(ပုဂ္ဂိုလ်ရေးဆန်သော အပိုဒ်ကို ချန်လှပ်ထားပါသည်။)
==========================================================
ဆရာတော်ဦးဝီရသူ
ရိုသေစွာ အကြံပေးတင်ပြပါသည်။
မဘသ ကတောင်းဆိုသော အမျိုးစောင့်ဥပဒေကို နိုင်ငံတော်က ပြဋ္ဌာန်းရန် အခြေအနေကောင်းနေပါသည်။ ထိုအခြေအနေကောင်း မပျက်စီးရန်အတွက် မဘသနှင့် နိုင်ငံတော်အကြား ပဋိပက္ခဖြစ်စေမည့် နိုင်ငံရေး လှုပ်ရှားမှုဖြစ်သော လက်ပံတောင်းတောင် မြေသိမ်းကိစ္စ ထားဝယ်ရေနက်ဆိပ်ကမ်းမြေသိမ်းကိစ္စ မြန်မာပြည်အနှံ့မြေသိမ်းကိစ္စ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စ မီဒီယာများအား ထောင်ချခြင်း ကျောင်းသားများအား ထောင်ချခြင်းကိစ္စတို့တွင် အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွင် မဆောင်ရွက် ရန် မပါဝင်ရန် အရေးကြီးသည်။ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို ထိခိုက်မည် စိုးရိမ်သောကြောင့်ဖြစ်ပါသည်။
အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပြီးလျှင်တောင်မှ မဘသနှင့် ၉၆၉ အဖွဲ့သည် အစိုးရဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ခဲ့လျှင် အစိုးရသည် မဘသနှင့် ၉၆၉ အဖွဲ့အား ဘာသာရေးပဋိပက္ခ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်သည် ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက မဘသနှင့် ၉၆၉ အဖွဲ့အား ဖျက်သိမ်းခြင်းနှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း မဘသနှင့် ၉၆၉ လှုပ်ရှားမှု အားလုံး ပိတ်ပင်ခြင်း ပြုလုပ်မည် မှာ လုံးဝသေချာသည်။ သာကီသွေးဂျာနယ် အောင်ဇေယျတုဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်လိမ့်မည်။
မဘသနှင့် ၉၆၉ အဖွဲ့သည် အစိုးရဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှု မပြုလုပ်ဘဲ မဘသ လှုပ်ရှားမှု တခုတည်းကိုသာ ပြုလုပ်လျှင် အစိုးရက ခွင့်ပြုသည်။ ၁ နှစ်ကျော်ကြာမြင့်ခဲ့သော မဘသ နှင့် ၉၆၉ အဖွဲ့၏ လှုပ်ရှားမှုအားလုံးကို အစိုးရက အမြဲမှတ်တမ်းတင်စောင့်ကြည့်သော်လည်း အစိုးရက မတားမြစ် မပိတ်ပင်ခြင်း ၏ အဓိပ္ပါယ်မှာ နိုင်ငံတော်အစိုးရသည် မဘသနှင့် ၉၆၉ အဖွဲ့ကို သွယ်ဝိုက်အားပေးကူညီခြင်းဖြစ်သည်။
မဘသနှင့်၉၆၉ အဖွဲ့မရှိတော့လျှင် သာသနာတော်ကို ကာကွယ်မည့်အဖွဲ့ မရှိတော့ပါ။ မဘသနှင့် ၉၆၉ အဖွဲ့ ရေရှည်နှစ်ပေါင်းများစွာ တည်တံ့ရန်အတွက် အစိုးရဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုကို လုံးဝ မပြုလုပ်ပါနှင့်။
