Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တအောင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မြို့နယ်အဆင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အစည်း ပြီးစီးခြင်း”

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ဟာဆိုရင် အင်မတန်မှ ချမ်းသာတဲ့မြို့ဖြစ်ပါတယ်။ ချမ်းသာတယ်ဆိုတာ ရွှေငွေစသည် ပေါများခြင်းကို ဆိုလိုတာမဟုတ်ပါ။ ချမ်းအေးတဲ့နေရာမှ အင်မတန်မှ အေးတဲ့အတွက် အချမ်းသာလို့ ချမ်းသာတယ်လို့ ဆိုလိုတာပါ။ ရာသီဥတုက အေးချမ်းသလောက် နယ်မြေကတော့ မအေးချမ်းပါဘူး။ နမ့်ဆန်မြို့ မရောက်ခင်တစ်ရက်လောက်ကလဲ တိုက်ပွဲဖြစ်ပါတယ်။ မ.ဘ.သ ဖွဲ့တဲ့ နေ့မှာလဲ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲတွေ အလီလီဖြစ်နေတဲ့ကြားက မ.ဘ.သ ဖွဲ့စည်းရခြင်းဖြစ်လို့ တိုက်ပွဲကြားက သမိုင်းခေါ်သံလို့ ဆိုချင်ပါတယ်။ နမ့်ဆန်မြို့နယ် မ.ဘ.သ ဖွဲ့စည်းခြင်းကို
သာသနာတော်နှစ် ၂၅၅၈ခု၊
ကောဇာသက္ကရာဇ် ၁၃၇၆ ခု၊ ပြာသိုလပြည့်ကျော်(၇)ရက်(၁၁.၁.၂၀၁၅) တနင်္ဂနွေနေ့ နေ့လည် ၁-နာရီအချိန် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ (ဇယန်းကြီးဆိုတာ လူမျိုးရဲ့နာမည်ဖြစ်တယ်လို့ သိရှိရပါတယ်။ ဇယန်းကြီးလူမျိုး(၁၃)မျိုးရှိပြီး ပလောင်ဝ်လူမျိုးကို စတင်မွေးထုတ်ပေးလိုက်သော လူမျိုးစုများ ဖြစ်သည်ဟု လည်း သိရပါတယ်) ဇယန်းကြီးကျောင်းတိုက်၌ အခမ်းအနားအစီအစဉ်(၁၁)ရပ်ဖြင့် ကျင်းပခဲ့ပြီး ညနေ ၃-နာရီ အချိန်တွင် ပြီးစီးခဲ့ပါသည်။
အခမ်းအနားကို
နိုင်ငံတော်သြဝါဒစရိယ ဇယန်းကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍိစ္စ၊ နမ့်ဆန်မြို့နယ် သံဃနာယကအဖွဲ့ဝင် မန်လန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တအာဒိစ္စ၊ နမ့်ဆန်မြို့နယ် သံဃနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် အာရမ်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာရ၊ နမ့်ဆန်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော ဆောင် မြို့မဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရတို့က အမျိုးဘာသာ သာသနာရေးဆိုင်ရာ သြဝါဒအသီးသီးချီးမြှင့်တော်မူခြင်း၊
နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မ.ဘ.သ(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ပေးပို့အပ်သော သဝဏ်လွှာကို ဇယန်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသိရီမှ ဖတ်ကြားခြင်း၊
နမ့်ဆန်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သြဝါဒါစရိယဆရာတော်ဘုရားကြီးများ အလုပ်အမှုဆောင်အဖွဲ့များစာရင်းတို့ကို ထေရဝါဒ တောင်တန်းသာသနာပြု ဟိုလ်လတ်ဆရာတော် ဘဒ္ဒန္တဥက္ကံသမှ ဖတ်ကြားတင်သွင်းခြင်းနှင့် အတည်ပြုခြင်း၊
ဘဒ္ဒန္တအကုင်္ရမှ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ မူဝါဒတို့ကို အသေးစိတ် ရှင်းလင်းလျှောက်ထားခြင်းနှင့် တက်ရောက်လာကြသော ရဟန်း သီလရှင် လူပုဂ္ဂိုလ်များမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားခြင်း၊
ဘဒ္ဒန္တသုဇာတမှ မ.ဘ.သအဓိဋ္ဌာန်(၅)ချက်ကို သုံးကြိမ်တိုင်ပေးပြီး ဗုဒ္ဓသာသနံ စိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
















Viewing all articles
Browse latest Browse all 2129

Trending Articles