Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဗိုလ်ချုပ်ကိုလည်းအားကျတယ်၊ ဦးဝင်းတင်ကိုလည်း လေးစားတယ်”

$
0
0


NLD ပါတီ နာယကကြီး ဦးဝင်းတင်နှင့် 2012 ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ အောင်နိုင်ရေးကာလ၊ မဟာအောင်မြေမြို့နယ် NLD ရုံးဖွင့်ပွဲမှာပါ။
စာရေးသူ ရောက်သွားချိန်မှာ ဒကာကြီးဦးဝင်းတင်က ပန်းကုံးတွေတစ်သီကြီးနှင့် ဂုဏ်ပြုခံနေရလို့ စာရေးသူကို လက်အုပ်ချီပြီး နှုတ်ဆက်ရုံပဲပြုနိုင်ပါတယ်။
အဲဒီပွဲမှာ ဦးဝင်းတင်လည်း မိန့်ခွန်းပြောပါတယ်။ စာရေးသူလည်း မိန့်ခွန်းပြောပါတယ်။
စနစ်ကောင်းမှ ခေတ်ကောင်းမှာ
စနစ်ကောင်းအောင် ခွပ်ဒေါင်းအလံဆောင်ထားကြပါ။
ဒီလိုဟောတော့ ပရိသတ်က လက်ခုပ်တဖြောင်းဖြောင်း၊ ဦးဝင်းတင်က လက်အုပ်တစ်ချီချီ၊ ဒေါ်ဝင်းမြမြက ခေါင်းတညိတ်ညိတ်နဲ့ပါ။
ကျောင်းလည်းရောက်ရော အာဏာပိုင်တွေက နောက်နောင် အဲဒီလို မလုပ်ဖို့ တားမြစ်ပါတယ်။ ရွှေညဝါလို ပွဲပိတ်ခံရမယ်ပေါ့။ စာရေးသူ ဂရုမစိုက်ခဲ့ပါ။
နောက်တစ်ကြိမ်မှာတော့ ဒီနှစ် 2014 ခုနှစ်မှာပဲ ဦးဝင်းတင်ကိုယ်တိုင် ကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာတာပါ။
စာရေးသူက ထင်တောင်မထားခဲ့ပါဘူး။
ကျောင်းရောက်လာတော့ ဟောဟဲ ဟောဟဲ ဖြစ်နေရှာပါတယ်။
အအေးတိုက်လို့မရ။
ကျန်းမာရေးကြောင့် မသောက်ရဲ။
ရေအေးအေးလေးပဲ တိုက်ပါတဲ့။
နောက်မှီ ကုလားထိုင်နဲ့မှ အဆင်ပြေမှာမို့
ကုလားထိုင်နဲ့ပဲ ထိုင်ခိုင်းလိုက်ပါတယ်။
လက်အုပ်ချီပြီး လျှောက်တဲ့စကား နားထဲမှ မထွက်သေးပါဘူး။
မြန်မာ့နိုင်ငံရေးမှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်တဲ့။
ပုဂံခေတ်က ရှင်ဒိသာပါမောက်တို့ ပံသုကူမထေရ်တို့မှ အစပြုပြီး သမိုင်းကြောင်းနဲ့ကို ချီပြီး လျှောက်တော့တာပါ။
ဦးဝင်းတင်ကိုကြည့်ပြီး သနားမိသွားတယ်။
ဒီအသက်ဒီအရွယ်ကြီးနဲ့ ဒီရာသီကြီးမှာ ဒီလို ခရီးတွေထွက်နေရရှာလို့ပါ။
သံဃာတွေကို ဘာသာရေးပဲလုပ်ပါ။
နိုင်ငံရေးမှာ လာမရှုပ်ပါနဲ့တို့။
ဘုန်းကြီး ဘုန်းကြီးနေရာနေတို့။
ခွေးအလုပ် မြင်းဝင်မရှုပ်နဲ့တို့။
ဘာသာရေးနဲ့ နိုင်ငံရေး လာမရောနဲ့တို့- စတာတွေနဲ့ မြန်မာ့နိုင်ငံရေးလောကမှာ သံဃာတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ချောင်ထိုးနေကြချိန်မှာ သံဃာ့ကျေးဇူးကို အများရှေ့မှာ အတိအလင်း လျှောက်ရဲလို့ နဂိုရ်ထက်ပိုပြီး လေးစားမိသွားတယ်။
နောက်ဆုံးတစ်ကြိမ်ကတော့
ဦးဝင်းတင် ဆေးရုံတက်နေချိန်မှာ ဖြစ်ပါတယ်။
ဦးဇင်းလာလို့ သူ့မျက်နှာလေး ဝင်းလက်သွားတာကို ခုချိန်ထိ မြင်ယောင်နေဆဲပါ။
အားရပါးရ စကားတွေပြောလွန်းလို့တောင် တားယူရပါသေးတယ်။
ဒီလောက်ပြောနိုင်တာကိုကြည့်ပြီး ဒီအသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ထင်ခဲ့မိတာပါ။
ဒီမနက် FB-သတင်း ဖတ်ရတော့ ယုံတောင် မယုံမိဘူး။
အရင်တစ်ခါလိုပဲ မလိုတမာ လွှင့်ကြတယ်ထင်ခဲ့မိတယ်။
အခုတော့-တကယ်-ဆုံးရှာခဲ့လေပြီ။
နှမြောမိတယ်။
ဝမ်းနည်းမိတယ်။ တမ်းတမိတယ်။ စိတ်မကောင်းခြင်းများစွာ ဖြစ်မိတယ်။
ဗိုလ်ချုပ်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တယ်ဆိုတာ ဗိုလ်ချုပ်တို့အနားမှာ ဒီလို ပညာရှိကြီးတွေ ဝန်းရံခဲ့လို့ ဒီလို လူကြီးလူကောင်းတွေ ဝန်းရံခဲ့လို့၊ ဗိုလ်ချုပ်ကလည်း ဒီလို ပညာရှိလူကြီးလူကောင်းတွေကို လေးစား လိုက်နာခဲ့လို့ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကိုလည်းအားကျတယ်။
ဦးဝင်းတင်ကိုလည်း လေးစားမိတယ်ဗျာ။
တကယ်ပါ။
ဒကာကြီးဦးဝင်းတင်ရေ…..အမျှ….အမျှ……အမျှ…..
ဖြစ်လေရာဘဝမှာ အကျဉ်းဆင်းရဲ ကင်းဝေးပါစေဗျာ။
မြန်မာတစ်နိုင်ငံ လွတ်လပ်တဲ့အချိန်မှာ ပုံစံအင်္ကျီ ချွတ်နိုင်ပါစေဗျာ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
21.4.2014 PM 




Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး