မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အထက(၁) ကျောင်းသား/သူ ဟောင်းများရဲ့ နဝမအကြိမ် ပူဇော်ပွဲပါ။
စာရေးသူက အပူဇော်ခံဆရာ/မ(၁၁၀)ဦးအတွက် (၂၂)သိန်း။
သီရိလင်္ကာခရီးစဉ် DVD အစုံ(၁၁၀)
လက်ဖဝါးပေါ်က ကံကြမ္မာစာအုပ်(၁၁၀)အုပ် လှူဒါန်းတဲ့အပြင်
စာရေးသူကျောင်းတက်စဉ်က သင်ကြားပို့ချပေးခဲ့သော စာရေးသူ ငယ်ဆရာ/ဆရာမ(၁၅)ဦးအတွက် ဆန်(၁၅)အိတ် သုံးပိဿာဝင် ဆီ(၁၅)ပုံး လှူဒါန်းဖို့ ပေးအပ်လိုက်ပါတယ်။
အမက(၆)နှင့် အထက(၁)၊ နှစ်ကျောင်းလုံးမှာ အတူနေခဲ့ဖူးတဲ့ သူငယ်ချင်း သိန်းထွန်းအေးနှင့် လူကြုံပါးလိုက်တာ ဖြစ်ပါတယ်။
အာစရိယပူဇော်ပွဲကို 28.12.2014 ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ကျောင်းသားဟောင်းဖြစ်တဲ့ မန္တလေးတိုင်း သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်လည်း တက်ရောက်မှာဖြစ် ကြောင်း သိရပါတယ်။