(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
ကုလားမက မတရားလုပ်တဲ့ အမှုတွဲပါ။
ဒေါ်သိန်းသိန်းလွင်က ဗမာ/ဗုဒ္ဓပါ။
လက်ရှိ အိမ်ဆိုင်လေးဖွင့်ထားတာ ၁၆ နှစ်ကျော်ခဲ့ပါပြီ။
ကလေး ၂ယောက်မိခင်ပါ။
သား သမီးတွေကြီးပြင်းလို့ ကိုယ့်အိုးကိုယ့်အိမ်နှင့်တောင် နေထိုင်နေကြပါပြီ။
ဒေါ်သိန်းသိန်းလွင်အမျိုးသားဆုံးပါးသွားတာလည်း ကြာပါပြီ။
ဆာရာဘီဆိုတဲ့ မွတ်ကုလားမက အဲဒီနေရာလေး သူပိုင်ပါတယ်ဆိုပြီး ဂရံအတုနှင့် တရားစွဲတာ ခရိုင်ရုံးမှာ အနိုင်ရရှိသွားပါတယ်။
တိုင်းကို ပြင်ဆင်ချက်တက်တော့ ဒေါ်သိန်းသိန်းလွင်က ပြန်နိုင်ပါတယ်။
နေပြည်တော်ရောက်တော့ ကုလားမက ပြန်နိုင်သွားပါတယ်။ အခုတော့ 6.1.2015 မှာ ဆိုင်ဖျက်ပေးရမယ်လို့ ဆိုလာပါတယ်။
အဲဒီမြေဟာ စည်ပင်မြေပါ။ ဒေါ်သိန်းသိန်းလွင်နေတဲ့ အိမ်ဆိုင်လေးနှင့် မွတ်ကုလားမအိမ်က အကွက်မတူပါဘူး။ မွတ်ကုလားမက မြေစာရင်းထံမှ ဝယ်ယူထားတာလို့ အကြောင်းပြပါတယ်။
မြေစာရင်းက မြေရောင်းခွင့် ရှိ/မရှိ။
ဂရံအတုနှင့် လုပ်ကြံတိုင်ချက်ကို နေပြည်တော်က ဘာကြောင့် အခုလို ဆုံးဖြတ်ရတာလဲ?
နှစ်ပေါင်းများစွာ နေထိုင်လာသူကို မြေပေါ်တောင် မချဘူးတဲ့သူက မြေပိုင်လုပ်တရားစွဲတဲ့ကိစ္စ
စတာတွေကို ပညာရှင်အပေါင်း ဝိုင်းဝန်းအဖြေရှာပေးကြပါအုံး။
လောလောဆယ်တော့ ဒေါ်သိန်းသိန်းလွင် မနစ်နာရအောင် ဘယ်သူ့မှာ တာဝန်ရှိသလဲ?
ဝိုင်းဝန်းကူညီကြပါဦးဗျာ။
(ဒေါ်သိန်းသိန်းလွင်၏ တိုင်စာ ပူးတွဲတင်ပြပါသည်။)
စုံစမ်းရန်
ဦးစန္ဒိမာ=09.402614044
နောင်တော်လေး=09.401601220
ဒေါ်သိန်းသိန်း=09.31331033
==========================================================
သို့
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်။
ရက်စွဲ။ ။ ၂.၁.၂၀၁၅
အကြောင်းအရာ။ ။ မြေဂရံ မမှန်မကန် လုပ်ယူ၍ ဖယ်ရှားမောင်းနှင်ရန် ဖိအားပေးဆောင်ရွက်နေမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားခြင်း။
အကြောင်းအရာပါကိစ္စရပ်နှင့် ပတ်သက်၍ ကျွန်မဒေါ်သိန်းသိန်းလွင်(၁၄/ကခန (နိုင်)၃၂၄၃၆၂) အောင်ကွမ်းယာဆိုင်၊ ရပ်ကွက်ကြီး(၄)၊ (၇)ကွက်၊ ပြင်ဦးလွင်မြို့တွင် နေထိုင်သူဖြစ်ပါသည်။ ကျွန်မဆိုင်ခန်း ဖွင့်ထားရာနေရာသည် ဦးစန်း ဥက္ကဋ္ဌ(ယခင်)မှ ကျွန်မယခင်ကွမ်းယာဆိုင်ဖွင့်ထားရာ နေရာမှာ လူကြီးလမ်း ကြောင်းနှင့် မလွတ်လပ်သဖြင့် ပြောင်းရွှေ့နေရာဖွင့်ရန် အကြံပြုခဲ့ရာမှ ဒူးလမ်းကြားမြေနေရာတွင် မည်သူ တစ်ဦးတစ်ယောက်မှ နေထိုင်ခြင်းမရှိသဖြင့် ရှင်းလင်းနေထိုင်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါမြေနေရာအား ဒေါ်ဆာရာဘိ(မွတ်စလင်)က ၄င်း၏ ဂရံပေါက်မြေဟုဆိုကာ ဖယ်ရှားပေးရန် ပြောဆိုလာခဲ့ပါသည်။ ကျွန်မတို့အနေဖြင့် ယခုဆိုင်လေးဖြင့် မိသားစု စီးပွားရေးအတွက် ရပ်တည်နေရခြင်း ဖြစ်ရာ လုံးဝဖယ်ရှားမပေးနိုင်ပါ။ ကျွန်မတို့ရောင်းချနေထိုင်လာခဲ့သည်မှာလည်း ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် ၁၄ နှစ်ကျော်ရှိပါပြီ။
