Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်သူ့အစေခံ အဖြေမှန်ရေး(၁၇)”

$
0
0
(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အမှတ်(၉)အထည်စက်ရုံ၊ (စွပ်ကျယ်စက်ရုံ)ကို 1.6.2014 ရက်နေ့မှာ Marjalin တရုတ်ကုမ္ပဏီ သို့ လွှဲအပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ စက်ရုံအလုပ်သမားတွေကို ဝန်ထမ်းနှင့်မသက်ဆိုင်တဲ့ ပန်းရံ-လက်သမား မြေတူးသမား အလုပ်တွေ ခိုင်းစေခဲ့တာဟာ 5.12.2014 ရက်နေ့မှာ ယနေ့အထိပဲ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေက 26.12.2014 အလုပ်ကြမ်းတွေ မလုပ်နိုင်ကြောင်း တင်ပြလာတဲ့အခါ အလုပ်သမား ခေါင်းဆောင်သုံးဦးကို ပွင့်ဖြူနှင့်ပခုက္ကူသို့ ပြောင်းရွှေ့ပစ်လိုက်ပါတယ်။
မင်းတို့ဝန်ထမ်းတွေ ငါတို့ခိုင်းတာမလုပ်နိုင်ရင် အခုလိုပဲ ပြောင်းရွှေ့ခံရမယ်လို့ စက်ရုံမှူး ဗိုလ်မှူးထွန်းဝင်းက ခြိမ်းခြောက်ထားလို့ မဆလာသယ်တာ မြေတူးတာ အုတ်ခဲသယ်တာတွေ မလုပ်ချင်ဘဲ လုပ်နေရပါတယ်။
ဦးဇ်ာမင်းသန်း(မူဆလင်)အလုပ်ရုံစုမှူးက တရုတ်ရဲ့လက်ထောက်လိုလို အလုပ်သမားခေါင်းလိုလိုနှင့် မြန်မာလုပ်သားတွေကို အနီးကပ်ခိုင်းစေတာဖြစ်ပါတယ်။
ကျောက်ဆည် စွပ်ကျယ်စက်ရုံမှာ အလုပ်သမား ၃၅၀ ကျော်ရှိရာ ပန်းရံ-လက်သမား-မြေသယ် အလုပ်များကို ဆယ်ယောက်တစ်တွဲအလှည့်ကျ လုပ်နေရတာဖြစ်ပါတယ်။
အလုပ်သမားခေါင်းဆောင် (၇)ယောက်ထဲမှ
ကိုဉာဏ်သင်းအောင်(ဥက္ကဋ္ဌ)
ကိုဇော်မင်း(အတွင်းရေးမှူး)
ကိုသက်လှိုင်ဝင်း(EC)တို့ကို အမှတ်(၄)(၅)စက်ရုံတို့သို့ ပြောင်းရွှေ့ပစ်လိုက်တာပဲ ဖြစ်ပါတယ်။
အားလုံးဟာ ကျောက်ဆည်ဇာတိဖြစ်နေလို့ အမှတ်၎(မကွေးတိုင်း ပင့်ဖြူ)စက်ရုံမှာနေရတဲ့ ကိုဉာဏ်သင်းအောင် နှင့် ကိုဇော်မင်းရော အမှတ်(၅)ပခုက္ကူစက်ရုံရောက်သွားတဲ့ ကိုသက်လှိုင်းဝင်းကပါ မိသားစုရှိရာ ကျောက်ဆည် သို့ ပြန်လာချင်နေတာဖြစ်ပါတယ်။
ပြောင်းရွှေ့ခွင့် စာရင်းတင်ထားတဲ့ အလုပ်သမား ၁၀၀ ကျော်ကို ပြောင်းရွှေ့ခွင့်မပေးဘဲ ပြောင်းရွှေ့ခွင့်မတင်တဲ့ အလုပ်သမားခေါင်းဆောင်သုံးဦးကို နယ်နှင်ဒဏ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ် ကုလား စစ်သား သုံးဦးသားပေါင်းပြီး လုပ်သားပြည်သူတွေကို မဟုတ်တရုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ ကလိမ်ကကျစ်လုပ်နေကြတာ ဖြစ်ပါတယ်။ ကောက်ကျစ် ညစ်ပတ်နေတာ ဖြစ်ပါတယ်။
အမှတ်(၉)အထည်ချုပ်(စွပ်ကျယ်)စက်ရုံဝန်ထမ်းများတောင်းဆိုထားသည်က
အဓမ္မအလုပ်ကြမ်းစေခိုင်းမှုရပ်တန့်ရေး-
အလုပ်သမားခေါင်းဆောင်များပြန်လည်ခေါ်ယူရေး-
စက်ရုံမှူးဗိုလ်မှူးထွန်းဝင်းကို အရေးယူရေး-ပဲ ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးချုပ်၊ သမ္မတတို့မှာ တာဝန်ရှိတာမို့ တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆို လိုက်ပါတယ်။
အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတာမျိုး မဖြစ်စေလိုလို့ပါ။
ဆက်သွယ်ရန်
ကိုဉာဏ်သင်းအောင်=09.256359259
ကိုဇော်မင်း=09.256249851
ကိုသက်လှိုင်ဝင်း=09.402688466
ဝီရသူ(မစိုးရိမ်)
25.1.2015

AM 10:24










Viewing all articles
Browse latest Browse all 2129

Trending Articles