မန္တလေး၊ ဇန်နဝါရီ ၎
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၄.၁.၂၀၁၅)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ဆ ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူး တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်ကြည်ကြည်မာ၊ ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး ဟောပြောပွဲတာဝန်ခံ အရှင်ဝိစိတ္တ၊ ဒေါ်ကြင်ကြင်မြိုင်တို့မှ စည်းကမ်းပိုင်းဆိုင်ရာများနှင့် မှတ်သားဖွယ်ရာ အသိပညာဗဟုသုတများကို အသီးသီးဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင်များအား စုဘူးငွေထုတ်ပေးခဲ့ရာ အသင်းဝင်(၇၇)ဦးတို့အား တစ်သိန်းကျပ်စီနှင့် (၇၆)ဦးတို့အား ငါးသောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် ပထမဦးဆုံး စုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့သည်ဟု သိရပါသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရပါသည်။
ယနေ့အချိန်တွင် ဆ ရပ်ကွက်၌အသင်းဝင်ဦးရေ (၂၀၈)ဦးအထိတိုးလာပြီး ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။
ဝီရခေမိန် (နဂါးစုဘူးသတင်းထောက်)
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)