Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ ရှမ်းပြည်တောင်ပိုင်း မဘသ နှင့် သက်ဆိုင်ခြင်းမရှိဟု ကြေညာချက်ထုတ်”

$
0
0
စိုင်းလောဝ်ခမ်း(တောင်ကြီး)
တောင်ကြီး-တောင်ကြီးတွင်ဖွဲ့စည်းထားသည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအမည်ရှိ လုံခြုံရေးအဖွဲ့အ စည်းသည် ရှမ်းပြည်တောင်ပိုင်း မဘသ နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ရှမ်းပြည်နယ်တောင် မဘသဆရာတော် ကြီးများက ဒီဇင်ဘာ ၂၄ ရက်တွက် ကြေညာချက်ထုတ်ပြန်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာက မူလမင်းကွန်းကျောင်းတိုက်တွင် မဘသ ဆရာတော်ကြီးများ ပင့်ဖိတ်၍ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး(လုံခြုံရေးအဖွဲ့) ဖွဲ့စည်းထားသည်ဟု လျှောက်ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ရှမ်းတောင် မဘသ ဆရာတော်ကြီးများ၏ မူလဆန္ဒအမှန်ဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ ဖွဲ့စည်းပြီးမှ တင်ပြလာခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
ယင်းအဖွဲ့သည် မဘသ ၏ အခြေခံမူဝါဒများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ အဖွဲ့ကြီး၏ မူဝါဒများနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် မီဒီယာများနှင့် အချို့ပုဂ္ဂိုလ်များကလည်း မဘသ စွမ်းအားရှင်အဖွဲ့ဟု ခေါ်ဝေါ်သုံး စွဲနေကြခြင်းကြောင့် ရှမ်းတောင် မဘသ၏ ဂုဏ်သိက္ခာထိခိုက်နစ်နာလျက်ရှိပါသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
ယင်းအဖွဲ့သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် ရှမ်းနှစ်သစ်ကူးပွဲတော်များတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စွမ်းအားရှင်ဆန်ဆန် လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
“အဲဒီအဖွဲ့အစည်းက မလိုလားအပ်တဲံအဖွဲ့အစည်း၊ ဘာသာရေးဟန်ပြပြီး ရဲတွေနဲ့ပေါင်းပြီး တုတ်တွေ၊ လက်နက်တွေကိုင်တယ်။ တန်ဆောင်တိုင်တွေ၊ စတိတ်ရှိုးတွေမှာ တရားဝင်လုံခြုံရေးအဖွဲ့အစည်းလို ပြောက်ကျားအင်္ကျီတွေဝတ်ပြီး လုံခြုံရေးတွေလုပ်နေကြတယ်။ နောက်ပိုင်း ပဋိပက္ခတွေဖြစ်လာနိုင်တယ်” ဟု ဦးတင်မောင်တိုးကပြောသည်။

ယင်းအဖွဲ့ကို စက်တင်ဘာအစောပိုင်းက တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူလုံခြုံရေးအတွက် ဘာသာရေးပဋိပက္ခများ မဖြစ်ပွားရန် ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူဖွဲ့စည်းခဲ့သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...