Daily Eleven လည်း သိက္ခာမရှိတဲ့ မီဒီယာကြီးပါပဲ။ ရဟန်းတစ်ပါးကို ထိုးနှက်ဖို့လောက်ပဲ သိလေတော့ ရဟန်းတစ်ပါးအကြောင်း ဘာမှမသိဘဲ ရမ်းသမ်းရေးမိတော့တာပေါ့။ ဦးပဉ္စင်းရဲ့ ဘဝဖြစ်စဉ်ကို “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” စာအုပ်မှာ အပြည့်အစုံရေးသားထားပါတယ်။
ဦးပဉ္စင်းက ကျောက်ဆည်မြို့၊ ဆေးရုံကြီးမှာ မွေးတာပါ။ ဦးပဉ္စင်းမိဘတွေက ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်မှာ နေပါတယ်။ ကျောက်ဆည်ခရိုင် မြို့နယ်တစ်ခုခုက တောသားမဟုတ်ပါဘူး။
တရားပွဲအပြီး၌ ပဋိပက္ခဖြစ်ပွားခဲ့သည်ဆိုတာလည်း မဟုတ်ပါဘူး။
တရားဟောတာက တော်သလင်းလပြည့်(10.9.2003) နေ့မှာပါ။
ပြဿနာဖြစ်တာက သီတင်းကျွတ်လကွယ်(18.10.2003)နေ့ပါ။
တစ်လကျော်ကွာပါတယ်။
၂၀၁၀မှာ လွတ်တာလည်းမဟုတ်ပါဘူး။
၂၀၁၂မှာ လွတ်တာပါ။
၂၀၁၁ မှာ ဦးပဉ္စင်းရဲ့ တရားတွေ အင်တာနက်မှာ ပျံ့နှံ့လာခဲ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။ (ထောင်မလွတ် သေးလို့ပါ။)
၁၉၈၈ တုန်းကလည်း ကျောက်ဆည်မြို့မှာ ခေါင်းဆောင်တစ်ပါးအဖြစ် အရေးတော်ပုံ ပါဝင်ခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးထဲက ဗျူဟာတွေဟာ ဦးပဉ္စင်းထောင်ထဲမှာ ရေးခဲ့တဲ့ “သင်္ကန်းဖြူစာတမ်း” ပါ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မပွင့်လင်းကြလို့ ဦးဇင်းလက်ရာမှန်းလူတွေ မသိကြတာပါ။
တစ်ခြားသူတွေမှာ ကဗျာလေးတစ်ပုဒ်နှင့် ဆုတွေရရှိခဲ့ကြပေမယ့် ဦးပဉ္စင်းကတော့ ရွှေဝါရောင်မြစ်ဖျားခံရာ စာတမ်းတစ်ခုလုံး ရေးတာတောင် ဘာဆုမှ မရခဲ့ပါဘူး။
ရွှေဝါရောင် အိုင်ဒီယာကို ဦးပဉ္စင်းဆီက ရတယ်ဆိုတာကိုလည်း နိုင်ငံရေးသမားတွေက ဖုန်းကွယ်ထားခဲ့ ကြပါတယ်။
ဦးပဉ္စင်းကို ည(ည)ပုဒ်မအရ နိုင်ကျဉ်းစာရင်းသွင်းထားပေမယ့် ဦးပဉ္စင်းရဲ့ ခွဲတမ်းကို နိုင်ငံရေးသမားတွေကပဲ ကတုံးပေါ်ထိပ်ကွက်သွားကြတာပါ။ နိုင်ငံတကာက လှူဒါန်းတဲ့ နိုင်ကျဉ်းထောက်ပံ့ငွေတွေ တစ်ပြားမှ မရရှိခဲ့ ဖူးပါဘူး။
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတွေနှင့် ရပ်တည်မှု မကွဲပြားခဲ့ပါဘူး။ တစ်သားတည်းဖြစ်ခဲ့ပါ တယ်။
အခုနောက်ပိုင်းမှာမှ ရပ်တည်ချက်ကွဲပြားသွားခဲ့တာပါ။ ရွှေဝါရောင်တွေက လုပ်စားတွေဖြစ်သွားလို့ပါ။
ကုလားစပွန်ဆာတွေယူထားလို့ပါ။ (လာဘ်ထိုးသူကိုယ်တိုင်က ပြောဖူးတာပါ။ သူကလည်း ရှင်းရဲပါတယ်။)
အနေအထိုင်၊ အရည်အချင်း၊ စိတ်နေစိတ်ထား၊ ခံယူချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက် စတာတွေကိုကြည့်ရင် ရွှေဝါရောင်တစ်ဖွဲ့လုံးဟာ ယုံကြည်စိတ်ချရတဲ့ သိက္ခာသမာဓိတွေ မပြည့်စုံကြပါဘူး။
သူတို့ရပ်တည်ချက်ကလည်း တိုင်းပြည်အတွက်၊ ဦးပဉ္စင်းရပ်တည်ချက်ကလည်း တိုင်းပြည်အတွက် ဖြစ်တာကြောင့် ပန်းတိုင်ချင်းတူနေလို့ သူတို့ကို ကန့်ကွက်တာတွေ၊ ဆန့်ကျင်တာတွေ မလုပ်ခဲ့ပါဘူး။ ထောက်ခံ အားပေးခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ကတော့ ဦးပဉ္စင်းအပေါ် “ငါနှင့်မတူ ငါ့ရန်သူ” သဘောမျိုး ကျင့်သုံးလာခဲ့ပါတယ်။
