မဘသ အဖွဲ့ကြီး၏ အဓိကတာဝန်မှာ ဗုဒ္ဓဘာသာဝင်ဦးရေ မလျော့ပါးရေး၊ ဗုဒ္ဓဘာသာဝင်အိမ်ခြေ မလျော့ပါးရေး၊ ဗုဒ္ဓဘာသာဝင်နယ်မြေ မလျော့ပါးရေးတို့ဖြစ်ပါသည်။
ကမ္ဘာပေါ်၌ ရှိသမျှသော မည်သည့်ဘာသာဝင်မဆို ၄င်းတို့ ဘာသာဝင်ဦးရေ တိုးပွားရေး၊ ၄င်းတို့အိမ်ခြေ တိုးပွားရေး၊ ၄င်းတို့နယ်မြေတိုးပွားရေးအတွက် အထူးလုပ်ဆောင်တတ်ကြပါသည်။ ထိုသို့လုပ်ရာ၌ တရားသဖြင့် လုပ်ဆောင်ကြသည်များရှိသလို မတရားသောနည်းလမ်းဖြင့် ပြုမူကြသည်များပင် ရှိတတ်ကြပါသည်။
မဘသ အဖွဲ့ကြီးကား ထွန်းကားတိုးတက်ရေးထက် ကာကွယ်စောင့်ရှောက် ရေးကို ပဓာနထားသော အဖွဲ့ကြီးဖြစ်ပါသည်။ ထို့ကြောင့် အမျိုးစောင့်အဖွဲ့ကြီး၊ ဘာသာစောင့်အဖွဲ့ကြီး၊ သာသနာစောင့်အဖွဲ့ကြီးဟူသော ဝေါဟာရများကို စုပေါင်းသိမ်းကျုံး၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ဟု အမည်ပေးထားခြင်းဖြစ်ပါသည်။
မဘသအဖွဲ့ကြီး ဖွဲ့စည်းစဉ် အောင်ဆန်းတပ်ဦးညီလာခံ၌ သီတဂူဆရာတော်ဘုရားကြီး မိန့်မှာသည်များရှိခဲ့ပါသည်။ ၄င်းတို့မှာ
"တရားကိုစောင့်ရှောက်ရုံနဲ့ မပြီးဘူး”
“အမျိုးကိုစောင့်ရှောက်ရုံနဲ့မပြီးဘူး”
“သာသနာကိုစောင့်ရှောက်ရုံနဲ့မပြီးဘူး”
“မြေကြီးကိုလည်း စောင့်ရှောက်ရမည်” ဟူ၍ဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားကြီးက အထောက်အထားကင်းမဲ့စွာ ဟောကြားခဲ့ခြင်းမဟုတ်ပါ။ ရဋ္ဌပါလ (နိုင်ငံစောင့်မင်း)၊ ဓမ္မပါလ(တရားစောင့်မင်း)၊ ဝံသပါလ(အမျိုးစောင့်မင်း)၊ သာသနပါလ(သာသနာစောင့်မင်း)၊ ဘူမိပါလ(မြေးကြီးစောင့်မင်း) ဟူ၍ အိန္ဒိယနိုင်ငံ ပါလမင်းဆက်တို့ကို ကိုးကား၍ သမိုင်းအထောက် အထားနှင့်ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။
မိမိရပ်ရွာများ၌ ဘာသာခြား လူမျိုးခြား မရောက်ရှိသေးလျှင် လုံးဝမရောက်ရှိစေရန်၊ ရောက်ရှိပြီးသားများရှိလျှင် လည်း ထပ်မံမတိုးချဲ့နိုင်စေရန် စောင့်ရှောက်ရမည်ဖြစ်ပါသည်။
ယခုအခါ၌ ဘာသာလူမျိုးခြားသူများသည် အပြိုင်အဆိုင်စနစ်ဖြင့် ငွေပုံပေး၍ မြေသိမ်းနေကြပါသည်။ ငွေကျပ် တစ်ဆယ်သိန်းတန် လယ်တစ်ဧကကို သိန်းလေးဆယ်ကျပ်ပေး၍ ဝယ်ယူပါသည်။ ရှေ့ရေးမမြင်သူများက လောဘတက်၍ ရောင်းကြပါသည်။ ဧကငါးရာကျော်သည်အထိ လယ်မြေများ လက်လွတ်ခဲ့ရပါသည်။ လယ်ပိုင်ယာပိုင်ဘဝမှ လယ်မဲ့ယာမဲ့ဘဝသို့ ရုတ်တရက်ကျရောက်သွားကာ ၄င်းတို့၏ စက်ရုံသစ်အလုပ် သမားများ ဖြစ်သွားကြပါသည်။ ငွေနှင့်ကျွန်ပြုခြင်းခံလိုက်ရခြင်းဖြစ်ပါသည်။
