3.12.2014 ည 8:45 စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဗြဟ္မဒတ်ကျေးရွာ၊ မာရ်အောင်ကျောင်းတိုက်၊ ကရုဏာလူမှုကူညီရေးအသင်းကကျင်းပတဲ့ ဆဋ္ဌမအကြိမ် အထူးဓမ္မသဘင်မှာ ဟောကြားခဲ့တာ ဖြစ်ပါတယ်။
ညနေ 4:00 မှ 5:00 အထိ စာဝါချပြီးမှ သွားရတာဖြစ်လို့ တရားပွဲအနည်းငယ် နောက်ကျသွားပါတယ်။
ပွဲစီစဉ်သူက အင်းစိန်ရွာမ စာသင်တိုက်နားမာနေထိုင်တဲ့ ဗြဟ္မဒတ်ရွာသားပါ။
4 ရက်နေ့မှာ မြနန်းဆရာတော်၊ 5 ရက်နေ့မှာ ဟိတဓရဆရာတော်တို့ ဟောကြဦးမှာဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေတွ တရားဝင်ထုတ်ပြန်နေကြတဲ့အချိန်နှင့် တိုက်ဆိုင်နေလို့ အမျိုးစောင့်ဥပဒေတရားတော်ပဲ ဟောကြားခဲ့တာပါ။
မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ အမျိုးသမီးတိုင်း မယားပြိုင်ဒုက္ခကင်းဝေးရတော့မှာဖြစ်ပါတယ်။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေတရားတော်”
ဓားပြဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။