စာရဲ့အဓိပ္ပါယ်က “အလ္လာရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာမရှိ။ မိုဟာမက်သာ အလ္လာရဲ့ တမန်တော်”လို့ ဆိုလိုပါတယ်။ အသံထွက်က “လာလီလာဟာ အီလာလာ၊ မိုရ်ဟာမက်ဒိုရာ သူလွယ်လာ” ဖြစ်ပါတယ်။
ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် ကိုယ့်ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိလို့ ယုံကြည်တတ်ကြပါတယ်။ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ (ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ)လို့ ယုံကြည်ကြတာပဲ မဟုတ်လား?။
ဒါကြောင့် စာကပြဿနာမဟုတ်ပါဘူး။ အောက်ခံအနက်ရောင်နှင့် ဓာကသာ ပြဿနာဖြစ်နေတာပါ။
အဲ့ဒီစာ အဲ့ဒီ အရောင် အလံကို JIHADDIST BLACK FLAG ဂျီဟဒ်ဝါဒီ အလံနက်လို့ သတ်မှတ်ကြပါတယ်။ အကြမ်းဖက်သမားတွေ အသုံးပြုတတ်ကြလို့ ကမ္ဘာဖျက်မည့် အလံနက်လို့ တခြားဘုရားကိုးကွယ်သူတွေကို သတ်မယ်လို့ ဆိုလိုရာရောက်တယ်။ အိုင်စစ်တွေဟာ ခရဇ်ယန်တွေကို တကယ်သတ်ခဲ့တယ်။
အခုလည်း ဒီစာ ဒီအရောင် ဒီဓားကို ကားမှာကပ်ထားတယ်ဆိုတော့ တစ်မြို့လုံးကို ခြိမ်းခြောက်ရာကျတာပေါ့။ ဒီလိုအလံ ဒီလိုကားတွေ ရန်ကုန်မှာ အများကြီးရှိတယ်လို့ သိရတယ်။ ဒါဆိုရင် အိုင်စစ်ကိုယ်ပွားတွေ ရန်ကုန်မှာ အများကြီးပဲပေါ့။
ဒီအန္တရယ်ကိုကြိုတင်ကာကွယ်သူတွေကိုတော့ အပြစ်ပြောကြတယ်။ ဒီလိုလူတွေကို ရှုတ်ချပေးပါဆိုတော့ မလှုပ်ကြဘူး။ ကားပိုင်ရှင်တွေထဲမှာ မင်းသမီး လိုင်လာခမ်းလည်း ပါဝင်တယ်ဆိုပဲ။ အခုကားပိုင်ရှင်ကတော့ တာမွေမြို့နယ်၊ ၁၉၅ လမ်း၊ အမှတ် ၄/၄ လွှာမှာ နေတဲ့ ချစ်ကိုကို ဖြစ်ပါတယ်။ ဆော်ဒီ မက္ကာ ဟာဂ်ျလုပ်ပြီး ပြန်လာတာမကြာသေးဘူး ဆိုပဲ။
(၁၅.၁.၂၀၁၅) ရက်နေ့ထုတ် Daily Eleven သတင်းကို ပူးတွတင်ပြလိုပ်ပါတယ်။
==================================================
IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့်ဆင်တူသည်ဟု ယူဆရသည့်စာတန်းကို ယဉ်တွင်တပ်ဆင်သွားလာနေသည့်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေ
IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့်စာတန်းကို ယာဉ်တွင်တပ်ဆင်ကာ သွားလာနေသည့်ပုံမှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်တစ်စီးမှာ IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့်စာတန်းအား ယာဉ်၏နောက်ကျောဘက်၌ကပ်ကာ ရန်ကုန်မြို့အတွင်း မောင်းနှင်နေသည့်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ညနေပိုင်းတွင် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့်စာတန်းအား ယာဉ်နောက်ကျောဘက်တွင်ကပ်ကာ မောင်းနှင်နေသည့် မော်တော်ယာဉ်မှာ ယာဉ်အမှတ် (YGN)41-1056 ဖြစ်ပြီး ၎င်းယာဉ်ကို တာမွေမြို့နယ် ၁၉၅ လမ်းရှိ နေအိမ်တစ်အိမ်တွင် တွေ့ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
“ဒီကားကို က.ည.န ရုံးနဲ့ မှတ်ပုံတင်ဌာနမှာ စုံစမ်းကြည့်တော့ တာမွေမြို့နယ်ကလို့ သိရတယ်။ ကားနဲ့ယာဉ်ပိုင်ရှင်ကိုလည်း တာမွေမြို့နယ်ထဲကပဲ ဖမ်းဆီးရမိတယ်။ လက်ရှိတော့ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ယာဉ်ထိန်းဥပဒေနဲ့ပဲ အမှုဖွင့်ထားပါတယ်။ အခုတော့ ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက်စစ်ဆေးနေပါတယ်။”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အရှေ့ပိုင်းခရိုင်ရဲတပ်မှူး ရဲမှူးကြီးမြင့်ထွေးက “ဘာကြောင့် ဒီလိုလုပ်လည်းဆိုတာ မသိရသေဘူး။ ယာဉ်နောက်ကျောမှာကပ်ထားတဲ့ စာတန်းရဲ့ အဓိပ္ပါယ်ကိုတော့ သေသေချာချာသိရအောင် စုံစမ်းနေတယ်။ လောလောဆယ် အတိအကျပြောပြလို့ မရသေးဘူး။”ဟု ဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် ပြောကြားသည်။
လက်ရှိတွင် ယာဉ်မောင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ယာဉ်ထိန်းဥပဒေဖြင့် အမှုဖွင့်ထားသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို ဇန်နဝါရီ ၁၄ ရက် ည ၁၀ နာရီခွဲခန့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့မေးမြန်းခဲ့သော်လည်း အသေးစိတ်မပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
အောင်ကျော်ထက်