Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ချောင်းဦးမဘသ ဖွဲ့စည်းရေး အကြိုညှိနှိုင်းစည်းဝေးပွဲ”

$
0
0
၁၃၇၆ ခု၊ နတ်တော်လပြည့်ကျော်(၅)ရက်(11.12.2014) ကြာသပတေးနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးအခမ်းအနားအစီအစဉ်။
၁။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
၂။ ချောင်းဦးမြို့၊ မဟာဓမ္မာရုံကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝရသမ္ဗောဓိ အရှင်သူမြတ်မှ သြဝါဒကထာမိန့်ကြားတော်မူပါသည်။
၃။ မန္တလေးမြို့ ကင်းဝန်မင်းကြီးတိုက်ဆရာတော် ဦးပညာသာမိမှ မဘသ အဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးတင်ပြမိန့်ကြားတော်မူပါသည်။
၎။ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်းဆရာတော် ဦးဓမ္မပီယမှ မဘသ အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း အရာများကို စုံလင်စွာ တင်ပြသွားခဲ့ပါသည်။
၅။ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာ သင်္ဂါရုံဓမ္မရိပ်သာ၊ မြို့နယ်သံဃနာယကအဖွဲကဥက္ကဋ္ဌ(ရွှေကျင်) ဆရာတော် ဘဒ္ဒန္တဇနနအရှင်သူမြတ်မှ မဘသ အဖွဲ့ အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြမိန့်ကြားခဲ့ပါ သည်။
၆။ မဘသ အဖွဲ့ အကြိုရာထားသတ်မှတ်ခဲ့ကြပါသည်။
၇။ မဘသ အဖွဲ့ အပြီးသတ်ဖွဲ့စည်းခန့်ထားရန် ရက်သတ်မှတ်ခဲ့ကြပါသည်။
၈။ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ညနေ (၄)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားတက်ရောက်သံဃာတော်
ရွှေကျင်-သုဓမ္မာ အရေအတွက်(၆၀)ပါးတက်ရောက်တော်မူကြပါသည်။
မဘသ အဖွဲ့ကို အပြီးသတ်ဖွဲ့စည်းရန် နတ်တော်လကွယ်နေ့တွင် ဖွဲ့စည်းရန် သတ်မှတ်တော်မူကြပါသည်။
ဆက်သွယ်ရန်
ဦးဓမ္မပီယ၊ ဓမ္မာရုံကျောင်းတိုက်=09.402536181

Viewing all articles
Browse latest Browse all 2129

Trending Articles