Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ လွှတ်တော်၊ အာဏာပိုင်အထိ ဝင်ရောက် ဆွေးနွေးလာခြင်းသည် ခေတ်အဆက်ဆက် အစိုးရ၏ အာဏာရူးခဲ့သောကြောင့် ဖြစ်”

$
0
0


ရခိုင်ပြည်နယ်ရှိ တိုင်းတစ်ပါးသားဘင်္ဂါလီများသည် ပြည်သူ့လွှတ်တော် အာဏာပိုင်အထိ ဝင်ရောက် ဆွေးနွေး ခွင့်ရလာခြင်းသည် ခေတ်အဆက်ဆက်အစိုးရ၏ အာဏာရူးခဲ့သောကြောင့်ဖြစ်ကြောင်း ရခိုင်အမျိုးသားရေး လှုပ်ရှားသူမျိုးစောင့်သာကီ ဥက္ကဋ္ဌ ဦးကျော်စိန်ကဆိုသည်။
အခုလိုဖြစ်လာမှ လဝကတစ်ခုတည်းကို အပြစ်ပုံချလို့မရဘူး။ ဖဆလခေတ်မှာ ဝန်ကြီးချုပ်ဦးနုကရခိုင်ကို ဘင်္ဂါလီနဲ့မဲအနိုင်ရဖို့အတွက် လုပ်သွားတယ်။ စစ်တကောင်း ဘင်္ဂါလီတွေ မဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာပေါ် တောင်မပေါ်လာသေးဘူး။ ရှိကိုမရှိသေးတာ။ ဗိုလ်ချုပ်အောင်ကြီးကျတော့လည်း မူရာရစ်လက်နက်ချဖို့အတွက် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုသုံးခဲ့တယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲတဲ့အခါမှာလည်း ဘင်္ဂါလီတွေကို White Card တွေပေးပြီး ရခိုင်တွေရဲ့မဲကို အသာစီးရအောင်လုပ်ခဲ့တယ်။ ခေတ်အဆက်ဆက်မှားတယ်။ ပြဿနာကို လေ့လာတဲ့အခါ အဓိကကဘာလဲ အာဏာလိုချင်တဲ့အတွက် နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံသား အဖြစ် သွင်းခဲ့တယ် ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများ၏ အာဏာရူးခဲ့သောကြောင့် တိုင်းတစ်ပါးသားဘင်္ဂါလီများအား နိုင်ငံသားအဖြစ်သွင်းခဲ့ခြင်း၏နောက်ဆက်တွဲပြဿနာမှာ မြန်မာနိုင်ငံအတွက် အုပ်ချုပ်ရေးယန္တရားများတွင် ရင်လေးစရာတစ်ခုဖြစ်သည်။
White Card နဲ့လူတွေက ပြည်သူ့လွှတ်တော်ထဲရောက်နေတယ်။ ရွှေမောင်တို့ရှိတယ်။ ဂျော့ကီအာမတ်တို့ရှိ တယ်။ လွှတ်တော်ထဲမှာ ပြောခွင့် ဆိုခွင့်ရှိလာတယ်။ သူတို့က နိုင်ငံခြားသားလည်းမဟုတ်ဘူးဆိုတော့ နိုင်ငံခြား ကလာတဲ့သူတွေက ပြည်သူ့လွှတ်တော် အာဏာပိုင်အဖွဲ့အစည်းတွေအထိ မြန်မာနိုင်ငံရေးမှာ ပါဝင်ဆွေးနွေး တယ်ဆိုတော့ မြန်မာနိုင်ငံအတွက် အရမ်းအန္တရာယ်များတယ်ဟု ဦးကျော်စိန်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း White Card ကိုင်ဆောင်ထားသူ ဘင်္ဂါလီလူမျိုး၊  အသက်(၁၀)နှင့်(၁၈)ကြား ကျား ၉၈၇၉၄ နှင့် မ ၉၉၀၉၄ စုစုပေါင်း ၁၉၇၈၈၈ ရှိ၍ အသက်(၁၈)နှစ် အထက်ကျား ၂၂၆၁၂၇ နှင့် မ ၂၄၆၈၈၆ စုစုပေါင်း ဘင်္ဂါလီဦးရေ ၆၇၀၉၀၁ ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားခဲ့သည့် စာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် အကွက်ကျကျ ဖန်တီးနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် နောက်ကျမှုများနှင့် နစ်နာမှုများရရှိနိုင်ရုံမက ကမ္ဘာ့အလယ် ရခိုင်တိုင်းရင်းသား မြန်မာ နိုင်ငံသားများသည် မယဉ်ကျေးသည့် လူမျိုး အကြမ်းဖက်သည့်လူမျိုးဟု အထင်ခံနိုင်ရခိုင်ကြောင်း ရခိုင်ပြည် နယ်တွင် ဘင်္ဂါလီလူမျိုးများ၏ ဆူပူမှုများပြုလုပ်နေသည့်အပေါ်တွင် နိုင်ငံလေ့လာသုံးသပ်သူ ဦးစည်သူအောင် မြင့်ကဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအား တိကျစွာ ဆောင်ရွက်ခဲ့လဆင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ ဖြစ်လာနိုင်စရာအကြောင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော်လည်း ဥပဒေပါပုဒ်မများအား လုပ်ဆောင်ခြင်း အားနည်း ခြင်းသည် အစိုးရသာ ဖြစ်ကြောင်း နိုင်/ကျဉ်းကိုရဲမင်းဦးကဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် မြို့နယ်အလိုက်ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ချုပ်ငြိမ်းသွားစေရန် ရွှေဝါရောင်သံဃာ့ကွန်ရက်မှ ဦးဇင်းပြည့်ကျော်က အခု ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဦးဇင်းတို့အနေနဲ့ မလိုလားဘူး။ ဘာသာရေးကိစ္စဆိုတာ နည်းနည်းလေးတွေးရင် နည်းနည်းလေးဖြစ်မယ်။ ကြီးကြီးကျယ်ကျယ်တွေးရင် အချိန်မရွေးပေါက်ကွဲနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခကို မလိုလားတဲ့အဖွဲ့အစည်းတွေပေါင်းပြီး မြို့နယ်အလိုက် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေ လုပ်ရမယ်။ ဒီပြဿနာတွေက ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေတယ်။ ဒါကြောင့် မလိုလားဘူးဟု မိန့်ကြားသည်။
ကျွန်တော်တို့ နိုင်ငံရေးသမားတွေကိုကျတော့ ဖမ်းဆီးထောင်ချခဲ့ပြီး အရေးယူမှုတွေလုပ်တယ်။ ကိုယ့် နိုင်ငံအတွင်းကို ခိုးဝင်လာပြီးတော့ ပဋိပက္ခတွေ ဖန်တီးနေတဲ့သူတွေကိုကျတော့ အုပ်ချုပ်နိုင်မှုမရှိဘူး။ ဒါဟာ အစိုးရရဲ့ အုပ်ချုပ်မှုအပိုင်းမှာ အားနည်းနေပြီးတော့ မပြတ်သားတာကိုတွေ့ရတယ်ဟု မြန်မာ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်ကဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တိုင်းတစ်ပါးသား ဘင်္ဂါလီများ၏ ပဋိပက္ခ အကွက်ကျကျ ဖန်တီးနေမှုသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအား အမြင်မှားအောင်ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆရာတော် အရှင်ဦးပါမောက္ခက မိန့်ကြားသည်။
ဒုချီးရားတန်းရွာကို မီးရှို့တာဟာ မြန်မာနဲ့ဘင်္ဂါလီကို ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင်လုပ်တာထက် ဗုဒ္ဓဘာသာကို ကမ္ဘာပေါ်မှာ လူသတ် ဗလီမီးရှို့အကြမ်းဖက်တဲ့ဝါဒလို့ ဖြစ်အောင်လုပ်တာပဲ။ ကမ္ဘာပေါ်မှာ ၂၀၀၉ ခုနှစ်က ဗုဒ္ဓဘာသာဟာ ဘာသာရေးလေ့လာသုံးသပ်သူတွေရဲ့ မငြိမ်းချမ်းဆုံးဘာသာလို့ မှတ်ချက်ပေးတာဖြစ် တယ်။ ဒီပဋိပက္ခတွေ ဗုဒ္ဓဘာသာကိုအထင်အမြင်လွဲအောင်ပြုလုပ်နေတာဟာ နိုင်ငံတော်အာဏာပိုင်တွေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကနေ မျိုးစောင့်ဥပဒေကိုသာ အတည်ပြုပေးလိုက်မယ်ဆို ဒီလိုပဋိပက္ခတွေ အဖြစ်နည်းသွားမှာပါဟု ဆရာတော်က မိန့်သည်။
ဒုဋ္ဌဝတီ။
26.4.2014 ရက်နေ့ထုတ် သူရိယနေဝန်း အတွဲ(၁) အမှတ်(၂၆)မှ ကူးယူဖော်ပြသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles