6.1.2015 ည 8:00 သင်္ဃန်းကျွန်းမြို့နယ်၊ (က)၅၄ရပ်ကွက်၊ ဇေယျသုခလမ်းသွယ်(၃)၊ ရတနာသိင်္ဂီခရမ်း စာသင်တိုက်၊ မုဒိတာပရဟိတနာရေးကူညီမှုအသင်း၊ ဓမ္မသဘင်မှာ ဟောကြားသည်။
“အမှန်တရား မသေဆုံးမီ တရားတော်”
အမှန်တရားသေဆုံးပြီ
ကြောင်းကျိုးက မညီ။
သူတော်ကောင်းတွေ မျက်ရည်ကျ
လူမိုက်ကောင်းစားကြ။
သကြားမင်းက ကယ်တင်ရှင်
လူမိုက်စိတ်ကောင်းဝင်
သူတော်ကောင်းတွေဘေးရန်ပ
လောကငြိမ်းချမ်းရ။
အမှန်တရားမသေဆုံးမီ
ကြောင်းကျိုးညှိရမည်
အမျိုးဘာသာ လုံခြုံရေး
လက်တွဲညီညာတောင့်ထားပေး။
ဝိပါက်ဟူသည် ကြာမရှည်ခင်
ပြန်လည်တတ်မျိုး မကောင်းကျိုးဖြင့်
နောက်ပိုးလိုက်တတ်၊ သူ့ကိုဖျက်က
ကိုယ်ပျက်တတ်စွာ ဤလူ့ရွာဝယ်
ဓမ္မတာအရိုး၊ ပမာနိုးမူ
ခါးမျိုးချိုးမျိုး စေ့စိုက်ပျိုးက
ထိုမျိုးအလား အခြားတူပြီး
ခါးချိုသီးသို့ သားကြီးမင်းပျို
မှတ်ပိုက်သိုလော့။
(မဃ။ ၂၄၆)