သို့ဖြင့် ဒေါ်ဆာရာဘီတို့ဘက်မှ တရားလိုပြု၍ အမှုဖွင့်တိုင်ကြားခဲ့ရာ ပြင်ဦးလွင် ခရိုင်ရုံးမှ ခရိုင်တရားသူကြီး ဒေါ်ချစ်ချစ်မှ ဒေါ်ဆာရာဘီအား အနိုင်ပေးဆုံးဖြတ်လိုက်ပါသည်။
၎င်းတို့ဂရံရရှိထားမှုနှင့် ပတ်သက်၍ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြင်ဦးလွင် ခရိုင်ရုံးမှ စာအမှတ် (၄/၃၁-၃/ဦး ၁) ရက်စွဲ-၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားလာသည်မှာ ဒေါ်ဆာရာဘီအမည် ဖြင့် ၄၆၅/၀၂-၀၃ တွင် ချထားပေးခြင်းမရှိဘဲ ၄၆၅/၀၂-၀၃ တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(ဂ)၊ အကွက်အမှတ် (စီစီ)၊ ဦးပိုင်(၆၉)၊ ဧရိယာ(၀.၂၁) ဧကရှိမြေအား ဒေါ်ခင်မေဦးအမည်ဖြင့်သာ ဂရန်လျှောက် ထားခြင်းဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ ကျွန်မတို့အနေဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြင်ဆင်လျှောက်ထားခဲ့ရာ ပြင်ဦးလွင်ခရိုင်တရားရုံး၏ အမိန့်အားပလပ်လိုက်ပါသည်။ မူလနေထိုင်သူဖြစ်သော ကျွန်မတို့အား အနိုင်ပေးအပ်ခဲ့ပါသည်။
ဒေါ်ဆာရာဘီတို့ဘက်မှ နေပြည်တော် တရားရုံးချုပ်သို့ ထပ်ဆင့်အယူခံရာ ထိုတရားရုံးမှ ခရိုင်၏ အမိန့်အား အတည်ပြုချက်ယူ၍ ဒေါ်ဆာရာဘီအား အနိုင်ပေးပြန်ပါသည်။
ယခုအခါတွင် ဒေါ်ဆာရာဘီ(မွတ်စလင်)များဘက်မှ ငွေကြေးတတ်နိုင်သဖြင့် ပေးကမ်းဆောင်ရွက်ရာ လက်ရှိ အုပ်ချုပ်ရေးမှူး ရဲကိုကိုမှ ကျွန်မတို့အား(၆-၁-၂၀၁၅) ရက်နေ့ အပြီးဖယ်ရှားပေးရန် ပြောဆိုလာသည်။
အဆိုပါမမှန်မကန် ဂရံအတုပြုလုပ်မှုအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမြေစာရင်းဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ တင်ပြတိုင်ကြားခဲ့သော်လည်း မည်သို့မျှ ကူညီဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိခဲ့ပါ။
ကျွန်မတို့အနေဖြင့် လမ်းမြေဟောင်းပေါ်တွင် ရောင်းချနေထိုင်ခြင်းဖြစ်ပြီး စည်ပင်သာယာသို့ လစဉ်အခွန် (၈၀၀၀)ကျပ်ပေးသွင်း၍ လုပ်ကိုင်စားသောက်နေခဲ့ခြင်းဖြစ်ပါသည်။ ထိုကိစ္စအတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများမှ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြတိုင်ကြားအပ်ပါသည်။
(ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဂရန်အမည်ပေါက်သူအား ပြန်ကြားပေးရန်ကိစ္စ မိတ္တူအား ပူးတွဲပေးပို့ပါသည်။)
လေးစားစွာဖြင့်
ဒေါ်သိန်းသိန်းလွင်
၁၄/ကခန(နိုင်)၃၂၄၃၆၂
မိတ္တူကို-
ဆရာတော်ဦးဝီရသူ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး
ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရရုံး၊ မန္တလေးတိုင်းဒေသကြီး
အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြင်ဦးလွင်မြို့
အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့
လက်ခံ