Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူကို ကမ္ဘာ့မီဒီယာများက အစွန်းရောက်ဘုန်းကြီးဟု သုံးနှုန်း”

$
0
0

အမျိုးသားရေးဝါဒီဖြစ်သည့် ဆရာတော် ဦးဝီရသူက ကုလလူ့အခွင့်အရေးဆိုင်ရာ  အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းကို နိုင်ငံတကာသတင်း မီဒီယာအချို့ကဦးဝီရသူကို အစွန်းရောက်ဘုန်းကြီးဟု သုံးနှုန်းဖော်ပြကြပြီး ထိုသို့ဖော်ပြသော မီဒီယာအချို့နှင့် ဦးဝီရသူအပေါ်တွင်ပါ ဝေဖန်မှုများထွက်ပေါ်နေသည်။
မစ္စစ်ရန်ဟီးလီက မျိုးစောင့်ဥပဒေကြမ်းလေးခုကို လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ရန်၊ ရိုဟင်ဂျာများ၏ အခွင့်အရေး ကာကွယ်မြှင့်တင်ရန် ပြောကြားခဲ့မှုများကြောင့် ဦးဝီရသူဦးဆောင်သည့် ရဟန်းရှင်လူ ၅၀၀ ခန့်က ရန်ကုန်မြို့တွင် မစ္စရန်ဟီးလီအားကန့်ကွက်သည့်ဆန္ဒဖော်ထုတ်ပွဲကို ဇန်န၀ါရီ ၁၆ ရက်၌ ပြုလုပ်ခဲ့သည်။
 ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ဦးဝီရသူက မစ္စစ်ရန်ဟီးလီအား ပြည့်တန်ဆာဟု ခိုင်းနှိုင်းပြောဆိုခဲ့ သည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် Asain Corres- pontent.com အပါအ၀င် ကမ္ဘာ့ သတင်းမီဒီယာအချို့က ဆရာ တော်ဦးဝီရသူကို အစွန်းရောက် ဘုန်းတော်ကြီးဟု ရေးသားဖော်ပြ လာခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါး၏ မဖွယ်ရာသော ပြုမူ ပြောဆိုမှုမှာ ကျန်ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအားလုံးနှင့် ဘာ သာကိုပါ ထိခိုက်စေနိုင်ပြီး နိုင်ငံ တကာအလယ်တွင် အရှက်ရဖွယ် ဖြစ်လာကြောင်း  လန်ဒန်ဆရာ တော် ဦးဥတ္တရကမိန့်ကြားသည်။

‘‘ဒီလိုပြောလိုက်တာကို ဦးဝီ ရသူလို့မြင်မှာ မဟုတ်ဘူး။ ဗုဒ္ဓ ဘာသာဝင် မြန်မာဘုန်းကြီးတွေ  စကားပြောရိုင်းတယ်။ ကြမ်းတယ်လို့ပဲ အားလုံးကို သိမ်းကျုံးမြင်မှာ ဖြစ်တယ်။ မြန်မာ့သံဃာတော် တွေထိခိုက်ရင် ကိုးကွယ်ရာဘာ သာကိုလည်း ထိခိုက်တာပဲ။ ဘာ သာကို ထိခိုက်ရင် ဒီဘာသာကို ကိုးကွယ်တဲ့ မြန်မာပြည်သူပြည် သားတွေလည်း ထိခိုက်တာပဲ။ လူတိုင်းမှာ မကြိုက်တာကို မကြိုက်ကြောင်း လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ရန်တွေ့သ လို ကြမ်းကြမ်းတမ်းတမ်းပြော တာကတော့ ဒီလိုကြမ်းတမ်းရိုင်း စိုင်းတဲ့ စကားကို သူ့(ဦးဝီရသူ) ကို ပြောမယ်ဆို သူကြိုက်ပါမ လား။ ကိုယ့်ဘာသာသာသနာကို သူများအထင်မြင်သေးမှာ တွေး တိုင်း ဘုန်းကြီးတို့ အတော်စိတ် မကောင်းဘူး’’ဟု ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
ဦးဝီရသူက အဆိုပါဆန္ဒပြပွဲတွင် မစ္စစ်ရန်ဟီးလီမှာမျိုးစောင့်ဥပဒေကို သေချာမလေ့လာဘဲ ပြည်တွင်းမှ လူ့အခွင့်အရေးလှုပ်ရှားသူများက တင်ပြတိုင်း လိုက်ကန့်ကွက်နေသဖြင့် အမျိုးကောင်းသမီးမဟုတ်ကြောင်း၊ ကုလထိုင်ခုံပေါ်ရောက်တိုင်း  လူကြီးလူ ကောင်းဟု မမှတ်သင့်ကြောင်း၊ ရန်ဟီးလီမှာ မြန်မာနိုင်ငံအတွက် ပြည်တန်ဆာပင်ဖြစ်ကြောင်း  မိန့်ကြားခဲ့ခြင်းဖြစ်သည်။
‘‘သူ့(ရန်ဟီးလီ)ကို ပြည့်တန်ဆာထက်ရင့်သီးတဲ့ အသုံးအနှုန်း ရှိရင် ဦးပဉ္စဇင်းက အဲ့ဒီ့စကားလုံးထက်တောင်မှသုံးနှုန်းလိုက်ချင်သေးတယ်။ ဦးပဉ္စဇင်းကအမျိုးဘာသာသာသနာအတွက်လုပ်နေတာ။ အဲဒီအတွက် အစွန်းရောက်လို့ ပြောလည်းခံနိုင်တယ်။ အကြမ်းဖက်သမားလို့ပြောလည်း လက်ခံတယ်။ သူ(ရန်ဟီးလီ)ကျူးလွန်တာနဲ့ စာရင်းဦးပဉ္စဇင်းကပြည့်တန်ဆာလို့ သုံးနှုန်းတာတောင် အားမရဘူး’’ဟု 7 Day Daily သို့ ဖုန်းမှ တစ်ဆင့်မိန့်ကြားသည်။
  ဗုဒ္ဓဘာသာမှာ အေးချမ်း သည့်ဘာသာဟု ကမ္ဘာက နား လည်လက်ခံထားပြီး ဗုဒ္ဓရဟန်း တော်များမှာ တင်းကျပ်သည့် ၀ိနည်းသိက္ခာစည်းကမ်းများဖြင့် နေရ၍  ဦးဝီရသူအနေဖြင့်  အမှန်တကယ်   ဘာသာသာသနာ ကို ကာကွယ်လိုပါက လူဝတ်လဲ လိုက်ခြင်းသာ အကောင်းဆုံးဖြစ် ကြောင်း လူငယ်ရေးရာလှုပ်ရှား နေသည့်   အရှေ့တောင်အာရှ ခေါင်းဆောင်မှုစွမ်းဆောင်ရည် အစီအစဉ်မှ ကိုသက်ဆွေဝင်းက ပြောသည်။ ထို့အပြင် ဆော်ဒီအလံကို ကားမှန်တွင် ကပ်ထားသည့် ပုဂ္ဂိုလ်အား ချက်ချင်းအရေးယူခဲ့ပြီး ယခုဦးဝီရသူမှာ ဘာသာရေးခေါင်းဆောင်အနေဖြင့် အဂါရ၀ဖြစ်စေသည့် အပြုအမူကို အကြိမ်ကြိမ်ကျူးလွန်နေခြင်းနှင့် ပတ်သက်၍ အရေးမယူသည့် အစိုးရကိုမေးခွန်းထုတ်ရတော့မည်ဖြစ်ကြောင်း  ၎င်းကပြောကြားသည်။
‘‘မြန်မာလူမျိုးတွေရဲ့ ဘုန်းကြီးရဟန်းတွေကို မဝေဖန်ရဲဘဲ မှန်မှန်မှားမှား နားထောင်ကြတဲ့ ဓလေ့ကို အခွင့်ကောင်းယူတယ် လို့မြင်တယ်။ သာသနာတကယ် ပြုတဲ့ သံဃာတော်တွေဟာ အဲဒီ လိုဘယ်တော့မှ မလုပ်ဘူး။ ဗုဒ္ဓရဲ့ မေတ္တာဝါဒနဲ့ လုံးဝဆန့်ကျင်တယ် လို့ ကျွန်တော်ယူဆတယ်’’ဟု ၎င်း ကပြောကြားသည်။
ထို့အပြင် ဇန်န၀ါရီ ၁၉ ရက် က ရေနံချောင်းမြို့တွင် ဦးဝီရသူ ကမျိုးစောင့်ဥပဒေအကြောင်း ဟောပြောပြီး ပြန်အကြွတွင် ဦးဝီရသူကို လက်မခံသော ဒေသခံအချို့က သံပုံးများသံပြိုင်တီးကာ ရိုးရာဓလေ့အတိုင်း တောထုတ်ဆန့်ကျင်မှုဖြစ်ပွားခဲ့သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်