အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှ စုပေါင်းလှူဒါန်းပွဲ ပြုလုပ်မည်ဖြစ်ရာ မဘသ အဖွဲ့များ၊ မဘသအဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်ကိုချစ်မြတ်နိုးသော ရဟန်းရှင်လူ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်။
အောက်မြန်မာပြည် အလှူခံဌာနအဖြစ် မဘသ(ဗဟို)သို့လည်းကောင်း၊ အထက်မြန်မာပြည် အလှူခံဌာနအဖြစ် မန္တလေး မဘသ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ရာပြည့်ပွဲတော်ကို ဖေဖော်ဝါရီ(7)ရက်နေ့မှ (13)ရက်နေ့အထိ နတ်မောက်မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပွဲတော်မတိုင်မီ အခမ်းအနားဖြင့် အလှူငွေပေးအပ်ပွဲ ကျင်းပသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
မဘသ(ဗဟို)=01.645555
ဦးပါမောက္ခ-09.5170352
မန်း မဘသ(ရုံး)=09.259 461 969/09.798 512 969
ရုံးအုပ်ကြီး=09.33058359
“ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ”
(၁) ဖေဖော်ဝါရီ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၇)ရက်သတ်မှတ်ပါသည်။
(၂) (၇)ရက်နေ့တွင် အနှစ်(၁၀၀)ပြည့်မွေးနေ့ပွဲအခမ်းနားကို စိန်တင့်လွင် မင်္ဂလာဆိုင်းဖြင့် ဖွင့်လှစ်ပြီး ညပိုင်းတွင် ပြိုင်ပွဲများ ကျင်းပသွားပါမည်။
(၃) (၈)ရက်နေ့တွင် နံနက်ပိုင်း စာတမ်းဖတ်ပွဲများ ညပိုင်း ဝါသနာရှင်များ၏ ဗိုလ်ချုပ်ဂုဏ်ပြုသီချင်းအဆိုပြိုင်ပွဲ များ ကျင်းပသွားပါမည်။
(၄) (၉/၁၀) ရက်နေ့များတွင် နေ့ခင်းပြပွဲပြိုင်ပွဲများ/ညပိုင်း စာပေဟောပြောပွဲများ ကျင်းပသွားပါမည်။
(၅) (၁၁)ရက်နေ့တွင် နေ့ပြပြိုင်ပွဲများ/ညပိုင်း(၇-၉)နာရီတွင် ရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ဆရာတော်၏ တရားပွဲ၊ (၉)နာရီနောက်ပိုင်းတွင် ဖိုးချစ်၊ စွမ်းဇာနည်၊ မင်းခန့်ကို တို့၏ ဖျော်ဖြေပွဲများ ကျင်းပသွားပါမည်။
(၆) (၁၂)ရက်နေ့တွင် နေ့ခင်းပြပွဲပြိုင်ပွဲများ ည(၇-၉)နာရီတွင် ဓမ္မဘေရီ ရှင်ဝီရိယ(တောင်စွန်း) ဆရာတော်၏ တရားပွဲ၊ (၉)နာရီနောက်ပိုင်းတွင် ဖိုးချစ်၊ စွမ်းဇာနည်၊ မင်းခန့်ကိုတို့၏ ဖျော်ဖြေပွဲများ ကျင်းပသွားပါမည်။
(၇) (၁၃)ရက်နေ့တွင်-
(က)နံနက်ပိုင်းတွင် လူငယ်များက သံဃာတော်များကို ဆွမ်းလောင်း/စတုဒီတာကျွေးမွေးရေးများ ပြုလုပ်သွားမည်။
(ခ) ဒီပင်္ကရာစာသင်တိုက်တွင် လူကြီးများမှ သံဃာတော်များအား ဆွမ်းကပ် အမျှတမ်းပေးဝေမှုများကို လူငယ်များလုပ်ဆောင်မည့်အချိန်နဲ့ တစ်ပြေးညီလုပ်ဆောင်သွားပါမည်။
(၈)နံနက်(၈)နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း အနှစ်(၁၀၀)ပြည့် ကဗျည်းမော်ကွန်းကျောက်စာတိုင် စိုက်ထူဖွင့် လှစ်ပွဲအခမ်းအနား ကျင်းပသွားပါမည်။
(ဃ) နံနက်(၉)နာရီမှ(၁၂)နာရီထိ ဗိုလ်ချုပ်အောင်ဆန်း အနှစ်(၁၀၀)ပြည့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကြီး ကျင်းပသွားပါမည်။
(င) နေ့လည်(၁)နာရီတွင် နတ်မောက်မြို့နယ် သံဃာတော်အပါး(၁၀၀၀)အား သင်္ကန်းများ ဆက်ကပ်လှူဒါန်း သွားပါမည်။
(စ) ည(၇)နာရီမှ(၉)နာရီထိ ဆရာတော်ဒေါက်တာအရှင်ဉာဏိဿရမှ တရားတော်များ ဟောကြားသွားပါမည်။
(ဆ) ည(၉)နာရီနောက်ပိုင်း ရာပြည့်အောင်ပွဲအခမ်းအနားတွင် ဖိုးချစ်၊ စွမ်းဇာနည်၊ မင်းခန့်ကိုတို့၏ ဖျော်ဖြေပွဲများ ကျင်းပသွားပါမည်။