Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သံဃာ့ပိတာ မိန့်မြွက်မှာ”

$
0
0
သီတဂူဆရာတော်ဘုရားကြီးဟာ  လက်ရှိသာသနာကို ဦးဆောင်နေတဲ့ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သံဃာ့ပိတာ ဆရာတော်တွေထဲက သံဃာ့ပိတာ တစ်ပါးပါ။
ရာဇောဝါဒသုတ်တန် တရားတော်၊ လူမိုက်တို့၏ သွားရာလမ်းတရားတော်တွေကို နားထောင်ဘူးသူတိုင်း ဆရာတော်ကြီးရဲ့ ရပ်တည်ချက်ကို သိရှီကြပြီးဖြစ်ပါတယ်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်အောင် သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်အောင် ပေါင်းကူသြဝါဒပေးခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးဖြစ်ခဲ့ပါတယ်။
၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၃ ခု ခနှဏ်ဆန်းပိုင်းတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လက်ပန်တောင်းတောင် သံဃာ့အရေးအခင်းကိစ္စ ရဲရဲတောက်သြဝါဒနှင့် အောင်ဆန်းတပ်ဦးသံဃာ့ညီလာခံ ရဲရဲတောက် မိန့်ခွန်းတွေကို ကြည့်ရင် ခေါင်းဆောင်ကောင်းပီသမှုကို တွေ့ရမှာပါ။ အခုလဲ မိန့်ကြားလိုက်ပါပြီ။ သမ္မတဦးသိန်းစိန်ကို နောက်ထပ် သက်တမ်းတစ်ခု ထမ်းဆောင်ခိုင်းသင့်ပါတယ်ဟုပဲ ဖြစ်ပါတယ်။
မှန်ပါတယ် ကလင်တန်လဲ သက်တမ်း ၂ကြိမ်၊ သားဂျော့ခ်ျဘုရှ်လဲ သက်တမ်း ၂ကြိမ်၊ အိုဘားမားလဲ သက်တမ်း ၂ကြိမ် ဖြစ်ပါတယ်။ စပ်ကူး မတ်ကူးကာလ တပ်ပျက် ဗိုလ်လုပ်နေရတဲ့အချိန်မှာ နိုင်ငံရေးလောကကြီးလွန်းသူ တွေရဲ့ လက်ညှိုးတွေဒဏ် ခံနေရလို့ အနာဂတ်ကို မကြည့်ဘူးဆိုရင် လုံလောက်တဲ့ အချိန်ကာလ မပေးဘူးဆိုရင် ခေါင်းဆောင်ကောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားသလို ခိုင်းကြည့်ပါ ခိုင်းမရမှ ကန်ချလိုက်ပါ။
1.1.2015 ရက်စွဲပါ ပြည်မြန်မာသတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။
==========================================================
“၁၉၄၈ နောက်ပိုင်းခေါင်းဆောင်များတွင် သမ္မတဦးသိန်းစိန်ကို အကြိုက်ဆုံးဖြစ်ပြီး နောက်ထပ်သက်တမ်း တစ်ခု ထမ်းဆောင်ခိုင်းသင့်ဟု အီရန်သို့မထွက်ခွာမီ သီတဂူဆရာတော်ကြီး မိန့်ကြား”
၁၉၄၈ နောက်ပိုင်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဆက်ဆက်တွင် လက်ရှိသမ္မတ ဦးသိန်းစိန်အား အကြိုက်ဆုံး ဖြစ်ပြီး လက်ရှိအစိုးရအား နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်တာဝန်ပေးသင့်ကြောင်း သီတဂူဆရာတော် ကြီး ဒေါက်တာအရှင်ဉာဏိဿရက ဒီဇင်ဘာ ၂၉ ရက်တွင် မိန့်ကြားလိုက်ကြောင်း သိရသည်။
ဆရာတော်ကြီး၏ ပထမဆုံး အီရန်ခရီးစဉ်အတွက် ရန်ကုန်လေဆိပ်မှမထွက်ခွာခင် ယင်းကဲ့သို့မိန့်ကြားလိုက် ခြင်းဖြစ်ကာ အီရန်ခရီးစဉ်အတွက် အများပြည်သူက စိုးရိမ်ကြသည်ကို ကြားသိရသော်လည်း ကိုယ်ပိုင် ယုံကြည်ချက်အရ မစိုးရိမ်ကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။ အီရန်နိုင်ငံ Teheran မြို့၌ Inter-religious Dialogue ဘာသာရေးဆိုင်ရာ အပြန်အလှန်နှီးနှောဖလှယ်ပွဲကို အီရန်နိုင်ငံနှင့် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ ဗုဒ္ဓဘာသာခေါင်းဆောင်များက ပူးတွဲကျင်းပကြခြင်းဖြစ်သည့်အတွက် ဘာသာတရားအရလည်း ကောင်း၊ လူမျိုးရေးအရလည်းကောင်း၊  နိုင်ငံချင်း ချစ်ကြည်ရေးအရလည်းကောင်း အိမ်ရှင်နိုင်ငံအနေဖြင့် သာမန်ထက်သတိပိုကြီးမည်ဟု ယုံကြည်ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။