မိမိ၌ ကျည်ဆံတတောင့်တည်းရှိရာ ထိုကျည်ဆံတတောင့်တည်းဖြင့် ရန်သူ ၁၀ ယောက်ကို ထိမှန်အောင် ပစ်ရန်မဖြစ်နိုင်ပါ။ အရေးကြီးဆုံးရန်သူကို ရွေးချယ်၍ သေသေချာချာ ထိမှန်အောင် ပစ်ရမည်။
ခရစ်ယာန်နိုင်ငံများနှင့် မွတ်ဆလင်နိုင်ငံများကြား ဂျေရုဆလင်မြို့ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ ၁၀၉၅ ခုနှစ်မှ ၁၂၉၁ ခုနှစ်ထိ ခရူးဆိတ်စစ်ပွဲ ၁၉၆ နှစ်ကြာ စစ်ဖြစ်ရာ ၂ ဖက်လုံးမှ စစ်သား စုစုပေါင်း ၂ သန်းကျော်သေ၍ ၄သန်းကျော်ဒဏ်ရာရသည်။
ဘာသာရေး နိုင်ငံရေးစစ်ရေးဆက်နွယ်ကြောင်း သိနိုင်သည်။
၁၉၉၄ ခုနှစ်တွင် ခရစ်ယာန်နိုင်ငံဖြစ်သော ဥရောပတိုက်တောင်ပိုင်းရှိ ဆားဗီးယားနိုင်ငံကိုဆိုဗိုဒေသသို့ မွတ်ဆလင်များ တရားမဝင် ပြောင်းရွှေ့နေထိုင်သည်။ ဆားဗီးယားစစ်တပ်နှင့် မွတ်ဆလင်စစ်တပ်ကြား စစ်ဖြစ်ရာ UN စစ်တပ်က မွတ်ဆလင်စစ်တပ်ကို ဘက်လိုက်ကူညီသဖြင့် ဆားဗီးယားနိုင်ငံသည် ကိုဆိုဗိုဒေသ ဆုံးရှု့းသည်။ ယခုကိုဆိုဗိုအစ္စလာမ်မစ်နိုင်ငံသစ်ပေါ်ပေါက်လာပြီ။ ဘာသာရေးစစ်ရေးနိုင်ငံရေး ဆက်နွယ်ကြောင်း သိနိုင်သည်။
ယေရူခရစ်ပေါ်ပေါက်ချိန်မှစ၍ အနှစ် ၂၀၀၀ တွင်း ဂျူးလူမျိုးနှင့် အာရပ်လူမျိုးတို့၏ ဘာသာရေးကို အခြေခံသော စစ်ပွဲအကြိမ်များစွာ ဖြစ်ခဲ့သည်။ ၁၉၄၈ ၁၉၅၆ ၁၉၆၇ ၁၉၇၃ ခုနှစ်အတွင်း ဂျူးနိုင်ငံနှင့် အာရပ်နိုင်ငံများကြား ဘာသာရေးကို အခြေခံသောစစ်ပွဲ ၄ ကြိမ်ဖြစ်ရာ ဂျူးလူမျိုး သိန်းပေါင်းများစွာ သေသည်။ အာရပ်လူမျိုးများ ၃ ဆပိုမိုသေသည်။ ယခုခေတ် ဂျူးနိုင်ငံ၏ နူကလီးယားဗုံးတပ်ဆင်ထားသော ဒုံးကျည် ၃၀၀ ခန့်က မွတ်ဆလင်နိုင်ငံ မြို့ကြီးများကို တိကျစွာ ချိန်ရွယ်ထားပြီ။ အီရန်နိုင်ငံပိုင်သော နူကလီးယားစက်ရုံက အများဆုံးနောက်ထပ် ၃နှစ် မတိုင်မှီ ၂၀၁၈ ခုနှစ်မတိုင်မှီ နူကလီးယားဗုံးမြောက်မျြားစွာ ထုတ်နိုင်မည်ဟု ဥရောပနိုင်ငံများစွာကခန့်မှန်းသည်။ USA အကြမ်းဖက် တိုက်ခိုက်ခဲ့သော ဘင်လာဒင်အပါအဝင် အကြမ်းဖက်အဖွဲ့အားလုံးကို နောက်ကွယ်မှ ငွေအား လူအား ထောက်ပံ့သော ဆော်ဒီအာရေဗျဘုရင် အဗ္ဗဒူလာက ၂၀၁၃ ခုနှစ်အတွင်း အောက်ပါအတိုင်းပြောသည်။ “နူကလီးယားစက်ရုံဆောက်ပြီး နူကလီးယား ဗုံးမလုပ်ဘူးအဆင်သင့်လုပ်ပြီးသား နူကလီးယားဗုံးဝယ်မယ်” ငွေကြေးအလွန်အမင်လိုအပ်နေသော မြောက်ကိုရီးယား ပါကစ္စတန် ရုရှားတို့က နူကလီးယားဗုံးရောင်းချင်သည်။ ဂျူးနိုင်ငံနှင့် အာရပ်နိုင်ငံများကြား ဘာသာရေးကို အခြေခံသော နူကလီးယားစစ်ပွဲဖြစ်လာနိုင်သည်။ ဘာသာရေးစစ်ရေး နိုင်ငံရေး ဆက်နွယ်ကြောင်း သိနိုင်သည်။
