စစ်ကိုင်းတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းများမှ အတန်းစုံး ကျောင်းသား/သူများအတွက် ဓမ္မစကူးလ်စာမေးပွဲကို (၂၅.၁.၂၀၁၅)ရက်နေ့၊ နံနက်(၉း၀၀)နာရီ၊ ရေတာရှည်မြို့ပေါ်နှင့် ကျေးရွာများတွင် (၈)ဌာနခွဲ၍ ကျင်းပခဲ့ကြောင်း သိရသည်။
ဝင်ရောက်ဖြေဆိုသည့်ဖြေဆိုသည့် ကျောင်းသား/သူများမှာ
ပထမတန်း (၁၇၈)ဦး
ဒုတိယတန်း (၁၂၈)ဦး
တတိယတန်း (၁၆၂)ဦး
စတုတ္ထတန်း (၁၃၀)ဦး
ပဉ္စမတန်း (၁၃၈)ဦး
ဆဋ္ဌမတန်းမှ အထက်အကြီးတန်း (၃၁၂)ဦး ဖြစ်ပြီး
စုစုပေါင်း (၁၀၆၂)ဦး ဖြေဆိုခဲ့ကြကြာင်း သိရသည်။
ကျောင်းသား/သူများအတွက် စာဖြေဌာနကို (၈)နေရာ ခွဲကျင်းပပေးခဲ့ကြောင်း
ထိုဌာနများမှာ
၁။ ရေတာရှည် (၁)ရပ်ကွက်၊ ကံမြင့်ကျောင်း။
၂။ ရေတာရှည် (၂)ရပ်ကွက်၊ မြို့လယ်ကျောင်း။
၃။ ရေတာရှည် (၃)ရပ်ကွက်၊ မင်္ဂလာသီရိကျောင်း၊
၎။ ရေတာရှည် (၄)ရပ်ကွက်၊ ရွှေကျင်ကျောင်း။
၅။ ရေတာရှည် (၅)ရပ်ကွက်၊ ရွှေဝက်တိုးဘုရားကြီးကျောင်း။
၆။ ဇင်မန်းသာရွာကျောင်း။
၇။ ဒိုးတန်းရွာကျောင်း။
၈။ ပိန္နဲပင်ရွာကျောင်း တို့ဖြစ်ကြောင်း သိရသည်။
ဌာနစုံ အတန်းစုံမှ ပ-ဒု-တ ရရှိသူများသည် (၂.၁.၂၀၁၅)ရက်နေ့၊ ရေတာရှည် အမှတ်(၂)ရပ်ကွက် မြို့လယ်ကျောင်း၌ထပ်မံသွားရောက်ဖြေဆိုရမှာ ဖြစ်ပြီး (၈.၂.၂၀၁၅)ရက်နေ့တွင် ဆုနှင်းသဘင် ကျင်းပပေးသွားမည်း ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး ဆုပေးလိုသူ စေတနာရှင်များအနေဖြင့်လည်း ကြိုတင်လာရောက် လှူဒါန်းနိုင်ကြောင်း နိုးဆော်ထားသည်ဟု သိရပါသည်။