Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရေနံချောင်း မဘသ နှစ်ပတ်လည် အခမ်းအနား”

$
0
0
19.1.2015 ရက်နေ့ မနက်အစောငါးနာရီ မနက်အစာစာ ဘုန်းပေးပြီး မန်းမြို့မှ ထွက်ခွါခဲ့ပါသည်။
ညက 1:30 နာရီမှ အိပ်ရာဝင်ခဲ့သော်လည်း ရေနံချောင်း မဘသက အားခဲထားသည့်ပွဲဖြစ်သောကြောင့် ကုန်းရုန်းထခဲ့ရပါသည်။
မနက် 8:00 နာရီခန့်မှာ သူကြီးအိမ် ထမင်းဆိုင်မှာ ခဏနားကြပါသည်။
မြို့တွင်းရောက်သည့်အခါ သာသနာ့အလံလေးများကိုင်ဆောင်၊ ဝှေ့ယမ်းကြိုဆိုနေကြသော၊ လက်အုပ်ချီ အရိုအသေပြုနေကြသော၊ ထိုင်၍ ရှိခိုးဦးချနေကြသော ပရိသတ်များကား အားရဖွယ်ကောင်းလှပေသည်။
ကနဦး စီစဉ်ထားသည်က ရွှေစေတီကျောင်းတိုက်မှာ ကျင်းပရန် ဖြစ်ပါသည်။
ကျောင်းဒကာ/မများ ဆွမ်းဒကာ/မများအမည်ခံ နိုင်ငံရေးမိသားစု လူဦးရေ ၁၆ ဦးက လက်မှတ်ထိုး၍ ကန့်ကွက် စာတင်သောကြောင့် နေရာရွှေ့လိုက်ရပါသည်။
လယ်ပေါ်ကျောင်းတိုက် ခန်းမကြီးမှာ ပြုလုပ်ခွင့်ရခဲ့ပါသည်။ သခင်ကိုယ်တော်မှိုင်းကြီးတို့ ဒို့ဗမာဘွဲ့ခံ ဒို့ဗမာ အစည်းအရုံးကြီး စည်းဝေးရာ ခန်းမကြီးမှာ ကျင်းပခွင့်ရကြ၍ ရေနံချောင်း မဘသ အဖွဲ့က ဂုဏ်ယူဝင့်ကြွား မဆုံးဖြစ်နေကြပါသည်။
ကျောက်စာရုံကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးကြပါသည်။ ဆွမ်းတစ်ဝိုင်းနှင့်တစ်ဝိုင်း လက်ရာမတူကြပါ။ မြို့သူ မြို့သားများ ကိုယ်စီကိုယ်စီ ချက်ယူကပ်လာကြသောကြောင့် ဖြစ်ပါသည်။ တောထမ်ငး တောဟင်း (တောဆွမ်းတောဟင်း)လေးများစားရသည်မှာ ထူးခြားလွန်းပါသည်။ မြို့သူ မြို့သားများ၏ သဒ္ဓါတရားဖြစ ပါသည်။
အခမ်းအနားအစီစဉ်မစမီ အော်ဒီရူးနံပါတ်ဖြင့် ဖုန်းမက်ဆေ့ဝင်လာပါသည်။ ဆဲရေးတိုင်းထွာစာ ဖြစ်ပါသည်။ နီးစပ်ရာကိုပြပြီး ဟာသနှောခဲ့ကြပါသည်။
ပရိသတ်က ဝင်လာမစဲ တစ်ဖွဲဖွဲဖြစ်နေသောကြောင့် မွန်းလွဲ 1:00 နာရီမှာ မကျင်းပဖြစ်တော့ပါ။ 1:30 နာရီရောက်မှသာ ကျင်းပနိုင်ခဲ့ပါသည်။
