နို့တိုက်မိခင်တွေလဲ လူ့အခွင့်အရေး ရသင့်သူတွေပါပဲ။
==========================================================
“မြို့လယ်၌ ကလေးနို့တိုက်မိသည့် အမျိုးသမီးကို IS ရဲတပ်ဖွဲ့က ဆူးသွားကိရိယာများဖြင့် နှိပ်စက်ခဲ့”
ဆီးရီးယားနိုင်ငံအတွင်း IS တို့ သိမ်းပိုက်ထားသော ရက်ကာမြို့တွင် အလယ်လ်ခန်ဆာဟု အမည်ရသည့် IS အမျိုးသမီးရဲတပ်ဖွဲ့က မြို့လယ်တွင် ကလေးနို့တိုက်နေသော မိခင်ကို ဖမ်းဆီးကာ ၄င်းအမျိုးသမီး၏ သားမြတ်နေရာကို ဆူးကိရိယာများဖြင့် နှိပ်စက်ခဲ့ကြကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ အဆိုပါ ဆူးသွားကိရိယာများမှာ ဝက်ဝံများအား ဖမ်းဆီးသည့် ဆူးသွားထောင်ချောက်ကိရိယာနှင့် ဆင်တူပြီး ရှားရီးယားဥပဒေနှင့်အညီမနေထိုင်သည့် အမျိုးသမီးမှန်သမျှကို အယ်လ်ခန်ဆာ အမျိုးသမီးရဲတပ်ဖွဲ့က ဖမ်းဆီး၍ အဆိုပါကိရိယာဖြင့် ရက်ရက်စက်စက် နှိပ်စက်နေခြင်းဖြစ်သည်။ အယ်လ်ခန်ဆာတပ်တွင် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးများသည် ၄င်းတို့၏ ဝတ်ရုံရှည်များအောက်၌ ဓားများ၊ သေနတ်များ ဝှက်၍ ရက်ကာမြို့ထဲ၌ လှည့်လည်သွားလာနေပြီး ဒေသခံအမျိုးသမီးများနှင့် ရောနှောနေသဖြင့် ၄င်းတို့အား သတိထားရှောင်ရှားသွားလာနိုင်ရန် ခက်ခဲလျက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။ အယ်လ်ခန် ဆာတပ်ဖွဲ့ဝင်များတွင် အများစုမှာ ဗြိတိန်မှ ဆီးရီးယားသို့ ရောက်ရှိလာသည့် IS အမျိုးသမီးတပ်ဖွဲ့ဝင် သစ်များဖြစ်သည်။ ဆူးသွားကိရိယာဖြင့် နှိပ်စက်သည်ကို ကိုယ်တိုင်ခံစားခဲ့ရသော အမျိုးသမီးတစ်ဦးက အယ်ခန်ဆာတို့ အသုံးပြုသည့် ဘိုက်တာဟု ခေါ်ဆိုကြောင်း ပြောပြခဲ့သည်။
မြို့ထဲ၌ သွားလာနေစဉ် အမျိုးသမီးအုပ်စုက ၄င်းကို ဝိုင်းဖမ်းကာနှိပ်စက်သည့် အခန်းတစ်ခန်းထဲသို့ ချုပ်နှောင်ခေါ်ဆောင်သွားပြီး ဝတ်ရုံကပါးလွှာသည့်အတွက် အပြစ်ရှိသည်ဟုဆိုကာ နှိပ်စက်ခဲ့ကြသည်ဟု နှိပ်စက်ခံရသည့် အတွေ့အကြုံကို ပြောပြခဲ့သည်။ အယ်ခန်ဆာတပ်၌ တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးများသည် တစ်ဦးလျှင် လစာ ၁၅၅ ဒေါ်လာခန့်ရရှိနေပြီး အနက်ရောင်ဖိနပ်ဝတ်ဆင်မထားသူ၊ မျက်နှာခြုံပဝါစပါးလွှာသူ စသည့် ရှားရီးယားဥပဒေနှင့်အညီ မနေထိုင်သူ အမျိုးသမီးများကို ရက်ရက်စက်စက် နှိပ်စက်နေသူများဖြစ်ကာ IS အဖွဲ့၏ ကြောက်မက်ဖွယ်အကောင်းဆုံး အဖွဲ့ဝင်များဖြစ်လာခဲ့သည်။
(DM.5.1.15) သံသာ