Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဦးဝီရသူခေါင်းဆောင်၍ ဆန္ဒပြ”

$
0
0
ငြိမ်းချမ်း၊ ရန်ကုန်။
ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေးပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် ဆရာတော်ဦးဝီရသူဦးဆောင်၍ ရာနှင့်ချီသော် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ဇန်နဝါရီ ၁၆ ရက်နေ့လယ်၁နာရီခွဲတွင် ဆရာတော်ဦးဝီရသူဦးဆောင်သော ရာနှင့်ချီသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များသည် ကြေးသွန်းဘုရားမှစတင်၍ ဟစ်တိုင်သို့လမ်းလျှောက်ဆန္ဒပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ထားသည့် ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်ချက် ချခဲ့ပြီး မြန်မာအစိုးရထံတောင်းဆိုထားသည်။
မြန်မာနိုင်ငံ၏ အရေးကို ကုလသမဂ္ဂမှ ဝင်ရောက်ဆုံးဖြတ်ချက်ချသောကြောင့် လက်မခံလို၍ ကန့်ကွက် ဆန္ဒပြခြင်းဖြစ်ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
“ဦးပဉ္စင်းတို့တိုင်းပြည်ရဲ့ ကံကြမ္မာကို ဦးပဉ္စင်းတို့ ကိုယ်တိုင် ဖန်တီးချင်လို့ တခြားတခြားသော ပြင်ပကလူတွေ ဖန်တီးတာကို လုံးဝလက်မခံဘူး။ ကာကွယ်တဲ့သဘောပါ။ ယူအင်န်က နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရုံတင် မကဘဲ နိုင်ငံကိုယ်ပါ ဘင်္ဂါလီလက်ထဲ အပ်ခိုင်းနေတယ်ပေါ့နော်။ နိုင်ငံရဲ့ ကံကြမ္မာကို သူတို့စိတ်တိုင်းကျ ခြယ်လှယ်ဖန်တီးဖို့ လုပ်လာတာပေါ့။ အဲဒီတော့ ကုလသမဂ္ဂက သူတို့ရဲ့ ပဋိညာဉ်ကိုပါ ချိုးဖောက်နေလို့ ဦးပဉ္စင်းတို့ကလည်း ဆန္ဒထုတ်ဖော်ပြီး ကန့်ကွက်ရတာပေါ့” ဟု ဆရာတော်ဦးဝီရသူက 7 Day Daily အား မိန့်ကြားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီသည် ဇန်နဝါရီ ၇ ရက်က ရန်ကုန်သို့ရောက်ရှီလာခဲ့ပြီး ဇန်နဝါရီ ၈ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့သည်။
စစ်တွေမြို့သို့ ရောက်ရှိလာသော မစ္စစ်ရန်ဟီးလီကို စစ်တွေလေဆိပ်မှမြို့တွင်း မဝင်ရောက်ရန် ရဟန်းသံဃာ တော်များအပါအဝင် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့အရေးဟာ အင်ဒိုနီးရှားလို၊ မလေးရှားလို၊ အာဖဂန်နစ္စတန်လို ဖြစ်သွားနိုင်တယ်။ ရန်ဟီးလီကို ပြောချင်ပါတယ်။ ဒီဘင်္ဂါလီတွေကို သူတကယ်ချစ်ရင် သူ့နိုင်ငံကိုခေါ်သွားပါလို့” ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
ကုလသမဂ္ဂကိုကန့်ကွက်ဆန္ဒပြသောလူပုဂ္ဂိုလ်များသည် ဘန်ကီမွန်း၊ ရန်ဟီးလီအလိုမရှိ စာတန်းပါအင်္ကျီများကို ဝတ်ဆင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရာတွင် “နိုင်ငံမဲ့တွေကို ဂရုစိုက်ပြချင်တာနဲ့ နိုင်ငံရေးကို ခုတုံးမလုပ်ပါနဲ့။ မြန်မာပြည်တွင်းရေးပဋိပက္ခဖြစ်ပေါ်စေရန် ဖန်တီးနေသော ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အလိုမရှိ၊ တိုင်းရင်းသား၁၃၅မျိုးထပ်တိုးမည့်အကြံတို့လက်မခံ” စသည့် စာတန်းပါဗီနိုင်းများ ကိုင်ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...