ဦးဝီရသူ တည်ထောင်ထားတဲ့ နဂါးနီစုဘူးအသင်း တစ်နှစ်ကျော်ပါပြီ။ အမှတ်(၁)မှ အမှတ်(၄)အထိ လေးဌာနဖွင့်လှစ်နိုင်ခဲ့ကာ အရင်းငွေ(၂၅၃)သိန်း(၂)သောင်း(၅)ထောင်ကျပ် မ.တည်ပေးနိုင်ခဲ့ပါပြီ။
(၁) ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ နဂါးနီစုဘူးအမှတ်(၁)ကို 1.9.2013 မှာ စတင်တည်ထောင်ခဲ့ပါသည်။
သိန်း(၁၀၀)မတည်ပေးခဲ့တာ ယခုအခါ အမြတ်ငွေ ၅၆၉၁၀၀၀ိ (ငါးဆယ့်ခြောက်သိန်းကိုးသောင်းတစ်ထောင် ကျပ်) စုဆောင်းနိုင်ခဲ့ကြပါသည်။
ကျန်းမာရေးထောက်ပံ့ငွေ(၂)သိန်း(၁)သောင်း လှူဒါန်းနိုင်ခဲ့ပြီး ကျန်အမြတ်ငွေ(၅၄)သိန်း(၈)သောင်း (၁)ထောင်ကျပ်ကို ၄င်းရပ်ကွက်နေ ဆင်းရဲသူ/သားများကို ထပ်မံ ထုတ်ပေးခဲ့ရာ စုစုပေါင်း အသင်းဝင်(၂၃၀) ဦးပြည့်မြောက်ခဲ့ပါပြီ။
(၂) မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ နဂါးနီစုဘူးအမှတ်(၂)ကို 17.10.2013 မှာ စတင်တည်ထောင်ခဲ့ပါသည်။
(၅၇)သိန်း(၉)သောင်း(၅)ထောင်ကျပ် မတည်ပေးခဲ့တာ ယခုအခါ အမြတ်ငွေ ၃၈၂၇၀၀၀ိ (သုံးဆယ့်ရှစ်သိန်း နှစ်သောင်းခုနစ်ထောင်ကျပ်) စုဆောင်းနိုင်ခဲ့ပါသည်။
ကျန်းမာရေးထောက်ပံ့ငွေ ၁၄၀၀၀၀ိ(တစ်သိန်းလေးသောင်းကျပ်) လှူဒါန်းနိုင်ခဲ့ပြီး ကျန်ငွေများကို တစ်ရပ်တည်းနေ ဆင်းရဲသူ/သားများအား ပြန်လည်ထုတ်ပေးခဲ့ရာ စုစုပေါင်း အသင်းဝင်(၁၀၅)ဦး ပြည့်မြောက်ခဲ့ပါပြီ။
(၃) မဟာအောင်မြေမြို့နယ်၊ ချမ်းမြောက်ရပ်ကွက်၊ နဂါးနီစုဘူးအသင်းအမှတ်(၃)ကို 1.6.2014 မှာ စတင်တည်ထောင်နိုင်ခဲ့ပါသည်။
သိန်း(၇၀)နှင့်(၃)သောင်းကျပ် မတည်ပေးခဲ့တာ ယခုအခါ အမြတ်ငွေ(၁၃)သိန်း စုဆောင်းနိုင်ခဲ့ပါပြီ။
၎င်းကို တစ်ရပ်တည်းနေ ဆင်းရဲသူ/သားများအား ထပ်မံထုတ်ပေးခဲ့ရာ ယခုဆိုလျှင် အသင်းဝင် (၁၅၀)ဦး ပြည့်မြောက်ခဲ့ပါပြီ။
(၄) ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ(ဇဇ ၃/၄)ရပ်ကွက် နဂါးနီစုဘူးအသင်းအမှတ်(၄)ကို 26.7.2014 မှာ စတင်တည်ထောင်နိုင်ခဲ့ပါသည်။
သိန်းအစိတ်မတည်ပေးခဲ့တာ အမြတ်ငွေ ငါးသိန်းကျပ် စုဆောင်းနိုင်ခဲ့ပါသည်။ စုစုပေါင်း အသင်းဝင်(၆၅)ဦး ရှိပြီဖြစ်ပါသည်။
ကျန်းမာရေးအတွက် ၁၅၀၀၀၀ိ(တစ်သိန်းခွဲ) ထောက်ပံ့နိုင်ခဲ့ပါသည်။
တစ်သိန်းယူသူများသည် တစ်ရက်လျှင် နှစ်ထောင်ကျပ်စီ ၅၅ ရက် စုဆောင်းရပြီး၊ ငါးသောင်းယူသူများသည် တစ်ရက်လျှင် တစ်ထောင်ကျပ်စီ ၅၅ ရက် စုဆောင်းရပါသည်။
အမြတ်ငွေ ငါးကျပ်မှ နှစ်ကျပ်ကို ကျန်းမာရေးနှင့် နာရေးအတွက် ပြန်လည်လှူဒါန်းပြီး၊ ကျန်သုံးကျပ်ကို တစ်ရပ်တည်းနေ ဆင်းရဲသူ/သားများအတွက် ပြန်လည်လှူဒါန်းခြင်းဖြစ်ပါသည်။
နဂါးနီစုဘူး တစ်နှစ်ကျော်သက်တမ်းတွင် တစ်သိန်းဖိုး စုသူ(၂၀၅)ဦး၊ ငါးသောင်းဖိုးစုသူ (၃၄၅)ဦး၊ စုစုပေါင်း (၅၅၀)ဦးအတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ခဲ့ပါသည်။
စာရေးသူအနေဖြင့် စုဘူးဌာနတိုင်း သိန်း(၁၀၀)ပြည့်အောင် ငွေပင်ငွေရင်းအဖြစ် လှူဒါန်းသွားမှာဖြစ်ပြီး၊ အကျိုးအမြတ်အတွက် တစ်ပြားတစ်ကျပ်မှ မခံစားနိုင်ပါ။ ရပ်ကွက်နေ ပရဟိတအားသန်သူ အကျိုးဆောင်များ ရှိနေသရွေ့ သိန်းတစ်ရာမှသည် သိန်းတစ်ထောင်ကျော်သည်အထိ တိုးပွားနေမည်သာဖြစ်ပါသည်။
မတည်ငွေ(၂၅၃)သိန်းတွင် အလှူရှင်များလှူဒါန်းငွေမှာ (၃၁)သိန်း(၂)သောင်း(၁)ထောင်ကျပ်သာရှိပြီး ကျန်ငွေများမှာ စာရေးသူ၏ အလှူငွေသာဖြစ်ပါသည်။
ဆင်းရဲနွမ်းပါးမှုကို တစ်ပိုင်တစ်နိုင် လျှော့ချလိုသူများနှင့် မိမိရပ်ကွက်တွင် နဂါးနီစုဘူးတည်ထောင်လိုသူများ ဆက်သွယ်နိုင်ပါသည်။
နာယကဆရာတော် ဦးဇဝန=09.33469932
အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်=09.91015341