လယ်ပေါ်ဆရာတော်ကြီး၊ ရွှေစေတီဆရာတော်ကြီး၊ ရွှေဘုံသာဆရာတော်ကြီးများအပါအဝင် ဒေသခံဆရာ တော် သံဃာတော်များ စုံလင်စွာချီးမြှောက်ကြပါသည်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ စာရေးသူ၊ မစိုးရိမ်တိုက်ကြီး နိရုတ္တိ နယူပဒေသဆရာတော်ဘဒ္ဒန္တန္ဒာစက္ကာဘိဝံသတို့ အလှည့်ကျဟောပါသည်။
စာရေးသူအလှည့်မှာ တစ်နာရီသာသာကြာသွားပါသည်။ သုဘဒ္ဒါမိန်းကလေးအကြောင်း၊ ရှစ်ဦးကော်မတီ၊ မြတ်စွာဘုရား၊ ရဟန္တာငါးရာ၊ အနုရုဒ္ဓါမထေရ်တို့ မိန်းကလေးတစ်ယောက်တည်းကို ဝိုင်းဝန်းစောင့်ရှောက်ခဲ့ပုံ များ၊ သိကြားမင်းက စပွန်ဆာပေးပုံများ ဟောကြားပါသည်။
မြန်မာပြည်မှာ သုဘဒ္ဒါလို မိန်းကလေးပေါင်းများစွာရှိကြောင်း မဘသနှင့် အမျိုးစောင့်ဥပဒေဟာ ရှစ်ဦးကော်မတီ နှင့် ထပ်တူကျပြီး စူဠဘဒ္ဒါဝတ္ထုတရားတော်နှင့်ညီကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှ ကရင်တိုင်းရင်းသူ မခင်အေးမြင့် ဇာတ်လမ်းလေးကို အကျဉ်းချုံးဟောကြားခဲ့ပါသည်။
ရှေ့နေကြီး ဦးအေးပိုင် ဟောနေစဉ်မှာ ပြန်လာခဲ့ပါသည်။ ထိုအချိန်မှာ ညနေ ငါးနာရီထိုးလုပြီဖြစ်ပါသည်။
20.1.2015 7 Day သတင်းစာမှာပါလာမှ သံပုံးတီးတောထုတ်ကြကြောင်း သိရပါသည်။
သူတို့ သံပုံးတီးချိန်မှာ စာရေးသူတို့က မိတ္ထီလာသို့ပင် ရောက်ရှိနေပြီဖြစ်ပါသည်။
ပွဲစီစဉ်သူ ဦးဓမ္မသီရိကို ဖုန်းဆက်မေးရာ “သံပုံးတီးတာဟုတ်မှန်ကြောင်း၊ ရိုးရာအရ သူများတီးရင် လိုက်တီးလေ့ရှိကြောင်း၊ ဦးဆောင်တီးသူများက ခွပ်ဒေါင်းအလံခြုံ မွတ်ကုလားများဖြစ်ကြောင်း၊ ချောင်းကြား ရပ်ကွက်တစ်ခုတည်း အိမ်အချို့သာဖြစ်ကြောင်း” ပြန်ပြောမှ သိရပါတယ်။
စာရေးသူတို့ အခမ်းအနားမစခင်ကတည်းက FB မှာ တက်နေပါပြီ။ မကောင်းဆိုးဝါးတွေ ရောက်နေပြီ။ သံပုံးတီးပြ တောထုတ်ကြ တပ်လှန်ပမှုများကို စာရေးသူနှင့် သရဲပုံတွဲ၍ တင်ပြထားတာဖြစ်ပါတယ်။
ထူးခြားသည်မှာ မူဆလင်အမျိုးသမီးတစ်ဦး ဘုရ်ခါခြုံပြီး နားထောင်ကာ ဟောပြောချက်များကို ရေးမှတ် နေခြင်းပင် ဖြစ်ပါသည်။
ပွဲပြီးသည်အထိ နာယူပြီး ရှေ့နေကြီး ဦးအေးပိုင်နှင့် အမျိုးစောင့်ဥပဒေအကြောင်းများပင် လာရောက်ဆွေးနွေး သွားသည်ဟု သိရပါသည်။



























Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...