“ပါကစ္စတန် ခရီးစဉ်တစ်ခုတုန်းကဆိုရင် တည်းတဲ့ဟိုတယ်ကနေ ဒီကနေ့ ပြန်လာတာနဲ့ နောက်နေ့မှာ ဗုံးကွဲ တယ်လေ။ ကိုယ့်ကိုယ်ကိုယ်တော့ Self Confidence ရှိတယ်လေ” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ၂၀၁၅ သမ္မတလောင်းအတွက် မေးမြန်းလျှောက်ထားရာတွင် “လက်ရှိအနေအထားအရ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကို အကြိုက်ဆုံးပဲ” ဟု ဆရာတော်ကြီးက မိန့်ကြား ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်နေရာအတွက် တစ်ဦးချင်းတည်ငြိမ်ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ်ကိုရှာဖွေကြည့်ရှု ရာတွင် အတော်ပင်ရှားပါးကြောင်း၊ ၁၉၄၈ ခုနှစ်မှ လက်ရှိကာလအထိ ခေါင်းဆောင်ပေါင်း ၁၂ ဦးခန့် ရှိကောင်းရှိခဲ့ရာ တွင် လက်ရှိသမ္မတဦးသိန်းစိန်က တည်ငြိမ်မှုရှိရှိဖြင့် အလုပ်လုပ်နေသည်ကို တွေ့ရကြောင်း ဆရာတော်က မိန့်ကြားသည်။
“အများစုရဲ့ ကျေနပ်မှုကိုရအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ရှာကြည့်တယ်၊ ရှားတယ်။ ဒါကြောင့် လက်ရှိသမ္မတကြီး က ဆက်လလုပ်ရင်ကောင်းမယ်လို့ တွေးမိတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားခဲ့ပြီး နိုင်ငံ၏ ခေါင်းဆောင်အဆက်ဆက်တွင် ပထမတစ်ဦးက လုပ်သွားခဲ့သော လုပ်ဆောင်ချက်များကို နောက်တက်လာသူ က ပယ်ဖျက်ပစ်ခြင်းများ အစဉ်လိုက်ရှိခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် အဆိုးဆုံးဖြစ်ကြောင်းလည်း ဆရာတော်ကြီးက ဥပမာများဖြင့်ဆိုသည်။ လက်ရှိ သမ္မတဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီ အစဉ်အလာကောင်း များကို မျိုးစေ့ချနေပြီး ၄င်း၏ မူဝါဒချစီစဉ်ဆောင်ရွက်နေမှုများကို ၄င်းမဟုတ်ဘဲ နောက်တက်လာမည့် အစိုးရသစ်ခေါင်းဆောင်က ပယ်ဖျက်ပစ်ခြင်းမျိုးဖြစ်လာမည်ကို စိုးရိမ်မိကြောင်းနှင့် သမ္မတဦးသိန်းစိန်အား နောက်ထပ်သက်တမ်းတစ်ခုဆက်လက်ထမ်းဆောင်ခိုင်းကြည့်သင့်ကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။ “ဒါမှ သူ့ရဲ့အစွမ်းသတ္တိကို သိရမယ်လေ။ ၁၀ နှစ်လောက်လုပ်လို့မှ မဖြစ်ရင်တော့ သွားပေါ့။ နောက်တစ်ယောက်ပေါ့။ အခုဟာက ဆွေးနွေးတုန်းရှိသေးတယ် သွားပြန်ပြီ ဆိုတာချည်းပဲ ကြုံခဲ့ရတယ်၊ လူရွှင်တော်တွေပျက်သလို ဘာကမဋ္ဌာန်းရှုလဲဆိုတော့ ဖြစ်ပျက် ကမဋ္ဌာန်းလို့ပြောတယ်။ ဖြစ်ပျက်ဆိုမှတော့ ဖျက်ပစ်လို့ပြောသလို ဖြစ်နေတယ်လေ” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ လက်ရှိသမ္မတလက်ထက်တွင် သာသနာတော်ထက် နိုင်ငံရေးပိုင်းတွင် ပိုမိုပွင့်လင်းလာခဲ့သည်ကို ရှု့မြင်ရကြောင်း ဆရာတော်က မိန့်ကြားခဲ့ပြီး လက်ရှိသမ္မတဦးသိန်းစိန်နေရာတွင် အခြားတစ်ဦးဆိုပါကလည်း နောက်ထပ် သက်တမ်းတစ်ခုပေးသင့်သည်ဆို သော စကားကိုပင်ပြောမိမည်ဖြစ်ကြောင်းလည်း ဆိုသည်။ “အခြားနိုင်ငံတွေကို သတိထားကြည့်တယ်၊ အစိုးရအဖွဲ့တွေကို နှစ်ဆက်လောက် ဆက်တိုက်တင်ကြတာတွေ့ရတယ်။ ငါးနှစ်ဆိုတာ ဘာမှမကြာတာ၊ ဒါ့ကြောင့် အစိုးရတစ်ဖွဲ့ကို ၁၀ နှစ်လောက်တာဝန်ထမ်းဆောင်ခိုင်းကြည့်သင့်တယ်လို့ပြောတာ” ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်။ ဆရာတော်ကြီးသည် အီရန်နိုင်ငံ၌ ဒီဇင်ဘာ ၂၉၊ ၃၀၊ ၃၁ ရက်များ၌ ဆွေးနွေးပွဲတက်နေမည်ဖြစ်ပြီး ၂၀၁၅ ဇန်နဝါရီ ၁ ရက်တွင် သီးသန့်လေ့လာရေးခရီးစဉ်အဖြစ် ဆက်လက်ရှိနေဦးမည်ဟု သိရသည်။
Iris

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...