Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ၏ မြောက်ဥက္ကလာတရားပွဲ”

$
0
0


25.4.2014 ည 10:30 နာရီ မြောက်ဥက္ကလာမြို့နယ်၊ (ဌ)ရပ်ကွက်၊ ဆဒ္ဒန်လမ်းမိသားစု၊ ရာစု(၁၃) ဗုဒ္ဓဟူးဆွမ်းပတ်၊ ပထမအကြိမ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အထူးတရားပွဲမှာဟောကြားသည်။
ထူးခြားတဲ့တရားပွဲတစ်ခုပါ။ ည 7:30 ကတည်းက ရောက်ရှိနေကြတဲ့ ပရိသတ်ကြီးက ဇွဲကြီးစွာနဲ့ စောင့်နေကြတာပါ။ ဒလမြို့မှ 9:30 နာရီထွက်လာရာ 10:30 နာရီမှ မြောက်ဥက္ကလာကိုရောက်ပါတယ်။
နှစ်ပွဲဆက်နေလို့ တစ်နာရီလောက်ပဲ ဟောကြားနိုင်ခဲ့ပါတယ်။
မျိုးချစ်ဗုဒ္ဓဘာသာအသင်းရော အနာဂတ်အလင်းအဖွဲ့ကပါ လုံခြုံရေးတာဝန်ယူကြပါတယ်။ ဒလမြို့ထိလိုက်လံ စောင့်ရှောက်ကြတာပါ။
ချစ်သူပေါသလောက် ချဉ်သူများလွန်းတဲ့ မိမိဘဝရဲ့ ရပ်တည်မှုက ပုဂ္ဂိုလ်ရေးကိုးကွယ်လွန်းသူတွေရဲ့ သံသယ မှတ်တိုင်ကြီးဖြစ်နေသလို မဟုတ်မတရားလုပ်သူတွေရဲ့ နှုတ်ခမ်းစူ ငြူဆူရာ အမုန်းဂေဟာကြီးဖြစ်နေတော့ တာပါ။
သိက္ခာခြုံရင် လိပ်ပြာလုံပါတယ်။
မိမိမှာ ဝိနည်းသိက္ခာတင်မကဘဲ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးသမာဓိလည်း အပြည့်ရှိနေတာပဲ မဟုတ်လား….?
ပြည်သူ့စပွန်ဆာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဗျာ။
“ယုံကြည်မြတ်နိုး ၉၆၉ တရားတော်”
ပထမ ကိုးဟာဘုရားဂုဏ်ပဲကွဲ့
ရွတ်ဆိုလိုက်တိုင်း ကြည်ညိုဖွယ်။
ဘေးရန်ကင်းကွာချမ်းသာရေးမို့
ဘုရားဂုဏ်ကို ပွားများမယ်။
ဒုတိယခြောက်ဟာ တရားဂုဏ်ပဲကွဲ့။
ရွတ်ဆိုလိုက်တိုင်း ကြည်လင်ဖွယ်။
ဘေးရန်ကင်းကွာ ချမ်းသာရေးမို့
တရားဂုဏ်ကို ကျင့်သုံးမယ်။
တတိယကိုးဟာ သံဃာ့ဂုဏ်ပဲကွဲ့
ရွတ်ဆိုလိုက်တိုင်း ကြည်နူးဖွယ်။
ဘေးရန်ကင်းကွာ ချမ်းသာရေးမို့
သံဃာ့ဂုဏ်ကို ပူဇော်မယ်။


Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း