Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကျောက်မဲ မ.ဘ.သ အဖွဲ့ ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်ညီလာခံကျင်းပ”

$
0
0

ကျောက်မဲမြို့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်ညီလာခံအခမ်းအနားကို (၆.၁၂.၂၀၁၄)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီ၊ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ တိလင်ပရိယတ္တိစာသင်တိုက်၊ တိလင်္ကာရ ဓမ္မာလင်္ကာရ ရာပြည့်ဓမ္မာရုံကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ် သံဃာ့နာယက ဆရာတော်ကြီးများ၊ မြို့နယ် မ.ဘ.သ ဆရာတော်ကြီးများ၊ မ.ဘ.သ အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် တပည့်ဒကာ/မများတက်ရောက်ကြပြီး အားလုံးစုစုပေါင်း ရဟန်း ရှင် လူ ပရိသတ် (၄၀၀)ကျော်ခန့် တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မ.ဘ.သ (ဗဟို) အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ မဟာထေရ် ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် ဘဒ္ဒန္တဝေပုလ္လ သဒ္ဓမ္မပါလပရိယတ္တိစာသင်တိုက်ဆရာတော်၊ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသ ပြည်လုံးချမ်းသာကျောင်းတိုက်ဆရာတော်၊ ကျောက်မဲမြို့၊ မ.ဘ.သ သြဝါဒါစရိယ ဘဒ္ဒန္တသုဓမ္မာစာရဗုဒ္ဓိ မဟာဝိသုတာရာမ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၊ ပြည်နယ်သံဃာ့ဝန်ဆောင် ကျောက်မဲ မ.ဘ.သ သြဝါဒါစရိယ ဘဒ္ဒန္တသာဂရ သာသနောဒယကျောင်းတိုက် ဆရာတော်၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် တိပိဋက(ဝိနယဓရ) ကျောက်မဲ မ.ဘ.သ သြဝါဒါစရိယ ဒေါက်တာ ဘဒ္ဒန္တစန္ဒသာရ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ဆရာတော် တို့မှ သြဝါဒကထာများ မိန့်ကြားခဲ့ပါသည်။
၎င်းနောက် ကျောက်မဲ မ.ဘ.သ အတွင်းရေးမှူးဆရာတော် အရှင်ဝါသဝမှ မ.ဘ.သ ၏ ရှေ့လုပ်ငန်းစဉ်များကိုလျှောက်ထားပြီး နှစ်ပတ်လည်ညီလာခံနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ကျောက်မဲ မ.ဘ.သ အဓိဋ္ဌာန် (၃)ချက်”
၁။ ကမ္ဘာတည်သရွေ့ ငါတို့အမျိုး သန့်ရမည်။
၂။ ကမ္ဘာတည်သရွေ့ ငါတို့ဘာသာ ခန့်ရမည်။

၃။ ကမ္ဘာတည်သရွေ့ ငါတို့သာသနာ ပြန့်ရမည်။



Viewing all articles
Browse latest Browse all 2129

Trending Articles