“မြန်မာမိန်းကလေးများ အခိုးခံခဲ့ရသော်”
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မြန်မာမိန်းကလေးများကို ပစ်မှတ်ထား၍ သိမ်းပိုက်နေသော လူမျိုးခြားများ ရှိလေသည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများကိုသာ ချိန်ရွယ်သိမ်းပိုက်နေကြသည် မဟုတ်ဘဲ ခရဇ်ယန်ဘာသာဝင် မြန်မာ့တိုင်းရင်းသူလေးများနှင့် ဟိန္ဒူမိန်းကလေးများပါမကျန် အကြံအစည်ကြီးမားစွာ စနစ်တကျ အကွက်ချ သိမ်းပိုက်နေကြခြင်းဖြစ်၏။
၎င်းတို့သည် ဂျီဟဒ်ဝါဒီမူဆလင်များဖြစ်ကာ 786 မဟာဗျူဟာစီမံကိန်းကြီးအတွက် အသည်း အသန်အားထုတ်နေ ကြခြင်းဖြစ်ပေသည်။ ၄င်းကို ဂျီဟဒ်အတွက် လက်နက်လူသူစုဆောင်းခြင်းဟု ခေါ်ဆိုကြလေသည်။ ထိုသို့ စုဆောင်းနိုင်ဖို့အတွက် များများယူ များများမွေး နည်းဗျူဟာတစ်ရပ်ကို ကျင့်သုံးရလေသည်။ မိန်းမများများယူ ကလေးများများမွေးခြင်းဖြင့် ဌာနေတိုင်းရင်းသားလူဦးရေထက် ၄င်းတို့ လူဦးရေက သာလွန်အောင် အင်တိုက် အားတိုက် အကောင်အထည်ဖော်နေကြခြင်းဖြစ်လေသည်။ ၄င်းတို့ လူဦးရေများလာသည့်အခါ အစ္စလာမ္မစ်စတိတ် (မူဆလင်နိုင်ငံ)ထူထောင်ဖို့ ခွဲထွက်ခွင့်တောင်းကြလေသည်။ မရသည့်အခါ အကြမ်းဖက် ဂျီဟဒ်စစ်ပွဲ ဆင်နွှဲကြလေသည်။ ဤသို့ဖြင့် 1947 ခုနှစ်၌ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဆင်းပြည်နယ်၊ ကက်ရှ်မီးယားနှင့် ပြည်နယ်အချို့ရှိ ဟိန္ဒူလူမျိုးများကို ပြည်နယ်လုံးကျွတ် လောင်တိုက်သွင်းကာ တစ်ပြိုင်နက်တည်း လူမျိုးသုဉ်းသတ်ဖြတ် မှုကြီးကို ကျူးလွန်လျက် ပါကစ္စတန် နိုင်ငံကြီးကို ထူထောင်နိုင်ခဲ့ကြပေသည်။ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်ပြီး နိုင်ငံထူထောင်ခဲ့ကြ သည်မှာ ကမ္ဘာပေါ်တွင် ဂျီဟဒ်မိစ္ဆာလူမျိုးတစ်မျိုးတည်းသာ ရှိလေသည်။
မိမိတို့တိုင်းရင်းသားများက မိန်းကလေးများတန်ဖိုးကို အလေးအနက်မထားသော်လည်း ၄င်းတို့ကမူ မိန်းကလေးတစ်ယောက်ရလျှင် တပ်ရင်းတစ်ရင်းရသည်နှင့်တူ၏ဟု သတ်မှတ်ကာ ရအောင်ယူနိုင်သူများကို ဆုငွေများ၊ လစဉ်၊ နှစ်စဉ်ထောက်ပံ့ငွေများဖြင့် မြှောက်စားလျက်ရှိပေသည်။
အိပ်ပျော်နေစဉ်ကာလ ဆရာတော်သံဃာတော်များ ဆိုဆုံးမမှုနည်းပါးစဉ်က ၄င်းတို့စိတ်ကြိုက် သိမ်းပိုက်ခွင့် ရခဲ့သော်လည်း ယခုအခါ အရွယ်ရောက်သူ မိန်းကလေးများက အသိတရားဖြင့် ရှောင်ကြဉ်လာကြသောကြောင့် ကလေးသူငယ်မလေးများဘက်လှည့်ကာ ခိုးယူသိမ်းပိုက်ကြလေသည်။ အချို့ဆိုလျှင် ခုနစ်တန်းကျောင်းသူ၊ ဆယ်တန်းကျောင်းသူမလေးများ ဖြစ်နေလေသည်။ ၄င်းတို့ကို ခိုးယူသူမှာ ဟိုဟာမက်နွယ်ဝင် မူဆလင်များ ဖြစ်နေတတ်ပြီး အသက်နှစ်ဆယ်ကျော်မှ လေးဆယ်ကျော်အရွယ် သားမယားရှိသူများပင် ဖြစ်နေလေသည်။
ထိုသို့ မိန်းကလေးများ အခိုးခံရသည့်အခါ ရိုးသားဖြူစင်သူများပီသစွာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရုံမှလွဲ၍ အခြားဘာမျှ မလုပ်တတ်ကြတော့ပေ။ မဘသ အဖွဲ့အနေဖြင့် မိန်းကလေး အသက်ပြည့်သည်ဖြစ်စေ အသက်မပြည့်သည်ဖြစ်စေ ဆိုင်ရာရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ရပေမည်။ ၄င်းနောက် ခိုးယူသူ၏ မိဘများ နှင့် ရပ်ကွက်ရုံးမှာ တွေ့ဆုံကာ မိန်းကလေးကို ပြန်အပ်ခိုင်းရပေမည်။ ခိုးသူ၏ မိဘများက မရှိ၊ မသိ၊ မကြည့်ဟုဆိုကာ အလိုတူအလိုပါ လိမ်ညာတတ်ကြလေသည်။ အချို့ဆိုလျှင် သူတို့နှင့် မသက်ဆိုင်ကြောင်း သတင်းစာမှာ ကြော်ငြာထည့်သည်များပင် ရှိကြလေသည်။ ၄င်းတို့က မိသားဘသားပီသစွာ ပြန်အပ်သည် ဖြစ်စေ၊ ပြန်မအပ်သည်ဖြစ်စေ မိမိတို့ဘက်မှ တာဝန်အရ ပြောကြားရခြင်းဖြစ်လေသည်။
မိန်းကလေးများ အသုံးဝင်ပုံ ပမာဏကို သိထားသူများပီသစွာ တစ်ရပ်တစ်ကျေးမှာ ဝှက်ပေးထားကာ ကိလေသာမှိုင်းတိုက်လျက် သွေးခွဲထားကြသည်ကိုလည်း တွေ့ရပေမည်။ လုံခြုံသည့်နေရာမျိုးရောက်လျှင် သမီးရှင်များကလည်း ဆက်လက် မလိုက်ကြတော့လျှင် ကလေးရမှ ကိုယ်ထင်ပြတတ်ကြလေသည်။ ထိုအခါ သမီးရှင်များမှာ ရင်ကွဲပက်လက်ဖြစ်ကာ အားမတန်မာန်လျှော့ကြရတော့လေသည်။ ဤသို့သော မိဘများ မြန်မာပြည်တစ်ဝှမ်းမှာ အများအပြားပင်ရှိလေသည်။
ထိုသို့ မိဘများ မခံစားရစေရန် မဘသအဖွဲ့ကြီးက အာဏာပိုင်များနှင့်ပူးပေါင်းကာ မိန်းကလေးပြန်ရရေး အတွက် မပျက်မကွက် ဆောင်ရွက်ပေးရပေမည်။ မိန်းကလေး ပြန်ရသည့်အခါ မိန်းကလေးသည် အသက်နှစ်ဆယ်မပြည့်သေးသူဖြစ်လျှင် ခိုးယူသူကို ပုဒ်မ(၃၆၆) လူခိုးမှုဖြင့် အရေးယူခွင့်ရှိလေသည်။ မိဘအုပ်ထိန်းသူလက်အောက်မှ မလွတ်မြောက်သေးသောကြောင့် မိန်းကလေးက အလိုတူ၍ ခိုးရာလိုက်ပြေး ခြင်းဖြစ်သော်လည်း မိဘများက လူခိုးမှုဖြင့် တိုင်ကြားခွင့်ရှိလေသည်။ တရားသူကြီးများက မိန်းကလေး အသက် အပိုင်းအခြားကိုကြည့်၍ ၁၆ နှစ်ဆိုလျှင် ခိုးယူသူကို ဆယ်နှစ်အထိ ပြစ်ဒဏ်ကြီးလေးစွာ ချမှတ်တတ်ပြီး။ ၁၈ နှစ်ဆိုလျှင် ပြစ်ဒဏ်တစ်မျိုး၊ ၂၀ နှစ်(မပြည့်သေးသူ)ဆိုလျှင် ပြစ်ဒဏ်တစ်မျိုး ချမှတ်တတ် ကြလေသည်။
