Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝီရသူသဘောထား ၁/၇၆”

$
0
0


ရက်စွဲ။  ။ ၁၃၇၆ခု၊ ဦးတန်ခူးလ္ဆုတ်(၃)ရက်။(17.4.2014)
မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တိဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်၏)၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ဒီမိုကရေစီကို ယုံကြည်သည်။
လူ့အခွင့်အရေးကို လေးစားသည်။
တရားဥပဒေစိုးမိုးရေးကို လိုလားသည်။
တည်ငြိမ်အေးချမ်းရေး၊ ဖွင့်ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ စည်းလုံးညီညွတ်ရေးကို တန်ဘိုးထားသည်။
အထူးသဖြင့် အမျိုးသားလုံခြုံရေးကို အလေးအနက်တန်ဘိုးထားသည်။
သို့ဖြစ်၍……..
၁။ ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် မညီသော အခြေခံဥပဒေများ ပြန်လည်ပြင်ဆင်မှုကို ထောက်ခံသည်။
၂။ ၅၉(စ)ပြင်ဆင်လိုသူများသည် တစ်မျိုးသားလုံးအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင် မြဲရေးကို ရှေ့ရှု့၍ သတိကြီးစွာ ပြင်ဆင်ကြရန်တိုက်တွန်းသည်။
၃။ စည်းရိုးမလုံခြုံသော ကျနုပ်တို့နိုင်ငံငယ်လေးတစ်ခု၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် လူတွင်ကျယ် ငပွကြီးနိုင်ငံများ၏ အန္တရာယ်ကို ကာကွယ်သောအားဖြင့် တစ်ဦး တစ်ယောက်ကို ရည်ရွယ်၍ ပြင်ဆင်လိုပါက အခြားမည်သူတစ်ဦးတစ်ယောက်မျှ သမ္မတဖြစ်ခွင့်မရှိအောင် ကန့်သတ်ထားရန် သတိပေးသည်။
၎။ လွှတ်တော်တွင်း၌ တပ်မတော်သားအမတ်များ ပါဝင်နေသည်ကို တိုင်းပြည်အင်အား အလဟဿ ဆုံးရှုံးနေသည်ဟု ရှု့မြင်သည်။
၅။ လွှတ်တော်အတွင်း၌ ဒီမိုကရေစီ နည်းကျဝင်ရောက်လာသော အမတ်ဦးရေများပြားလာအောင် ဆောင်ရွက်ကြရန်တိုက်တွန်းသည်။
၆။ ဒီမိုကရေစီနည်းကျ ဝင်ရောက်လာသော မည်သည့် အမတ်ကိုမဆို လှိုက်လှဲ ပျူငှာစွာ ကြိုဆိုသည်။
၇။ တစ်မျိုးသားလုံး၏ အန္တရာယ်ကို ကာကွယ်လိုစိတ်ကြီးစွာဖြင့် လွန်စွာအရေးကြီးသော အမျိုးစောင့်ဥပဒေကို ထောက်ခံကြရန် တိုက်တွန်းသည်။
၈။ အမျိုး ဘာသာ သာသနာ အတွက် အားကိုးထိုက်သည့် မည်သည့်အမတ်လောင်းကိုမဆို အစွဲကင်းစွာ အကြောက်တရားကင်းစွာဖြင့် ရွေးချယ်တင်မြှောက်ကြရန် တိုက်တွန်းသည်။
၉။ ပါတီများအနေဖြင့် အခြေခံဥပဒေပြင်ဆင်ဖို့သာ အာရုံစိုက်မနေကြဘဲ ၂၀၁၅ အောင်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို အားထည့်ဆောင်ရွက်ကြရန် တိုက်တွန်းသည်။
၁၀။ ဒီမိုကရေစီကို လိုလားသော နိုင်ငံရေးကို စိတ်ဝင်စားသော Facebook အကောင့်ပိုင်ရှင်များသည် ဆရာတော် သံဃာတော်များနှင့် ဘာသာ သာသနာအား ပြစ်မှားဆော်ကားစွပ်စွဲပုတ်ခတ်လုပ်ကြံ ထိုးနှက်မှုများ ကိုရှောင်ကြဉ်၍ အပြုသဘောဆောင်အကြံပြုဆွေးနွေးချက်များကို အနာဂတ်နိုင်ငံတော်ကို အုပ်ချုပ်ကြမည့် လူယဉ်ကျေးများပီပီ ချိုသာယဉ်ကျေးစွာ လိမ္မာပါးနပ်စွာ ပြုမူဆောင်ရွက်ကြရန် တိုက်တွန်းသည်။
၁၁။ ပါတီအဖွဲ့အစည်းများအနေဖြင့် အွန်လိုင်း၌ မိမိအလံမိမိတံဆိပ် မိမိအကြီးအကဲပုံများကို အသုံးပြု၍ မိမိပါတီ မိမိအဖွဲ့အစည်းကို ထိခိုက်နစ်နာစေသော ရေးသားချက်များကို ကြေညာချက်ထုတ်ပြန်၍ အတိအလင်း ရှုတ်ချကန့်ကွက်ပေးရန်မေတ္တာရပ်ခံလိုက်သည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တိဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။
17.4.2014 PM 10:20

Viewing all articles
Browse latest Browse all 2129

Trending Articles