Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကျောက်ဆည်မြို့ အ.ထ.က(၁) အာစရိယပူဇော်ပွဲ”

$
0
0
28.12.2014 မနက် 9:30 နာရီ၊ ကျောက်ဆည်မြို့၊ အ.ထ.က (၁) ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ ကို ရောက်ရှိခဲ့ပါတယ်။ ကိုကိုဦး၊ သိန်းထွန်းအေး၊ ကေသွယ်ရွှေ အပါအဝင် သူငယ်ချင်းများ ဦးစီးကျင်းပတာဖြစ် ပါတယ်။
ငယ်ဆရာ၊ ဆရာမများ စုံစုံလင်လင် တွေ့ရပါတယ်။ အချို့ဆို အသက် ၉၀ တောင် ကျော်နေပါပြီ။ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေကြရှာပါတယ်။
အပူဇော်ခံ ဆရာကြီး ဆရာမကြီးများ ၁၁၀ ဦးရှိပါတယ်။ အသက် ၉၀ ကျော်ဆရာကြီးများကို အသက်ငယ်သော ဆရာ ဆရာမများက ရှိခိုးပူဇော်တဲ့ အစီအစဉ်လည်းပါဝင်ပါတယ်။
အသက် ၉၀ ကျော်ဆရာကြီးများအား ၄ သိန်းကျပ်၊ ၈၀ ကျော်ဆရာကြီးများအား ၃ သိန်းကျပ်၊ ၆၀ ကျော်ဆရာကြီးများအား ၂ သိန်းခွဲကျပ် ပူဇော်တာ တွေ့ရပါတယ်။
စာရေးသူကတော့ ဆရာ ဆရာမ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်စီ စုစုပေါင်း ၂၂၀ သိန်းကျပ်နှင့် ငယ်ဆရာ ဆရာမ ၁၅ ဦးတွက် ဆန်တစ်အိတ် ဆီတစ်ပုံး သီးသန့် လှူဒါန်းခဲ့ပါတယ်။

ထို့အပြင် လက်ဖဝါးပေါ်က ကံကြမ္မာ စာအုပ် ၁၁၀၊ သီရိလင်္ကာ CD အစုံ ၁၁၀ လှူဒါန်းခဲ့ပါတယ်။



















Viewing all articles
Browse latest Browse all 2129

Trending Articles