Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စာရေးဆရာ ထင်လင်းဦးအမှု စတင်စစ်ဆေးပြီ”

$
0
0
စာရေးဆရာထင်လင်းဦး ဟောပြောမှုနှင့် ပတ်သက်ပြီး ချောင်းဦးမြို့နယ်၊ သံဃနာယက၏ ညွှန်ကြားချက်အရ လဝကဦးစီးမှူးက တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အမှုကို ယမန်နေ့ 4.12.2014 ရက်နေ့မှာ စတင်ကြားနာခဲ့ပါသည်။
စာရေးဆရာထင်လင်းဦးကို ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)နှင့် ၂၉၈ တို့ဖြင့် စွဲဆိုထားပြီး တရားလို ဦးဦးထွန်းခိုင် (လဝကဦးစီးမှူး)ကို ယမန်နေ့က စတင် စစ်ဆေးခြင်းဖြစ်ပါသည်။
17.12.2014 ရက်နေ့မှာ ဆရာထင်လင်းဦးကို သမ္မန်စာဖြင့် ဆင့်ခေါ်ထားကြောင်း၊ ချောင်းဦးမြို့နယ် တရားရုံးမှ စစ်ကိုင်းတိုင်းတရားရုံးသို့ တင်ပြသော ထူးခြားမှုခင်းအရ သိရပါသည်။
ပြစ်မှုကြီးအမှတ် ၃၄၆/၂၀၁၄ ဖြစ်ကြောင်း သိရပါသည်။ ချောင်းဦးမြို့မှ ပေးပို့လာသော သတင်းလေးကို ပူးတွဲ တင်ပြလိုက်ပါသည်။
စုံစမ်းရန်
ဦးဓမ္မပိယ-ချောင်းဦးဓမ္မာရုံကျောင်း=09.402536181
ချောင်းဦး တရားရုံး=071.45102
==========================================================



“စာရေးဆရာထင်လင်းဦးရဲ့ ပထမရုံးချိန်း”
ယနေ့(4.12.2014) ရက်နေ့ ချောင်းဦးမြို့နယ် တရားရုံးတွင် NLD ပါတီမှ ပြန်ကြားရေးအရာရှိ ထင်လင်းဦး အပေါ် တရားစွဲဆိုထားသည့် အမှုအား ချောင်းဦးမြို့နယ် တရားရုံးမှ စတင်ကာ တရားလို ချောင်းဦးမြို့နယ် လဝက ဦးစီးမှူးအား တရားသူကြီး ဦးလင်းမင်းထွန်းက စတင်စစ်ဆေးခဲ့ပါသည်။
စတင်စစ်ဆေးချိန်တွင် တရားခံအဖြစ်သတ်မှတ်ခံရသူ ထင်လင်းဦး လာရောက် အစစ်ခံရန် မလိုသေးကြောင်း သိရပါသည်။
ထင်လင်းဦး ရောက်ရှိလာခြင်းမရှိသလို မြို့နယ်တရားရုံးမှ အမှုအား လက်ခံလိုက်ပြီး ဒုတိယရုံးချိန်းကို (17.12.2014) ရက်နေ့တွင် သတ်မှတ်ပေးခဲ့ပါသည်။
ယင်းနေ့တွင် ထင်လင်းဦးလာရောက်ရမည်ဟု သိရပြီး ယခုအခါ ပုဒ်မ ၂၉၅(က)နှင့် ၂၉၈ ပုဒ်မတို့ဖြင့် စွဲဆိုလိုက်ကြောင်း သိရပါသည်။
ပုဒ်မနှင့် ပြစ်ဒဏ်
ပုဒ်မ ၂၉၅(က)
သာသနာညှိုးနွမ်းမှု အာမခံမရ။  ထောင်ဒဏ်(၂)နှစ်။
ပုဒ်မ ၂၉၈ ဘာသာ သာသနာ ထိခိုက်စော်ကားမှု အာမခံမရ။ ထောင်ဒဏ်(၁)နှစ်လျှော့ရက်မရှိ။ ပုဒ်မ (၂)ရပ်ပေါင်း ထောင်ဒဏ်(၃)နှစ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles