မိခင်ကြီး ဒေါ်ခင်တင့်ကွယ်လွန်တာ တစ်နှစ်ရှိပြီဖြစ်လို့ မိခင်ကြီးကျေးဇူးတရားကို အစဉ်အောက်မေ့တဲ့အနေနဲ့ လှူဒန်းကြတဲ့ ဆွမ်းကပ်ပွဲလေးပါ။
ဒီကနေ့ 1.12.2014 ရက်နေ့ မနက် အရုဏ်ဆွမ်းကပ်တာဖြစ်ပါတယ်။ စာရေးသူ သီတင်းသုံးရာ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာ ဖြစ်ပါတယ်။
ဆွမ်းဒကာ/မ တွေကတော့ ဦးကျော်ဝင်း+ဒေါ်ကြင်ကြင်မြိုင် (မီးရထားတိုက်တန်း) မိသားစုပဲ ဖြစ်ပါတယ်။
ဒေါ်ကြင်ကြင်မြိုင်က စာရေးသူအတွက် မနက်တိုင်း ဆန်ပြုတ် (ယာဂုဆွမ်း) ပို့လှူတဲ့ ဆွမ်းဒါယိကာမဖြစ်သလို နဂါးနီအသင်းရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
ဒီပွဲကို ချစ်ဆွေပရိဘောဂ မိသားစုလည်း လာရောက်အားပေးခဲ့ကြပါတယ်။