Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရွှေဝါရောင်အိပ်မက်များ”

$
0
0

2010 ခုနှစ်က ရေးခဲ့တဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ထဲက သီချင်းစာသားလေးတစ်ပုဒ်ပါ။
အကျဉ်းဦးစီးဌာနက နရသိန်မဂ္ဂဇင်းထုတ်လာချိန်မှာ နရသိန်ကိုအကြောင်းပြုပြီး ရေးဖြစ်ခဲ့တဲ့ ဝတ္ထုလေးပါ။
နရသိန်ထဲမှာ ထည့်မှာမဟုတ်မှန်းသိပေမယ့် အကျဉ်းသားတွေရဲ့ ခံစားချက်နှင့် အကျဉ်းဦးစီးဌာနရဲ့ လိုအပ်ချက်ကို သွယ်ဝိုက်သောနည်းဖြင့် တင်ပြခွင့်ရလို့ ရေးခဲ့တာပါ။
အကျဉ်းဦးစီးကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံတွေ တင်ပြနိုင်ခဲ့တာ အဖတ်တင်ခဲ့လို့ ရေးရကျိုးနပ်တယ်လို့ ဆိုရပေမယ့် စာမူကတော့ ထောင်မှာတောင် မရှိတော့ပါဘူး။
အဲဒီသီချင်းစာသားလေးများကို 2012 မှာ အသံသွင်းပါတယ်။ တေးဆိုသူက ဒေါ်ကြင်ကြင်မြိုင် (နဂါးနီစုဘူး အတွင်းရေးမှူး)ပါ။
နီးစပ်ရာ အသိုင်းအဝိုင်းက အကြိုက်တွေ့ကြပေမယ့် လိုင်းပေါ်မတင်ဖြစ်ခဲ့ပါဘူး။
အခုတော့ ကမ္ဘာကြီးရဲ့နှလုံးသား အပြီးမှာ တောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် ထပ်မံ တင်ဆက်လိုက်ရပါ တယ်။
ဒီသီချင်းလေးကိုနားထောင်ပြီး ကိုယ့်ပတ်ဝန်းကျင်က အကျဉ်းသားမိသားစုတွေကို ကူညီချင်စိတ်လေး၊ အကျဉ်းသားအပေါ်အားပေးစကားပြောပေးချင်စိတ်လေး အခိုက်အတန့်ဖြစ်ပွားခဲ့တယ်ဆိုရင်ကိုပဲ ကျေနပ်လှပါပြီ။
ဝီရသူ(မစိုးရိမ်)
1.2.2015

PM 3:30

Viewing all articles
Browse latest Browse all 2129

Trending Articles