Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မကွေးမြို့ သဝဏ်လွှာ”

$
0
0


20.4.2014 မွန်းလွဲ 2:00 မကွေးမြို့ အမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဟောပြောပွဲသို့ အရှင်ဝီရသူ (မစိုးရိမ်) ပေးပို့သော “အမျိုးသားရေး သဝဏ်လွှာ”
မြန်မာသက္ကရာဇ် ၁၃၇၆ ခု၊ ဦးတန်ခူးလ္ဆုတ်(၆)ရက် ခရစ်နှစ် ၂၀၁၄၊ ဧပြီလ-၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်သော မကွေးမြို့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဟောပြောပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဟောပြောပွဲသို့ ကြွရောက်တော်မူကြကုန်သော ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့အား မင်္ဂလာပါလို့ ဦးစွာပထမ ဂါရဝပြု နှုတ်ဆက် ခွန်းတော်ဆက်သလိုက်ပါတယ်။
မျိုးချစ်စိတ်ဓာတ်ဆိုတာ ဘုရားလောင်းလို ပါရမီဓာတ်ခံရှိတဲ့ ပညာရှိ သူတော်ကောင်းတွေမှာသာ ကိန်းဝပ်နိုင် တာ ဖြစ်ပါတယ်။
မြတ်စွာဘုရားက သာကီဝင်တွေကို ဝိဋဋူဘဘေးမှ သုံးကြိမ်တိုင်တိုင် ကာကွယ်စောင့်ရှောက်ခဲ့တာလည်း မျိုးချစ်စိတ်ဓာတ်ပါပဲ။
မဟောသဓာက ကျူးကျော်လာသူတိုင်းတစ်ပါးသားတွေကို ခုခံကာကွယ်ခဲ့တာလည်း မျိုးချစ်စိတ်ဓာတ်ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေ ဂျပန်တွေကို မောင်းထုတ်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာလည်း မျိုးချစ်စိတ်ဓာတ်ပါပဲ။
မျိုးချစ်စိတ်ဓာတ်မရှိဘဲ ပရဟိတ မလုပ်နိုင်ပါဘူး။
မျိုးချစ်စိတ်ဓာတ်မရှိဘဲ နိုင်ငံရေးမလုပ်နိုင်ပါဘူး။
မျိုးချစ်စိတ်ဓာတ်မရှိဘဲ သာသနာရေး မလုပ်နိုင်ပါဘူး။
ဒါကြောင့် မျိုးချစ်စိတ်ဓာတ် အပြည့်အဝနဲ့ အခုလို လာရောက်အားပေးကြတာကို ကျေးဇူးတင် ဂုဏ်ယူနေမိတာပါ။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။
 



Viewing all articles
Browse latest Browse all 2129

Trending Articles