မန္တလေးရန်ကုန်မြို့ကြီးများ၌လည်း သိန်းတစ်ထောင်ကျပ်တန်မြေတစ်ကွက်ကို သိန်းတစ်ထောင့်ငါးရာကျပ် ပေးဝယ်ပါသည်။ ရွှေမြန်မာများ အလုအယက်ရောင်းကြပါသည်။ မြို့သစ်ရွှေ့နေရခြင်း တရုတ်ကုလားကျွန်ခံရခြင်းသာ အဖတ်တင်ကြပါသည်။ မနက်အစောကြီးထ၍ စက်ဘီးကိုယ်စီ ထမင်းချိုင့်ကိုယ်စီဖြင့် မြို့ထဲသွားကြသည့် လူတန်းကြီးသည် ရွှေမြန်မာများဖြစ်ကြပါသည်။ ညဥ့်နက်မိုးချုပ်မှ အိမ်ပြန်ကြရပါသည်။ စက်ဘီးမတတ်နိုင်သူများ၊ ထမင်းချိုင့်မတတ်နိုင်သူများ ကလည်း လိုင်းကားတိုးဝှေ့၍ စီးနေရပါသည်။ ကားနောက်မြှီး၌ မတ်တက်ရပ်စီးကြရသော၊ ကားခေါင်မိုးပေါ်၌ လိုက်ပါကြရ သော အလုပ်သမားများသည် ရွှေမြန်မာများသာဖြစ်ပါသည်။
ယခင်က ရွှေမြန်မာများသည် ယခုအခါ ရွှေ့မြန်မာများဖြစ်သွားကြပါသည်။ ရွှေလိုတန်ဖိုးရှိသော မြန်မာများမဟုတ်ကြတော့ပါ။ အရွှေ့ခံမြန်မာများ ဖြစ်သွားကြပါပြီ။ ဤသည်မှာ မြေကြီးကို မစောင့်ရှောက် သောကြောင့်ဖြစ်ပါသည်။ အနာဂတ်အတွက် ရတက်မအေးစရာပင် ဖြစ်ပါသည်။
သူများငွေပုံပေးတိုင်းရောင်းပစ်ကြမည်ဆိုလျှင် မြန်မာတစ်ပြည်လုံး သူတို့ပြည်ဖြစ်သွားနိုင်ပါသည်။ အိုအိုင်စီ (၅၇)နိုင်ငံမှ သူဌေးများ၊ တရုတ်ပြည်မှ သူဌေးများက အပြိုင်အဆိုင် လုယက်ဝယ်ယူလိုက်လျှင် တစ်နိုင်ငံလုံး ကုလားပြည်ဖြစ်သွားနိုင်ပါသည်။ တရုတ်ပြည်ဖြစ်သွားနိုင်ပါသည်။ ထိုအခါ ရွှေမြန်မာတို့ကိုယ့်ပြည် ကိုယ့်မြေမှာ သူတပါးကျွန်ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် မြေကြီးကို စောင့်ရှောက်ဖို့ လိုပါသည်။
မိမိတို့ရပ်ရွာ၌ သူစိမ်းများခြေချခွင့်ရသွားလျှင် သားသတ်ရုံလည်းဆောက်နိုင်ပါသည်။ စာသင်ကျောင်းလည်း ဆောက်နိုင်ပါသည်။ ဝတ်ပြုကျောင်းလည်းဆောက်နိုင်ပါသည်။ စက်ရုံလည်းတည်နိုင်ပါသည်။
သားသတ်ရုံလာဆောက်လျှင် ရွာကျက်သရေယုတ်ပါသည်။ သာသတ်သမားနှင့် ရွာသူများ ညားနိုင်ပါသည်။ သူတို့သည် စီးပွားရေးသက်သက် လာရောက်လုပ်ဆောင်သည်မဟုတ်ဘဲ စီးပွားရေးကို အကြောင်းပြကာ ရွာသူများသိမ်းပိုက်ရေး ရွာကိုဝါးမျိုရေးသာ အဓိကထားပါသည်။
ဆားလင်းကြီးမြို့နယ် ရွာတစ်ရွာသို့ သားသတ်ရုံရောက်ရှိလာပြီးမကြာခင် ရွာသူတစ်ယောက် သားသတ်သမား နောက် ပါသွားပါသည်။ ရွာသူရရှိသွားသည့်အခါ ထိုသူပြန်မလာတော့ပါ။ သားဆက်မသတ်တော့ပါ။ သူတို့အသိုင်းအဝိုင်း၏ ထောက်ပံ့ကြေးယူကာ မန္တလေးမှာပင် နေထိုင်ကြပါသည်။ ထိုရွာသူသည် ရွာဦးကျောင်းဆရာတော်၏ တူမအရင်းပင် ဖြစ်ပါသည်။
ပဲခူးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ရွာတစ်ရွာ၌ သားသတ်ရုံရောက်ရှိလာမှ ရွာသူတစ်ယောက် အကြမ်းဖက် ခံလိုက်ရပါသည်။ အုပ်စုဖွဲ့အကြမ်းဖက်မှုခံလိုက်ရခြင်းဖြစ်ပါသည်။ အကြမ်းဖက်ခံလိုက်ရသည့်ရွာသူမှာ ကျန်းမာရေးကောင်း သူမဟုတ်ပါ။ မွေးရာပါ စိတ်မနှံ့သူ စကားမပြောတတ်သူဖြစ်ပါသည်။ အသက်သုံးဆယ်နှစ် အရွယ်ဖြစ်ပါသည်။ သားသတ်သမားများသည် စကားမပြောတတ်သူ စိတ်မနှံ့သူ ဒုက္ခိတမိန်းကလေး တစ်ဦးကိုပင် ချမ်းသာပေးသူများ မဟုတ် ကြပါ။
စာသင်ကျောင်းများနှင့် ဝတ်ပြုကျောင်းများသည် ဘုန်းတော်ကြီးကျောင်းများကဲ့သို့ လွတ်လပ်ပွင့်လင်းမှု ထင်သာမြင်သာမှု မရှိကြပါ။
မည်သို့ မှိုင်းတိုက်ပေးသည်။
မည်သို့ မြှောက်ပင့်ပေးသည်။
မည်သို့ သွေးခွဲပေးသည်။
မည်သို့ ကြံစည်နေသည်။
မည်သည့်လက်နက်များ ဝှက်ထားပေးသည်။
မည်သည့်ပစ္စည်းများ သိမ်းဆည်းထားသည် စသည်များကို သိနိုင်မည်မဟုတ်ပါ။ အန္တရာယ် လွန်စွာကြီးပါသည်။
ဘူးသီးတောင်၊ မောင်တောမြို့တို့၌ လက်နက်များဖမ်းမိခြင်း၊ မန္တလေး၌ လက်နက်များဖမ်းမိခြင်း တို့သည် ထိုသို့သော ကျောင်းမျိုးမှဖြစ်ပါသည်။
8.6.2012 မှာ ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်းကိုလည်း ထိုသို့သော ကျောင်းတော်ကြီးမှ ထွက်တိုက် ကြသော လူအုပ်ကြီးက ဖန်တီးခဲ့ခြင်းဖြစ်သည်ကို ရွှေမြန်မာတို့ အသေအချာ လေ့လာစေလိုပါသည်။
ထိုသို့သော အန္တရာယ်မျိုး မကျရောက်စေလိုပါလျှင် မြေကြီးကို စောင့်ရှောက်ရပါမည်။ ထိုသို့ စောင့်ရှောက်ရာ၌ မိမိတို့တိုင်းရင်းသားအချင်းချင်းသာ မြေကွက်လယ်ကွက်များ အရောင်းအဝယ်ပြုလုပ်ဖို့ လိုပါသည်။
ဆိုင်ရာ ရပ်/ရွာ အကြီးအကဲများထံ မဘသ အဖွဲ့ကြီးက စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ သူစိမ်းများမြေဝယ် လာလျှင် လက်မခံဖို့ သတိပေးထားရပါမည်။ ပြည်သူများကိုလည်း အသိပညာပေးဟောပြောထားရပါမည်။ မြန်မာထင်၍ ရောင်းမိသွားလျှင်လည်း သူစိမ်းများကို လက်မခံနိုင်ကြောင်း ရပ်ရွာအကြီးအကဲများမှတစ်ဆင့် သတိပေးထားရပါမည်။ ထိုသို့ ကန့်ကွက်ထားလျှင် ဝင်ရောက်နေထိုင်ခွင့်မရှိပါ။ အဆောက်အဦး လာဆောက်ခွင့် မရှိပါ။ ထိုအခါ တန်ရာတန်ကြေးဖြင့် သူကိုယ်တိုင်ပြန်ရောင်းသွားမည်ဖြစ်ပါသည်။
အချို့သော တိုင်းရင်းသားများသည် ထိုသဘောကို မသိရှိကြ၍ မတန်တဆငွေပေးချေ၍ ပြန်အမ်းသည်ကို တွေ့ရပါသည်။ မိမိငွေဖြင့် ပြန်ဝယ်စရာမလိုပါ။ အဖွဲ့ငွေဖြင့် စိုက်ထုတ်ဝယ်ပေးစရာလည်း မလိုပါ။ ငွေတစ်ပြားမျှ ကုန်စရာမလိုဘဲ ကန့်ကွက်ရုံဖြင့်ပင် ပြီးနိုင်ပါသည်။
ရပ်ရွာအဆင့်မရလျှင် မြို့နယ်အဆင့်မှသည် တိုင်းအဆင့် နိုင်ငံတော်အဆင့်ထိ အဆင့်ဆင့်တိုင်ကြား ကန့်ကွက်ရပါမည်။ လူစိမ်းဝင်ရောက်လာလျှင် မိတ်ဆွေရန်သူ ခွဲခြားရခက်ခြင်း၊ ၄င်းတို့ကို အကြောင်းပြု၍ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ထိခိုက်နိုင်ခြင်း၊ တိုင်းရင်းသူလေးများ မုဒိမ်းကျင့်ခံရနိုင်ခြင်း အစရှိသော အနိဋ္ဌာရုံများ ဖြစ်ပေါ်လာနိုင်သောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ပေါ်လွင်အောင် ရေးသားနိုင်ဖို့သာ လိုပါသည်။ ဆိုင်ရာအကြီးအကဲများ မိမိတို့ ရပ်ရွာပြည်သူတို့၏ စိုးရိမ်ပူပန်မှုကို စာနာစိတ်ပေါ်အောင် ဟောပြ နားချဖို့သာ လိုပါသည်။
မြေကြီးမရှိလျှင် နေစရာမရှိပါ။
နေစရာမရှိလျှင် လူမျိုးမရှိပါ။
လူမျိုးမရှိလျှင် နိုင်ငံမရှိပါ။
နိုင်ငံမရှိလျှင် သာသနာမရှိပါ။
မြေကြီးသည် အမျိုးဘာသာ သာနသာ၏ အခြေခံအကြောင်းရင်းဖြစ်ပါသည်။
ထို့ကြောင့် တရားစောင့်ရုံဖြင့် မပြီးပါ။
အမျိုးစောင့်ရုံဖြင့် မပြီးပါ။
သာသနာစောင့်ရုံဖြင့် မပြီးပါ။
မြေကြီးကိုလည်း စောင့်ရှောက်ရပါမည်။
အမျိုးဘာသာ သာသနာ၏ ရေသောက်မြစ်ဖြစ်သော မြေကြီးကို သတိဝီရိယကိုယ်စီဖြင့် အချိန်မီ စောင့်ရှောက် နိုင်ပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
16.12.2014
PM 9:53
(၂၁.၁၂.၂၀၁၄ ရက် တနင်္ဂနွေနေ့ထုတ် အအတွဲ(၁) အမှတ်(၃) အတုမရှိဂျာနယ် စာမျက်နှာ (၁၈)မှ ဝီရသူ(မစိုးရိမ်) ရေးသားသော မဘသလုပ်ငန်းစဉ်(၅) မြေကြီးကိုစောင့်ရှောက်ခြင်း ဆောင်းပါးအား ကူးယူဖော်ပြသည်)