Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လင်ပြိုင်၊ မယားပြိုင်ထားပါက ထောင် ခုနစ်နှစ်အထိ ချနိုင်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်း အမျိုးသမီးများ ကြိုဆို”

$
0
0
တရားဝင်အိမ်ထောင်ရှိ လျက်နှင့် ထပ်မံလက်ထပ်ပါက ထိုသူကို ထောင်ခုနစ်နှစ်အထိ ချ မှတ်နိုင်ကြောင်း လွှတ်တော်သို့ ပေးပို့လိုက်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ဥပဒေကြမ်းတွင် တရားဝင်လက်ထပ် ထိမ်းမြားပြီးသူသည် မပြတ်စဲရသေးဘဲ ထပ်မံလက်ထပ်ပါက ထိုသူကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၄ ကျူးလွန်ကြောင်း မှတ်ယူရမည်ဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
အမျိုးသားများ မိန်းမအများအပြားယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်နှင့် အမျိုးသမီးများ မယားပြိုင်အဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရေးဆွဲ ၍ လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။
‘‘ပုဒ်မ-၄၉၄ ဆိုတာ လင် (သို့မဟုတ်) မယားရှိလျက်နဲ့ ထပ်မံထိမ်းမြားခြင်းပြုရင် အဲဒီလူကို ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ် တယ်။ ဒီဥပဒေကြမ်းမှာ အဓိက အချက်ကတော့မြန်မာနိုင်ငံမှာ နေထိုင်သူ အကုန်လုံး ဒီဥပဒေနဲ့ လက်ထပ်ထိမ်းမြားတာကို လက်ကို လက်ခံရမယ်ဆိုတာပဲ။ ဒါဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ အနေအထားအရ လူမျိုးဘာသာအလိုက် ဓလေ့ထုံးတမ်းအလိုက် ဥပဒေတွေကို အသိအမှတ်မပြုဘဲ တမင်သက်သက် ချုပ်ချယ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်။ ဒီနောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
အဆိုပါ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း ဥပဒေကို မြန်မာနိုင်ငံသား၊ ပြည်ပကိုရောက်ရှိနေသည့် မြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံ သား (သို့မဟုတ်) နိုင်ငံသားပြု ခွင့်ရသူအပြင် မြန်မာနိုင်ငံသား နှင့် လက်ထပ်သည့် နိုင်ငံခြားသားများပါ သက်ဆိုင်လိုက်နာရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
‘‘တစ်လင် တစ်မယားစနစ် ဆိုတာ အမျိုးသမီးတွေအတွက် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သင့်တော်တယ်။  အဖြစ်သင့်ဆုံးပဲလို့ ကျွန်မကတော့ ယူဆတယ်။ အမျိုးသားတွေအနေနဲ့ တတ်နိုင်လို့ ယူတယ်ထားဦး။ တစ်လင် တစ်မယားစနစ်ကိုပဲ ကျွန်မတို့က တည်တံ့စေချင်တယ်။
‘‘မိန်းမတွေအများကြီးယူတဲ့ အတွက် နောက်ဆက်တွဲအကျိုးဆက်က သူတို့ပေါက်ဖွားလာမယ့် သားသမီးတွေမှာလည်း အများကြီး ပြဿနာတွေဖြစ်နိုင်တယ်။ ဒီဥပဒေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာနဲ့ပဲ တိုင်းတာ တိုင်းတာ ကျွန်မတို့ အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ယခင်အမျိုးသမီးရေးရာ အဖွဲ့ဝင်ဟောင်းဒေါ်မြမြက ပြောသည်။
မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာ ဥပဒေတွင် ယောက်ျားများ အနေဖြင့် အကန့်အသတ်မရှိ အများယူနိုင်ဟု ပြဋ္ဌာန်းထားပြီး အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာတွင် ယောက်ျားများမှာ အကန့်အသတ်ဖြင့် အများ(လေးဦးအထိ) ယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ခရစ်ယာန်ဘာသာမှာမူ တစ်လင်တစ်မယားစနစ်ဖြစ်ပြီး ကွာရှင်းပြတ်စဲပြီးမှသာ နောက်တစ်ဦးကို ထပ်ယူနိုင်သည်။
ထို့ပြင် Burma Law Act ပုဒ်မ ၁၃ အရ သက်ဆိုင်ရာလူမျိုး ဘာသာ ဓလေ့ထုံးတမ်းစဉ်လာ အလိုက် ဥပဒေများကို ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားရုံးများက အသိအမှတ်ပြုရမည် ဆိုသည့် အချက်နှင့်လည်း ယခု တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေမှာ ဆန့်ကျင်နေကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။
သို့သော် အမျိုးသမီးအများစုကမူ အဆိုပါဥပဒေကို ထောက်ခံကြလိမ့်မည်ဟု မျှော်လင့်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူနှင့် အမျိုးသမီးရေးရာ ဆောင်းပါးများ တာဝန်ခံတင်ဆက်သူ မဇ္ဈိမ မီဒီယာမှ ဒေါ်သင်းသင်းအောင်က ပြောကြားသည်။
  ‘‘ယေဘုယျအားဖြင့်ကတော့  ဒီဥပဒေက  ကောင်းပါတယ်။ အမျိုးသမီး အများစုကလည်း ကြိုက်မှာပါ။ ကျွန်မအ ထင် ယောက်ျားတွေကတော့ ကန့်ကွက်ကြလိမ့်မယ်။ ဒီကနေ့ ကျွန်မတို့ ထိတွေ့ဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းမှာ ဒီလိုမယားပြိုင်ထားမှု ကြောင့် လူမှုရေးပြဿနာတွေကို ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဥပဒေကို အမျိုးသမီးတွေကတော့ သဘောကျမှာပါ’’ ဟု ၎င်းကပြောသည်။
ယခုဥပဒေကြမ်းကို အများပြည်သူလေ့လာနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်နှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...