မြန်မာသမီးရှင်အများစုမှာ သမီးပြန်ရလျှင် ကျေနပ်သွားသည်က များလေသည်။ လူခိုးမှုဖြင့် တရားစွဲဆို ရကောင်းမှန်းမသိကြချေ။ သိလျှင်လည်း မစွဲဆိုဖြစ်ကြတော့ပေ။ ထိုအခါ ခိုးယူသူက အခွင့်အရေးများစွာရရှိကာ နောက်ထပ်တစ်ဖန် ခိုးယူသွားပြန်လေသည်။ ဤသို့ဖြင့် နှစ်ကြိမ် သုံးကြိမ်အထိ အခိုးခံရသည့် ဖြစ်ရပ်မျိုး များစွာရှိလေသည်။ နောက်ဆုံးအကြိမ်တွင်မူ တရားစွဲခွင့်မရှိတော့သည်သာမဟုတ်ဘဲ သမီးမိန်းကလေးကိုပင် ပြန်မရကြတော့ပေ။
လူခိုးမှုဖြင့် တိုင်ကြားလျှင် မိမိသမီးလုံခြုံရုံတင်မကဘဲ အခြားတိုင်းရင်းသူမလေးများလည်း အန္တရာယ်ကင်းကြ မည်ဖြစ်လေသည်။ ထို့ကြောင့် သမီးချင်း ကိုယ်ချင်းစာကာ ပြည်ထောင်စု၏ သမီးပျိုလေးများ မိမိသမီးလို အခိုးမခံရလေအောင် ခိုးယူသူ လူမျိုးခြားကို လူခိုးမှုဖြင့် တိုင်ချက်ဖွင့်သင့်လှပေသည်။
မိမိတို့၏ သမီးပျိုလေးများ ပြန်လည်ရရှိသည့်အခါ မိမိတို့က မိကောင်းဖခင်သားသမီးများပီသစွာ တောင်းပန်ရုံမျှ ဖြင့် ကျေနပ်သွားကြသော်လည်း ဂျီဟဒ်ဝါဒီ မိစ္ဆာမျိုးခြားတို့ကား ထိုသို့ မဟုတ်ပေ။ မိန်းကလေးကို ပြန်မအပ်လျှင် ကောင်လေးဘက်မှ တာဝန်ပျက်ကွက်သည်ဆိုကာ တောနင်းရှာဖွေခြင်း မြေလှန်ရှာဖွေခြင်းများ ပြုလုပ်တတ်ကြပါသည်။ မန္တလေးမြို့နေ ဗမာကောင်လေးနှင့် ကုလားရွာကြီးတစ်ရွာမှ မိန်းကလေးတစ်ယောက် တို့ ထွက်ပြေးသွားသည့်အခါ ဗမာကောင်လေးအိမ်ထိ လာရောက်ကာ အပ်နှံခိုင်းပါသည်။ အချိန်မီ မအပ်နှံနိုင်သည့်အခါ ကောင်လေးဓာတ်ပုံတောင်းခြင်း ဆိုင်ကယ်နံပါတ်နှင့် ဖုန်းနံပါတ်များ မှတ်သားခြင်းတို့ ပြုလုပ်ကာ ဆိုင်ကယ်အုပ်စုဖွဲ့၍ မန်းမြို့အနှံ့ တောနင်းရှာဖွေကြပေသည်။
အချို့သော သမီးရှင် လူမျိုးခြားများသည် သမီးမိန်းကလေး ပြန်ရရုံမျှဖြင့်ပင် မကျေနပ်နိုင်သေးဘဲ အသက်ပြည့်နေပါလျက် အသက်မပြည့်သေးသည့်ပုံစံချိုးကာ ဗမာကောင်လေးများကို ဖမ်းဆီး ထောင်ချကြ လေသည်။ ရပ်ကွက်၊ ရဲစခန်း၊ ကျောင်းအုပ် စသည်တို့ထံမှ ထောက်ခံချက် လက်မှတ်ကို ငွေပေးဝယ်ယူပြီး လူခိုးမှုမြောက်အောင် သက်သေထူကြခြင်းဖြစ်လေသည်။ ၂၀၀၂ ခုနှစ်တုန်းက ကန့်ဘလူမြို့နယ်မှ ဖိုးထူးးဆိုသူ လယ်သမားလေး ထောင်သုံးနှစ်ကျသွားရလေသည်။ မိန်းကလေးကိုယ်တိုင်က အသက်ပြည့်ပြီးဖြစ်ကြောင်း ထွက်ဆိုပေးပါလျက် ထောင်ချခံရခြင်းဖြစ်၏။ ထိုသို့ ထောင်သုံးနှစ် ချလိုက်သည်ကိုပင် အားမရနိုင်သေးသော သမီးရှင်များက သုံးနှစ်နည်းသည်ဟုဆိုကာ အယူခံဆက်တက်လိုက်ကြသေး၏။ ထိုသို့ ဗမာကောင်လေးများကို မှတ်သားလောက်အောင် စံပြအဖြစ် လုပ်ပြလိုက်ခြင်းသည် သူတို့ မိန်းကလေးများ အထိမခံနိုင်သောကြောင့် ဖြစ်၏။ ထိုသူတို့၏ သဘောထားအမှန်မှာ ဗမာကောင်မလေးများသည်သာ သူတို့နှင့် ထိုက်တန်သည် ဗမာကောင်လေးများကား သူတို့မိန်းကလေးများနှင့် လုံးဝ မထိုက်တန်ဟူ၍ ဖြစ်လေသည်။
