Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သာသနာကိုစော်ကားသူတွေကို အရေးယူထားပြီ”

$
0
0
ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံနှင့် Buddhabar အမည်တပ်ပြီး ကြေညာထားတဲ့ ကြော်ငြာဓာတ်ပုံ တစ်ခု FB ပေါ် ပျံ့လာရာမှ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်တည်နေရာက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ် 10K ဖြစ်ပါတယ်။
မြေကွက်ပိုင်ရှင်က ဘိုသူရိန်(မြန်မာ/ဗုဒ္ဓ) ဆိုင်ပိုင်ရှင်က နယူဇီလန်းနိုင်ငံသား Mr Philipe(32)နှစ်။
မန်နေဂျာက ထွဋ်ကိုလွင်(မြန်မာ/ဗုဒ္ဓ)ပါ။
Music Bar ဖြစ်ပြီး ဒီဇိုင်းကို ဖိလစ်ကရေးဆွဲပြီး FB-တင်လိုက်တာဖြစ်ကြောင်း၊ ဖိလစ်က ဘာသာမဲ့သူဖြစ်ကြောင်း၊ FB ပေါ်တင်ကြော်ငြာတာကို Share(ရှယ်)လိုက်ရာမှ ပျံ့သွားခြင်းဖြစ်ကြောင်း၊ ဆိုင်မှာတော့ ဓာတ်ပုံရော ပန်းချီရော၊ ဆိုင်းဘုတ်မှာ မရှိကြောင်း စခန်းမှူး ဒုရဲမှူးဦးသိန်းဝင်းက ပြောပါတယ်။
V.Gastro bar အမည်နှင့် နိုက်ကလပ်ဖွင့်တာ သုံးလရှိလာခဲ့ပေမယ့် မအောင်မြင်လို့ စိတ်ဝင်စားအောင် Buddha bar အမည်ပြောင်းပြီး စတန့်ထွင်လိုက်တာလို့ ဖိလစ်က ဝန်ခံခဲ့ပါတယ်။
တစ်ခြားနိုင်ငံမှာလည်း ဒီလိုပဲ လုပ်ခဲ့တာ ဘာပြဿနာမှ မဖြစ်ခဲ့ဘူးလို့လည်း အပြစ်တောင် ပြန်တင်လိုက်ပါသေးတယ်။
ညအခါ D-J တွေနှင့် အတွဲတွေ ကကြခုန်ကြတဲ့ပွဲကို နှိုက်ကလာပ်လို့ခေါ်ပါတယ်။
D-J သမားက မြန်မာနိုင်ငံသား တရုတ်ဖြစ်ပါတယ်။ ကိုဂျေ(JAY) လို့ ခေါ်ပါတယ်။
ဒီနေ့ ညနေ 5:00 လောက်ဝင်ရောက် စစ်ဆေးပြီး ည 9:00 လောက်မှာ ရဲစခန်းကို ခေါ်လာခဲ့တာပါ။
(ပ) ၄၉၉/၂၀၁၄ နှင့် အမှုလက်ခံထားပြီး၊ မြေရှင်၊ ပိုင်ရှင်၊ မန်နေဂျာ သုံးဦးလုံးကို ဗဟန်းရဲစခန်းမှာ ထိန်းထားလိုက်ပြီး ၂၉၅ ရယ်၊ ၂၉၅(က)ရယ် ပုဒ်မ နှစ်ခုတပ် အမှုဖွင့်ထားပါတယ်။
စခန်းမှူးကတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်လို့ ပြတ်ပြတ်သားသား ပြောသွားပါတယ်။
မြန်မာအစိုးရက နိုင်ငံခြားသားကို ပြတ်ပြတ်သားသား အရေးယူရဲပါ့မလား စောင့်ကြည့်ရမှာပါ။
ဆက်သွယ်ရန်

ဗဟန်းရဲစခန်း=01.554630






Viewing all articles
Browse latest Browse all 2129

Trending Articles