၁၃၇၆-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၃)ရက်
၂၀၁၄-ခုနှစ်၊ ဧပြီ(၂၇)ရက် တနင်္ဂနွေနေ့၊ မွန်းလွဲ 1:30 နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌
အမျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးဟောပြောပွဲသို့ ရှင်မတောင်ဆရာ တော် ဘဒ္ဒန္တကဝိန္ဒောဘာသ ပေးပို့သော သဝဏ်လွှာ
မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ မင်္ဂလာပါလို့ ရှေ့ဦးစွာ နှုတ်ခွန်းဆက် ပါသည်။
ဤလူထုအစည်းအဝေးပွဲလာ ရဟန်းရှင်လူပြည်သူအများတို့ ယနေ့ကာလ သတိထားရမည့် အချက်ကို ပြောလိုပါသည်။
အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်၍ မ.ဘ.သ အဖွဲ့ကြီးက နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ်သို့ ပြဋ္ဌာန်းပေးရန် နိုးကြားတက်ကြွသော ပြည်သူတို့၏ လက်မှတ်များနှင့်အတူ တင်ပြထားခဲ့ပါသည်။
သမ္မတနှင့် လွှတ်တော်က ပြဋ္ဌာန်းနိုင်ရန် စီမံအားထုတ်နေသည်ကို တွေ့ရ၍ ကြိုဆိုပါကြောင်း ပြောကြား လိုက်ပါတယ်။
နိုင်ငံနှင့် လူမျိုးအတွက် ပြည့်စုံကောင်းမွန်သော ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန်မှာ ပြည်သူတစ်ရပ်လုံးက ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ချစ်မြတ်နိုးရပါလိမ့်မည်။ ချစ်မြတ်နိုးသူတွေစုဝေးပေါင်းဖက်၍ အင်အားတစ်ရပ်ဖြစ်စေကြရပါ လိမ့်မည်။ ချစ်မြတ်နိုးတတ်ကြရပါလိမ့်မည်။ အမှန်တစ်ကယ် ချစ်မြတ်နိုးသူဟုတ်မဟုတ်ကို ရွေးထုတ်ကြ ရပါလိမ့်မည်။ ချစ်မြတ်နိုးသူတွေကို နိုင်ငံအာဏာပေးကြရပါလိမ့်မည်။
အမျိုးဘာသာ သာသနာကို မစောင့်ရှောက်မည့်သူ ဖျက်ဆီးမည့်သူကို သိကြရပါလိမ့်မည်။ သိအောင်လုပ်ကြ ရပါလိမ့်မည်။ မိမိတို့၏ အမျိုးဘာသာ သာသနာကို မစောင့်သူ ဖျက်ဆီးသူကို နိုင်ငံတော်နှင့် စပ်သော အရာဌာနဟူသမျှကို နေရာမပေးမိဖို့ အထူးလိုအပ်ပါသည်။ ထိုသူတို့၏ နေရာယူစိုးမိုးချယ်လှယ်၍ သာသနာတော်ကို အဖျက်မခံရအောင် သတိပြုကြရပါလိမ့်မည်။
မြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်၍ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်သူ နိုင်ငံနှင့် လူမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူကိုသာလျှင် နိုင်ငံ့အာဏာကို အပ်နိုင်အောင် သိကြရပါလိမ့်မည်။ သိသည်အလျောက် ရွေးချယ်ပေးကြရပါလိမ့်မည်။ ဒါကို နိုင်ငံရေးစည်းရုံးတယ်လို့ မထင်ကြနှင့်၊ နိုင်ငံနှင့် လူမျိုး ဘာသာ သာသနာ ဖျက်မည့်သူကို မသိလို့ရှိရင် သူခိုးဓားရိုးကမ်းဖြစ်သွားခဲ့လျှင် ဗုဒ္ဓဘာသာလည်းပျောက် လူမျိုးလည်းပျောက် မဖြစ်ရလေအောင် ကြပ်ကြပ်သတိထားကြပါလို့ ပြောခြင်းပါသည်။
နိုင်ငံနှင့် လူမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန်အတွက် တိုင်းရင်းသားမဟုတ်သူ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူ၊ တိုင်းရင်းသားမိသားစုစစ်စစ်၊ နိုင်ငံသားမိသားစုစစ်စစ်မဟုတ်သူကို ဆယ်အိမ်ခေါင်းမှစ၍ သမ္မတအထိ နိုင်ငံတော်၏ အရေးပါရာတို့၌ နေရာမပေးမိအောင် သတိထားကြရပါလိမ့်မည်။ လိုအပ်သော ဥပဒေများပြည့်စုံရေးအတွက် တာဝန်ရှိသူတို့အား တင်ပြတောင်းဆို သွားကြရမှာဖြစ်ပါသည်။ အမျိုးသားရေး အမြင်ရှိသော ပါတီနှင့် ပုဂ္ဂိုလ်ကို အားပေးချီးမြှောက်နိုင်ကြပါစေ၊ အမျိုးဘာသာ သာသနာကို စောင့်နိုင်ကြပါ စေဟု တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါသည် သူတော်ကောင်းအပေါင်းတို့……။
ရှင်မတောင်ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