အသက်ပြည့်နေသည်မှာ ထင်ရှားသောကြောင့် တရားစွဲ၍ မရလျှင်လည်း အခြားသောနည်းဖြင့် အမှုဆင်တတ် ကြလေသည်။ ဥပမာ ပိုင်နက်ကျူးလွန်မှု၊ ဖောက်ထွင်းခိုးယူမှု၊ ကာမဖြားယောင်းမှုတို့ဖြင့် ကြံဖန်တိုင်ကြားကြ ခြင်းဖြစ်၏။ ထို့ကြောင့် သမီးရှင်များသည် မိမိသမီးပျိုများ၏ နောင်ရေးနှင့် တစ်မျိုးသားလုံး၊ တစ်သာသနာလုံး၊ တစ်နိုင်ငံလုံး အကျိုးရှေးရှုကာ အရွယ်မရောက်သေးသော သမီးငယ်လေးများကို ခိုးယူပေါင်းသင်းကြသော မည်သည့် လူမျိုးခြားကိုမဆို ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၆၆)ဖြင့် အရေးယူသင့်ပါကြောင်း ထပ်လောင်းပြောဆိုရခြင်း ဖြစ်လေသည်။
အရွယ်ရောက်ပြီးသော မိန်းကလေးများ ခိုးရာလိုက်ပြေးသည့်အခါမျိုး၌မူ မိန်းကလေးရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် မိဘများကိုယ်တိုင် တရားရုံးသို့ တက်၍ လက်ထပ်ပေးရပေမည်။ သမီးဖြစ်သူ လွတ်လပ်စွာကိုးကွယ်ခွင့်၊ မြေးမြစ်များ လွတ်လပ်စွာကိုးကွယ်ခွင့်ရနိုင်ရေးနှင့် အခြားအခွင့်အရေး များ ဆိုင်ရာ အချက်အလက်များကို တရားသူကြီးက သတ်မှတ်ပေးကာ လက်မှတ်ထိုးခိုင်းမည်ဖြစ်လေသည်။ ထိုအခါ လူမျိုးကို မကာကွယ်နိုင်ခဲ့သော်လည်း ဘာသာ သာသနာကိုကား ကာကွယ်လိုက်နိုင်ခြင်း အကျိုးရှိ နိုင်မည်ဖြစ်ပေသည်။ ဆွေးပြတ် မျိုးပြတ် ထားလိုက်ခြင်းဖြင့် ပါးကွက်သားထံ ဝကွက်အပ်နှံသကဲ့သို့ဖြစ်ကာ ဘာသာသိမ်းသွင်းခြင်း ကုလားအမည်ပြောင်းပစ်ခြင်း ခေါင်းမြီးခြုံခိုင်းခြင်းများ ပြုလုပ်ကျူးလွန်သည်အထိ စော်ကားခံရမည် ဖြစ်ပေသည်။
ထို့ကြောင့် သမီးရှင်မိဘများ ပြုလုပ်ရမည်မှာ မိမိသမီးက အသက်မပြည့်သေးလျှင် လူခိုးမှုဖြင့် အရေးယူ ဆောင်ရွက်ခြင်း၊ မိမိသမီးက အသက်ပြည့်နေလျှင် မိမိသမီး အိမ်ရှင်မအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မိခင်အခွင့်အရေး၊ လူ့အခွင့်အရေးများ မဆုံးရှုံးစေရန် စီစဉ်ပေးခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မိမိသမီးကြောင့် တစ်မျိုးသားလုံး အန္တရာယ်ကျရောက်နိုင်သည့်အရေးကို မျှော်တွေးကာ ဘာသာတူ လူမျိုးတူချင်း လက်ထပ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် ဘာသာမတူ လူမျိုးမတူသူများနှင့် လက်ထပ်ရခြင်း၏ အပြစ်အနာအဆာများကို ဖြစ်ရပ်မှန်များဖြင့် သာဓကပြုကာ ဆုံးမထိန်းကျောင်းကြဖို့ လိုပေသည်။
သမီးပျိုတိုင်း အမျိုးစောင့်နိုင်ကြပါစေ။
သမီးရှင်တိုင်း အမျိုးစောင့်သော သမီးကောင်းရတနာများ ထွန်းကားကြပါစေ။
ဝီရသူ(မစိုးရိမ်)
16.11.2014
PM 2:22