ဗမာတိုင်းရင်းသားများအနက် ကရင်လူမျိုးသည် အဖွဲ့အစည်းတခုပေါ် သစ္စာခံမိလျှင် အခြားလူမျိုးထက် သစ္စာရှိသည်။ ရန်ကုန်မြို့ရှိ သံရုံးများက ထိုကိစ္စသိသဖြင့် ကရင်များကို ဝန်ထမ်းခန့်သည်။ ထိုကရင် အချင်းချင်းပင်လျှင် စစ်ပွဲများ၌ ကရင်အချင်းချင်း အသက်ပေးကာကွယ်သော်လည်း ဘာသာရေးကြောင့် ကရင်အချင်းချင်း သတ်ကုန်သည်။ ၁၉၉၄ ခုနှစ်တွင် ကရင်ပြည်နယ် သံလွင်မြစ်နှင့် သောင်းရင်းဖြစ်ဆုံရာ သုပွဲထတွင် ပြင်းထန်သော ဘာသာရေးပေါက်ကွဲမှုဖြစ်သည်။ ခရစ်ယာန်ဗိုချုပ်မြက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသုဇနအား သေမိန့်ပေးရာ ဗုဒ္ဓဘာသာကိုးကွယ်သော ကရင်များက ခုခံကာကွယ်သည်။ ၁၉၉၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ၂၀ နှစ်အတွင်း ခရစ်ယာန် KNU နှင့် ဗုဒ္ဓဘာသာ DKBA တို့ တိုက်ခိုက်ရာ နှစ်ဖက်လုံးမှ လူစုစုပေါင်း ၁သောင်းခန့် သေကြေဒဏ်ရာရသည်။ နောက်ထပ် နှစ် ၁၀၀ ကြာသည်အထိ KNU နှင့် DKBA တို့သည် လူပေါင်းသောင်းချီသေသည်ထိ တိုက်ခိုက်မည်မှာသေချာသည်။ ဘာသာရေးစစ်ရေး နိုင်ငံရေး ဆက်နွယ်ကြောင်း သိနိုင်သည်။
လူတစ်ဦးကိုယ်ရေးကိုယ်တာကိစ္စဆိုသည်မှာ ထိုလူ၏ ကျန်းမာရေး ပညာရေးအလုပ်အကိုင် စီးပွားရေး အိမ်ထောင်ရေး အနုပညာ အပြင် ထိုလူကိုးကွယ်ရာ ဘာသာရေးပါသည်။ ထိုလူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စအားလုံးကို ထိုလူတစ်ဦးတည်း၏ နိုင်ငံရေးဟုခေါ်သည်။ လူ ၅၀ သန်း၏ ကိုယ်ရေးကိုယ်တာကိစ္စကို လူသန်း ၅၀ ၏ နိုင်ငံရေးဟုခေါ်သည်။ ကိုယ်ရေးကိုယ်တာကိစ္စတွင် ဘာသာရေးပါဝင်သဖြင့် လူ ၅၀ သန်း၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော နိုင်ငံရေးတွင် ဘာသာရေးပါဝင်သည်။ နိုင်ငံရေးဟုဆိုသော မျက်နှာပြင် ၆ ဖက်ရှိ အန်စာတုံးတွင် ဘာသာရေးသည် မျက်နှာပြင်တဖက် အနေဖြင့်ပါဝင်သည်။ မဘသ သည် မဘသ လှုပ်ရှားမှု တခုတည်းသာ ပြုလုပ်လျှင် အစိုးရက ခွင့်ပြုသည်။ မဘသ သည် အစိုးရဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားမှုဖြစ်သော လယ်ယာမြေသိမ်းခြင်းကို ကန့်ကွက်ခြင်းကိစ္စ၊ ဒီမိုကရေစီကိစ္စ ဆောင်ရွက်ပြုလုပ်လျှင် မဘသ သည် ဘာသာရေးပဋိပက္ခဖြစ်အောင် ပြုလုပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အစိုးရက မဘသကို ဖျက်သိမ်းမည်။ နှစ်ရှည်ထောင်ဒဏ်ချမည်။