Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံသို့”

$
0
0


ခရစ်နှစ် ၂၀၁၄ ခုနှစ် နိုဝင်ဘာလဒုတိယပတ်သည် မြန်မာပြည်အတွက် မင်္ဂလာရှိသော အချိန်ကာလသမယဟု ဆိုရချေမည်။ အာဆီယံထိပ်သီးအစည်းအဝေးပွဲနှင့်အတူ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ ကြွရောက်လာကြ ခြင်းမှာ အင်မတန်မှဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ ကမ္ဘာကြီးနှင့် အချိန်ကာလအားဖြင့် နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ်မျှ အဆက်ပြတ် အလှမ်းကွာဝေးနေရာမှ ဧည့်သည်တော်ကြီးများ ကြွရောက်လာပြီး ကမ္ဘာကြီးနှင့် ပြန်လည်နီးစပ်လာသယောင်ထင်မြင်ရသည်မှာ ကြည်နူးဝမ်းမြောက် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
ထိုသို့ ဝမ်းမြောက်ဂုဏ်ယူနေချိန်တွင် စိတ်မသက်သာဖွယ်ရာခြွင်းချက်ကလေး တစ်ခုတော့ရှိနေပါသည်။ ထိုခြွင်းချက်ကလေးကား စကားအဖြစ် တစ်ခွန်းတည်းသာဖြစ်၍ မပြောပလောက်ဟုဆိုနိုင်သော်လည်း ပြောပလောက်အောင် စိတ်ကသိကအောက်ဖြစ်ခဲ့မိ၍ ပြောရပါဦးမည်။ ထိုစကားတစ်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာပိုင် အနောက်ဘက်မေယုဒေသသို့ ကျူးကျော်ဝင်ရောက်နေ ထိုင်သော ဘဂ်ါလီလူမျိုးတို့အား ရိုဟင်ဂျာဟုသုံးစွဲခေါ်ဝေါ်သွားခြင်းပင်ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ အနည်းငယ်တင်ပြလိုပါသည်။
ထိုသို့ ဘင်္ဂလာဒေ့ရ်နိုင်ငံဘက်မှ မြန်မာ့နယ်မြေသို့ လာရောက်ကျူးကျော်နေထိုကြသည့် ဘင်္ဂလီလူမျိုးတို့ကို ရိုဟင်ဂျာဟု သုံးစွဲပြောဆိုသွားခြင်းမှာကား မြန်မာနိုင်ငံသားများအတွက် အတော်ပင်စိတ်ထိခိုက်ခဲ့ကြရပါသည်။ ထိုစကားလုံးသည် မြန်မာပြည်တွင်းပြဿနာများအတွက် အာဏာရအစိုးရနှင့် ပြည်သူများအကြား မည်မျှပင်သဘောထားကွဲလွဲနေသည့်တိုင် အာဏာရအစိုးရရော ပြည်သူများကပါ လက်ခံရန် အလွန်ခက်ခဲသော အသုံးအနှုန်း ဖြစ်နေပါသည်။
ကျွန်မတို့မြန်မာနိုင်ငံသားများအနေဖြင့် ထိုမေယုဒေသမှာ မူလကပင်မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူ ဘင်္ဂလီလူမျိုးဟူ၍ လုံးဝမရှိဟု မငြင်းဆိုပါ။ လွတ်လပ်ရေးအလွန်ခေတ် ၁၉၅၆ခုနှစ်လောက်က ဘူးသီးတောင်၊ မောင်တောဒေသမှာ အိမ်ခြေအနည်းအပါးသာရှိသော ဘင်္ဂလီရွာသုံးရွာနှင့် လူဦးရေအားဖြင့် သောင်းဂဏန်းမျှသာရှိခဲ့သည်ဟု မှတ်သားခဲ့မိပါသည်။ ယခုအချိန်မှာ လူဦးရေတစ်သန်းနီးပါးရှိနေသည်ဟု ကြားသိရချိန်မှာ အံ့သြဖွယ်ရာဖြစ်သလို ထိုများပြားလှသော လူဦးရေပမာဏကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်တောင်းဆိုမှုများအတွက်လည်း အံ့သြမိပါသည်။ အမှန်တကယ်မှာ ထိုလူဦးရေပမာဏသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်အဖြစ် ကျူးကျော်ဝင်ရောက်လာခဲ့သူများသာဖြစ်သည်ဟု နားလည်သဖြင့် မည်သူက မည်သို့ပင်တောင်းဆိုစေကာမူ ငြင်းမယ်ပါရစေ။
