတွေ ဖြစ်နေကြတာများတယ်လို့ ဆိုပါတယ်။
စာရေးသူနှင့်တွေ့မယ်ပြင်တော့ နိုင်ငံခြားမှာ ဘုန်းကြီးတွေကရော လူတွေကပါ တားကြပါသေးတယ်တဲ့။
ဆရာတော်သွားတွေ့ရင် သူကပိုပြီး နာမည်ကြီးသွားမှာလို့ အကြောင်းပြတားကြတာလို့ ဆိုပါတယ်။
သာသနာကိုတကယ်စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်မို့ မဖြစ်မနေလာတွေ့ပါတဲ့။
သြော်……သာသနာကိုချစ်တဲ့သူတွေ  ဝီရသူကို ချစ်ကြတာပါပဲ။ သာသနာနှင့် ဝီရသူဆိုတာ  ခွဲခြားလို့ရ ကောင်းတဲ့ အရာမှမဟုတ်တာ။
ဝီရသူ(မစိုးရိမ်)
1.2.2015

PM 6:15










Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...