နိုင်ငံရေးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်။
အမျိုးသားရေးက တစ်မျိုးသားလုံး လုံခြုံရေးအတွက် ဘယ်အရာကမှ အကျိုးမယုတ်စေပါဘူး။
ဒါကိုပဲ သူတို့က သူတို့အလုပ်ပဲ အရေးကြီးတယ်။ ကျန်တာတွေ မလိုအပ်ဘူး လုပ်လာတာပါ။
ယခုလက်ရှိ ရွှေဝါရောင်ကိုယ်တော်တွေက စပွန်ဆာကြောင့် မျက်နှာလိုက်တတ်ကြပေမယ့် ဝီရသူကတော့ ပြည်သူ့အပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပါဘူး။ နောင်လည်း သစ္စာဖောက်မှာမဟုတ်ပါဘူး။
ဝီရသူက စားစရာမရှိလို့ နိုင်ငံရေးလုပ်စားနေတာမှ မဟုတ်တာ။
(ဆက်ရန်ရှိသေးသည်။)
ဝီရသူ(မစိုးရိမ်)
25.1.2015
PM 4:58
(21.1.2015 Daily Eleven သတင်းစာ ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================
“မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်”
မစိုးရိမ်တိုက်သစ် နာယကဆရာတော် အရှင်ဝီရသူသည် ၁၉၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့သူ တစ်ဦးဖြစ်ပြီး မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ဇာတိဖြစ်သည်။ အသက် ၁၄ နှစ် အရွယ်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စတင်ပြီး အမျိုးသားရေးတရားများ စတင်ဟောကြားကာ ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်းက ကျောက်ဆည်မြို့၌ အရှင်ဝီရသူ၏ တရားပွဲတစ်ပွဲ ပြုလုပ်ခဲ့ပြီး တရားပွဲအပြီး၌ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း အရှင်ဝီရသူကို ဖမ်းဆီးခဲ့ကာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်ချိမှုအပြင် အခြားအမှုများဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ၂၀၁၁ ခုနှစ်အတွင်း အရှင်ဝီရသူ၏ ဟောကြားချက်များ အင်တာနက် စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့သည်။
ထိုအချိန်နောက်ပိုင်း အရှင်ဝီရသူ၏ ဟောကြားချက်များ ပိုမိုပျံ့နှံ့လာခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် အပြင်းထန်ဆုံး ဖြစ်လာသည်။ ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင်ဆရာတော်အဖြစ် လူသိများ ထင်ရှားလာသည့်အပြင် အရှင်ဝီရသူ၏ တရားပွဲများက ဗုဒ္ဓဘာသာဝင်များကို သွေးဆူစေသော ဖြစ်ရပ်များ ပေါ်ပေါက်စေသည်ဟူသော စွပ်စွဲမှုများ ရှိလာခဲ့သည်။
အမျိုးသားရေး ခေါင်းစဉ်ဖြင့် ဟောကြားမှုများ ပြုလုပ်လာခဲ့သော အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
လက်ရှိအချိန်တွင် ၉၆၉ လှုပ်ရှားမှုများ နေရာ၌ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စရပ်က ပိုမိုနေရာယူလာခဲ့ပြီး အဆိုပါ အမျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး တိုက်တွန်းချက်များနှင့် စပ်လျဉ်းသော အဆိုပြုချက်များကို အရှင်ဝီရသူက၂၀၁၂ ခုနှစ်နောက်ပိုင်း ပိုမိုပြုလုပ်ခဲ့သည်။