အမှန်စင်စစ် နယ်စပ်ရေးရာကိစ္စ လူဝင်မှုပြဿနာနှင်လူဦးရေစာရင်းကို သူ့နိုင်ငံသား ငါ့နိုင်ငံသားအဖြစ် တိကျစွာစိစစ်ရန်မှာ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်နှစ်နိုင်ငံလုံးက တာဝန်သိစိတ်ကိုယ်စီဖြင့် ဖြေရှင်းရမည့်ပြဿနာဟုသာ ဖြစ်ပါမည်။ အနောက်ဘက်နယ်စပ်ရေးရာလူဝင်မှုကိစ္စများကို ပြောဆိုရလျှင် ကိုလိုနီခေတ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာပုံအဆင့်ဆင့် ဖြစ်ပေါ်လာပုံသမိုင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထဝီအနေအထား၊ ရာသီဥတု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကြောင့် နိုင်ငံတွင်းမှထွက်ပြေးရသည့် ဒုက္ခသည်ပြဿနာသည်သာ အကြောင်းရင်းဖြစ်နေမည်ဟု ယူဆပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနေဖြင့် အင်္ဂလိပ်ကိုလိုနီနိုင်ငံအဖြစ်မှလွတ်မြောက်ခြင်း၊ အိန္ဒိယနိုင်ငံထံမှ ပါကစ္စတန်နှင့်အတူခွဲထွက်ခဲ့ခြင်း၊ ပါကစ္စတန်နိုင်ငံထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် သီးခြားခွဲထွက်ရပ်တည်ချိန်ကာလများမှာ မိမိနိုင်ငံမှ ယာယီလွင့်စင်နေသော ပြည်ပရောက်ဒုက္ခသည်လူဦးရေစာရင်းကို အမှန်တကယ် စစ်တမ်းတိတိကျကျကောက်ယူခြင်းတို့ ပြုလုပ်ခဲ့ပါရဲ့လားဆိုသည်ကိုလည်း မေးခွန်းထုတ်ချင်မိသည်။ ကျွန်မတို့မြန်မာပြည်အနေဖြင့်မူ လွတ်လပ်ရေးမရမီအချိန်က အင်္ဂလိပ်အစိုးရမှ ကောက်ယူထားသောလူဦးရေနှင့် မျိုးနွယ်စုစာရင်းတွင် ဘင်္ဂလီဟူသောလူမျိုးစုပင်မပါရှိခဲ့သကဲ့သို့ ရိုဟင်ဂျာဟူသောအမည်နာမလည်း မပါဝင်ခဲ့သည်ကို သေချာစွာပြောဆိုနိုင်ပါသည်။
တစ်ဖက်မှသုံးသပ်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရာသီဥတုဆိုင်ရာပြဿနာများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အလွန်ပင်ပန်းဆင်းရဲခဲ့ပြီး ဒုက္ခရောက်တိုင်း နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ ၁၉၉၈ခုနှစ် စက်တင်ဘာလက ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံဧရိယာ၏ သုံးပုံနှစ်ပုံကို ရေလွှမ်းမိုးချိန်မှာ လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး လူဦးရေသန်း(၃၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများ နှစ်စဉ်ဝင်ရောက်လာတတ်ပြီး ၁၉၇၀၊ ၁၉၉၁ ခုနှစ်တို့မှာ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကာလတွင် လူဦးရေ ၁၄၀,၀၀၀ အထိ သေကျေပျက်စီးပြီး အိုးမဲ့အိမ်မဲ့ပေါင်း သန်း၂၀ အထိရှိခဲ့သည်ကိုလည်း ကျွန်မတို့မမေ့ပေ။
ထိုထိုသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရာသီဥတုနှိပ်စက်မှုအချိန်ကာလများတွင် Climate refugees ခေါ် ရာသီဥတုဆိုင်ရာ ဘင်္ဂလီဒုက္ခသည်များသည် ကျွန်မတို့မြန်မာနိုင်ငံဆီသို့ အလုံးအရင်းနှင့် ဝင်ရောက်ခဲ့သည်များ ရှိခဲ့သည်။ နောက်ပိုင်းကာလများမှာလည်း နိုင်ငံသားများအတွက် စီးပွားရေး၊ လူမှုရေးဆိုင်ရာဖြည့်ဆည်းမှုများကို လုံလောက်အောင်ဖြည့်ဆည်းခြင်းငှာ စွမ်းဆောင်နိုင်ခဲ့ပုံမရသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အားနည်းချို့ယွင်းချက်များကြောင့်လည်း ဘင်္ဂလီလူမျိုးသည် ပိုမို၍ သာတောင့်သာယာရှိသည့် မြန်မာနိုင်ငံဘက်သို့ တစိမ့်စိမ့် ဝင်ရောက်နေထိုင်ခဲ့ကြသည်မှာလည်း သေချာလှပါသည်။
ထိုသို့ ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများကို မြန်မာစစ်အစိုးရများလက်ထက်မှာ အဂတိလိုက်စား၍ စနစ်တကျတားဆီးနိုင်စွမ်းမရှိသည်မှာလည်း ထောက်ပြရန်ရှိနေသည်။ သို့သော် ထိုအုပ်ချုပ်သူ စစ်အစိုးရဝန်ထမ်းများ၏ အဂတိလိုက်စားမှုမျိုးကို မြန်မာပြည်မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းများကြောင့် အိမ်နီးချင်းနိုင်ငံဘက်သာ သွားရောက်နေထိုင်ကြသော မြန်မာလူမျိုးများအပေါ်မှာ ထိုင်းအာဏာပိုင်အဖွဲ့အစည်းဝင်အချို့ကလည်း ငွေကြေးလာဘ်ယူ၍ လက်ခံခဲ့ကြသည့် သဘောရှိခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံဘက်သို့ သွားရောက်နေထိုင်သော ဒုက္ခသည်များသည် ထိုင်းနိုင်ငံအစိုးရထံ သီးခြားလူမျိုးစုအခွင့်အရေးကိုသော်လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်ကိုသော်လည်းကောင်း တောင်းခံခဲ့သည်ဟု မရှိခဲ့သလို ကျွန်မတို့ပြည်သူများကလည်း မိမိနိုင်ငံမှာ နိုင်ငံရေးပြဿနာများဖြေရှင်းပြီးလျှင် မိမိတို့နိုင်ငံသား ပြည်သူများကို တာဝန်ယူလျက် အချိန်မရွေးပြန်လည်ခေါ်ယူရန် အဆင်သင့်ဖြစ်ပါသည်။
ယခုအခါ ဘင်္ဂလီများ လူမျိုးအနေဖြင့် ဇာတိမြေဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့်ခွာထွက်ပြေးမှုမှာ နှစ်မျိုးနှစ်စားရှိနေသည်ဟု ယူဆရပါသည်။ တစ်နည်းမှာ ကုန်းတွင်းပြေးဖြစ်၍ အခြားတစ်နည်းမှာ လှေစီးပြေးဟု ဆိုရမည်။ ကုန်းတွင်းပြေးဒဏ်ကို အခံရဆုံးတိုင်းပြည်မှာ  နယ်စပ်ချင်းထိစပ်နေသည့် မြန်မာပြည်ဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်သို့လည်း နယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးနေကြကြောင်း ကြားသိနေရပါသည်။ အိန္ဒိယဘက်မှာမူ နယ်ခြားမျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသူမှန်သမျှကို တစ်ဦးတစ်ယောက်ဝင်ရောက်လာသည်နှင့် အိန္ဒိယနယ်ခြားစောင့်တပ်များက ပစ်ခတ်နှိမ်နင်းသည်ဟု သတင်းအချို့က ဆိုနေသည်ကိုလည်း ကြားသိနေရပါသည်။ ဤသတင်းမှန်၏ မမှန်၏ကိုမူ သက်ဆိုင်သူများသာ အသိဆုံးဖြစ်မည်ထင်ပါသည်။ အကယ်၍သာ မြန်မာအစိုးရမှာ အိန္ဒိယအစိုးရကဲ့သို့ ပြတ်သားလှသော နယ်စပ်ရေးရားမူဝါဒရှိလျှင် ကျွန်မတို့မြန်မာနိုင်ငံအတွက် ထိုဘင်္ဂလီဒုက္ခသည်များ ကျူးကျော်ဝင်ရောက်နေထိုင်မှုပြဿနာသည် ယခုကဲ့သို့ ခေါင်းခဲရန်မရှိသလို နိုင်ငံတကား၏ ဖိအားဖြင့် နိုင်ငံသားအခွင့်အရေးဆိုသည်အထိ ရောက်ရှိလာရန် အကြောင်းရှိကောင်းမှ ရှိလိမ့်မည်။
ယခုအချိန်မှာ ကျွန်မတို့နိုင်ငံသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရာသီဥတုဆိုင်ရာပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာနှင့် အခြားသောက်သုံးရေရရှိရန် ပြဿနာများကို မစာနာ၍မဟုတ်။ သို့သော် မည်သည့်နိုင်ငံမှာမှ နယ်စပ်ပြုံတိုးကျူးကျော်ဝင်ရောက်နေထိုင်မှုကိစ္စကို အသာတကြည်ခွင့်ပြုသည်ဟု ကမ္ဘာ့သမိုင်းမှာ မကြားဖူးခဲ့ပါ။ အမေရိကန်ပြည်ထောင်စုသည်ပင် လက်တင်အမေရိကနိုင်ငံများမှ ကျူးကျော်ဝင်ရောက်လာသည့် လူသားများကို လုံးဝငြင်းဆိုနေသည်မှာ အထင်အရှားဖြစ်ပါသည်။
ထိုသို့သော သဘောသဘာဝရှိပါလျက် မြန်မာနိုင်ငံ၏ ငါးပုံတစ်ပုံသာဧရိယာအကျယ်အဝန်းရှိပြီး လူဦးရေအားဖြင့် မြန်မာပြည်၏ ၃ဆ ပမာဏဖြစ်သော သန်း ၁၇၀ ဝန်းကျင်ရှိပြီး နှစ်စဉ်မွေးဖွားနှုန်း ၂.၅ တိုးတက်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေထိုင်လာသမျှကိုသာ နိုင်ငံသားအဖြစ်လက်ခံပါလျှင် ကျွန်မတို့နိုင်ငံကလေးမှာ ထိုလူတွေနဲ့ ပြည့်နှက်သွားမည့်အရေးကိုတော့ တွေးပူ၊ ငြင်းပယ်သည်ဆိုလျှင် ထုံးတမ်းစဉ်လာမျှသာ ဖြစ်ပါသည်။
တကယ်တော့ နိုင်ငံတိုင်းပြည်အတွက် မိမိနိုင်ငံသားများ မိမိနိုင်ငံပထဝီနယ်နိမိတ်အတွင်း အခြေတကျ ပျော်ရွှင်ချမ်းမြေ့ အေးချမ်းတည်ငြိမ်စွာနေထိုင်ပြီး နိုင်ငံတွင်းမှ ဖြစ်သည့်နည်းလမ်းဖြင့် စွန့်ခွာ ထွက်ခွာနေခြင်းကို တားဆီးနိုင်ရန်မှာ ထိုနိုင်ငံကို အုပ်ချုပ်သော အစိုးရများ၏ တာဝန်သာဖြစ်မည် ထင်မိပါသည်။ နိုင်ငံတစ်ခု၏ ရရှိထားသော ပထဝီ၊ နိုင်ငံအကျယ်အဝန်း၊ လူဦးရေနှင့် စီးပွားရေး၊ လူမှုရေးပြဿနာကို နိုင်ငံတိုင်း နိုင်ငံတိုင်းက သက်ဆိုင်ရာ မိမိတို့အစိုးမျာကိုယ်တိုင် လိုက်လျောညီထွေ ဖြစ်စေရန် ဆောင်ရွက်ဖြေရှင်းနိုင်ခြင်း မရှိလျှင် ထိုနိုင်ငံသားများသည် နိုင်ငံကို သစ္စာစောင့်သိရိုသေခြင်းမရှိဘဲ ထွက်ခွာပြေးထွက်ကြသည့် သဘော သဘာဝရှိသည်ကိုလည်း သိရှိနားလည်ကြမည် ထင်ပါသည်။
