Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ၏ စမ်းချောင်းမြို့ တရားပွဲ”

$
0
0


21.4.2014 ည 8:00-ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်လုံးဆိုင်ရာ (၃၄)ကြိမ် မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တတိယအကြိမ် နှစ်ဦးဓမ္မပူဇာသဘင်မှာ ဟောကြားသည်။
တရားပွဲမစမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ထွေးက တရားပွဲဦးဆောင်သူထဲတွင် ပါဝင်သော ပန်းဒကာ ကိုစံမြတ်သာအား နားရင်းအုပ်ခဲ့ကြောင်း၊ စခန်းမှူး၊ မြို့နယ်မှူးတို့ရှေ့ ရပ်ကွက်ရုံးထဲမှာ ရိုက်နှက်ခြင်းဖြစ် ကြောင်း၊ တရားပွဲ ဦးဆောင်ကျင်းပသူဓမ္မသဘင်ဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားပွဲမစခင်ကတည်းက ခေါ်ထားပြီး တရားပွဲပြီးသည်အထိ ပြန်မလွှတ်သေးကြောင်း ည 11:00 နာရီကျော်မှ ပြန်လွှတ်ကြောင်း၊ ထိုသို့ အညှိုးထားပြီး ညှဉ်းပန်းနှိပ်စက်ခြင်းမှာ ပွဲမိန့်တင်စဉ်က ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ရဟန်းဘွဲ့ဖြင့်သာတင်ခဲ့ပြီး ဝီရသူ-ဟူသော ကလောင်အမည် မထည့်သောကြောင့်ဖြစ်ကြောင်း၊ ဝီရသူကလောင်အမည်ပါက ခွင့်ပြုမိန့်မကျမည်စိုးသော ကြောင့် တမင်ချန်လှမ်ထားခဲ့ခြင်းဖြစ်ကြောင်း ယခင်ကလည်း ဦးဝီရသူ-အမည်ဖြင့်တင်ခဲ့ရာ ပွဲမိန့်ချမပေးခဲ့ သောကြောင့် ယခုလို တင်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက လျှောက်ထားလေသည်။
ရပ်ကွက်လူကြီး ဦးသန့်ဇော်ထွေးကို တရားစွဲဖို့ ဦးဝီရသူက တိုက်တွန်းခဲ့ရာ ယနေ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ ပြီး မနက်ဖြန်မှာ တရားရုံးတက်တိုင်ကြားမည်ဖြစ်ကြောင်း သိရပါသည်။
တရားပွဲဦးဆောင်ကျင်းပသူ
ဓမ္မပူဇာသဘင် တွဲဘက်အတွင်းရေးမှူး
ဦးရဲထွဋ်=09.73077474 ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း။


Viewing all articles
Browse latest Browse all 2129

Trending Articles