Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တောင်ကိုရီးယားလည်း လော်ဘီလက်ကိုင်ဒုတ်ပဲ”

$
0
0
ဝီရသူသာ အတိတ်မေ့နေတာမဟုတ်ဘူး။
ဘူဂယောင်းတက္ကသိုလ်လည်း အတိတ်မေ့နေတယ်။
ဝီရသူသာ မေ့ပျောက်လွယ်တာ မဟုတ်ဘူး။
ဘူဂယောင်းတက္ကသိုလ်လည်း မေ့ပျောက်လွယ်တယ်။
ဝီရသူသာ အမှတ်သညာနည်းတာ မဟုတ်ဘူး။
ဘူဂယောင်တက္ကသိုလ်လည်း အမှတ်သညာနည်းတာပဲ။
ဝီရသူကိုသာ စစ်လော်ဘီလို့ မပြောသင့်ဘူး။
ဘူဂယောင်တက္ကသိုလ်လည်း စစ်လော်ဘီလို့ ပြောသင့်တယ်။
ဝီရသူကိုသာ လက်ကိုင်ဒုတ်လို့ မစွပ်စွဲသင့်ဘူး။
ဘူဂယောင်းတက္ကသိုလ်လည်း လက်ကိုင်ဒုတ်လို့ စွပ်စွဲသင့်တယ်။
ဝီရသူကိုသာ ဒီ/စီ မလိုလားသူလို့ မဝေဖန်သင့်ဘူး။
ဘူဂယောင်းတက္ကသိုလ်လည်း ဒီ/စီ မလိုလားသူလို့ ဝေဖန်သင့်တယ်။
ဘူဂယောင်းရေ အမှုတွဲတယ်လို့တော့ မထင်ပါနဲ့ဗျာ။
ခင်ဗျားနှင့်ကျုပ်က အမြင်တူနေလို့ပါဗျာ။
ဝီရသူ(မစိုးရိမ်)
14.12.2014
12.12.2014 ရက်စွဲပါ 7Day Daily သတင်းကို ပူးတွဲတင်ပြပါသည်။

===========================================================

“တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်”

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှု များကြောင့် တောင်ကိုရီးယား နိုင်ငံ၊ ဘူဂယောင်းအမျိုးသား တက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုကြောင့် ပေးတာဖြစ် တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယားသမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကိုလည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။
အာဆီယံ−ကိုရီးယားဆွေး နွေးဘက် (၂၅) နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အာဆီယံ−ကိုရီးယား မဟာဗျူဟာမြောက်ထိပ်သီး အစည်းအဝေးကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန်မြို့တွင် ဒီဇင်ဘာ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ကြာကျင်းပလျက်ရှိပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌ အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။ ဘူဂယောင်း တက္ကသိုလ် သည် ပြည်တွင်း၊ပြည်ပနိုင်ငံရေး နယ်ပယ်အသီးသီးတွင် ပြုပြင် ပြောင်းလဲရေးဆောင်ရွက်သူများ အား အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်လေ့ရှိကြောင်း ယင်းတက္က သိုလ်၏ ၀က်ဘ်ဆိုက်စာမျက်နှာ တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်၊ နိုင်ငံရေးအင်အားစုများ၏ တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုမှုများ အား သမ္မတဦးသိန်းစိန်က လက်မခံသေးဘဲ စဉ်းစားနေချိန်၌ ယခု ဒေါက်တာဘွဲ့ကို ရရှိခဲ့ခြင်းဖြစ် သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ပတ်ဂွန်ဟေးတို့သည် နို ၀င်ဘာ ၁၁ ရက် နံနက်က သီး သန့်တွေ့ဆုံခဲ့ပြီး အစိုးရချင်းသာ မက ပြည်သူ၊ လွှတ်တော်၊ တပ်မ တော်တို့ အချင်းချင်းအပြန်အ လှန်ပူးပေါင်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အသေးစားနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဆိပ်ကမ်းနှင့် ရေလမ်း ကြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ် စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် ကိုရီးယားကျွန်း ဆွယ်တည်ငြိမ်အေးချမ်းရေးနှင့် အဏုမြူလက်နက်မပြန့်ပွားရေး တို့တွင်လည်း အာဆီယံရပ်တည် ချက်အတိုင်း မြန်မာနိုင်ငံက ရပ် တည်နေကြောင်း သမ္မတ နှစ်ဦး တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည် ဟု ဦးရဲထွဋ်ကပြောသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles