Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မန္တလေးအဓိကရုဏ်းတွင် ကိုထွန်းထွန်းကို သတ်မှုဖြင့် အမှုရင်ဆိုင်နေရသူများထဲမှ နှစ်ဦးအစ္စလာမ် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့ဟုဆို”

$
0
0





မောင်တာ၊ မန္တလေး။
မန္တလေးအဓိကရုဏ်းဖြစ်စဉ်အတွင်းကိုထွန်းထွန်း(ခေါ်) ရောင်ပြန်သေဆုံးမှုအတွက် လူသတ်မှုဖြင့် အမှုရင်ဆိုင် နေရသူ ၁၁ ဦးအနက် နှစ်ဦးသည် အစ္စလာမ်လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့၍ မတရားအသင်း ဥပဒေ ပုဒ်မ၁၇(၁)ဖြင့် ထပ်မံအမှုဖွင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးမြို့တွင် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ကိုထွန်းထွန်း(ခ)ရောင်ပြန် သေဆုံးမှုအတွက် အမျိုးသား ၁၁ ဦးအား ပြစ်မှုပုဒ်မ ၃၀၂၊ ၃၉၆၊ ၃၉၇၊ ၁၀၉၊ ၁၁၄ တို့ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ၄င်း ၁၁ ဦးအနက် နှစ်ဦးမှာ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှု ရှိပြီး တရားမဝင်အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ၄င်းအမျိုးသားနှစ်ဦးအား ဒီဇင်ဘာ ၅ ရက်တွင် ချမ်းအေးသာစံမြို့နယ် ရဲစခန်း၌ မတရားအသင်းပုဒ်မ၁၇(၁) ဖြင့် ထပ်မံအမှုဖွင့်ထားခြင်းဖြစ်သည်။
၎င်းအမျိုးသားနှစ်ဦးမှာ ပျဉ်းမနားမြို့နှင့် တာချီလိတ်မြို့တို့တွင် နေထိုင်သူများဖြစ်ကြပြီး ကိုထွန်းထွန်း သတ်မှုတွင်လည်း အဓိကစီမံကွပ်ကဲသူများအဖြစ် သံသယရှိထားသည်။ ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ပျက်ပြားစေရန် တရားမဝင် အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ထိုသို့ လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် RCSS/SSA, KNU, DKBA, AMBU, စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ရဲအရာရှိတစ်ဦးကပြောသည်။
“လတ်တလောတော့ မတရားအသင်းဥပဒေနဲ့ ထပ်ပြီး အမှုဖွင့်တာပေါ့။ သူတို့နှစ်ယောက်က နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေရှိတယ်လို့ ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေ အရ သိရပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင်အုပ်စုဖွဲ့ အကြမ်းဖက် မှုများဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းပဋိပက္ခဖြစ်စဉ်တွင် ဇူလိုင် ၃ ရက်နံနက်က ကိုစိုးမင်းထွေး အသတ်ခံရမှုအတွက် အမျိုးသားလေးဦးအား အောက်တိုဘာ အတွင်း မန္တလေး ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သည်။ မန္တလေးပဋိပက္ခဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း တရားခံပြေးအဖြစ် သတ်မှတ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။






Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း