ထို့ကြောင့် မိမိနိုင်ငံသားများ မိမိဇာတိမြေမှာ အခြေတကျ နေထိုင်နိုင်ရေးကို သက်ဆိုင်ရာ အစိုရများကသာ တာဝန်ယူဖြေရှင်းသင့်ပါသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ကုန်းတွင်းပြေး၊ လှေစီးပြေးဒုက္ခသည်များအဖြစ် နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြသည့် သတင်းများမှာ နားမဆန့်အောင် ဖြစ်လာနေသည်မှာလည်း အထင်အရှားဖြစ်နေပါပြီ။ ထို့ကြောင့် မြန်မာပြည်တွင် ရောက်ရှိနေသော ဘင်္ဂလီလူမျိုး တစ်သန်းနီးပါးကို မြန်မာက တရားဝင်အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြဿနာသည် ငြိမ်းအေးပြီးစီးသွားရန် အကြောင်းမရှိ။
၁၉၉၀ ပြည့် ဝန်းကျင်းကာလများက တရုတ်နှင့် ဗီယက်နမ်နိုင်ငံများမှာ နိုင်ငံရေး၊ စီးပွားမူဝါဒများ မှားယွင်းမှုကြောင့် နိုင်ငံသားပြည်သူများ ပင်ပန်းဆင်းရဲခဲ့ကြပြီး ပင်လယ်သမုဒ္ဒရာကို အသက်စွန့်ကျော်ဖြတ်ကာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံ စသော နိုင်ငံကြီးများဆီ ဦးတည်ထွက်ပြေးခဲ့ကြသည်မှာ နမူနာဖြစ်မည် ထင်ပါသည်။ ထိုကာလများက လှေစီးပြေး တရုတ်၊ ဗီယက်နမ်လူမျိုး ဒုက္ခသည်များပြဿနာသည် တစ်ကမ္ဘာလုံးအတွက် ခေါင်းစားစရာ ပြဿနာဖြစ်ခဲ့သည်ကို သတိရကြမည် ထင်ပါသည်။
နောက်ပိုင်းကာလများမှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် အစိုးရများ၏ ပိုမိုကောင်းမွန်သော နိုင်ငံရေး၊ စီးပွားရေးမူဝါဒများပြောင်းလဲမှုကြောင့် တိုးတက်ဖွံ့ဖြိုးလာချိန်မှာ လှေစီးပြေးပြဿနာလည်း ငြိမ်းအေးသွားခဲ့သည် မဟုတ်ပါလား။ ယခုအချိန်မှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသည် သူတို့၏ ဇာတိနိုင်ငံများမှ သွားကြဟု နှင်ထုတ်လျှင်သော်မှ မည်သူမှ ထွက်ပြေးကြတော့မည် မထင်မိပါချေ။
နိုင်ငံတစ်ခုမှ နိုင်ငံသားများ မိမိဇာတိမြေမဟုတ်သော အခြားဒေသသို့ အသက်စွန့်ပြီးလျှင် ထိုနိုင်ငံ၏ယန္တရားကို ကိုင်တွယ်နေသူ အစိုးများ၏ တစ်စုံတရာ အမှားအယွင်းရှိနေပြီဟုသာ မှတ်ယူပြီး ချို့ယွင်းချက်ကို လိုက်လံရှာဖွေ ပြင်ဆင်သင့်ပါသည်။ ကျွန်မတို့မြန်မာပြည်အတွင်းမှာမူ နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူအပြောင်းအလဲ လိုအပ်နေပြီး ထိုလိုအပ်ချက်ကို ပြုပြင်ပြောင်းလဲရန်အတွက် ကမ္ဘာကြီးက ဝိုင်းဝန်းကူညီ အားပေးနေသည်ကိုလည်း ကျေးဇူးအထူးတင်မိပါသည်။
ထိုနည်းအတူ မိမိတို့၏ဇာတိမြေ ဘင်္ဂလားဒေ့ရှ်မှ ကုန်းတွင်းပြေး၊ လှေစီးပြေးဘဝများဖြင့် အသက်စွန့်ထွက်ခွာ၍ ထွက်ပြေးနေကြသော ဘင်္ဂလီလူမျိုးများ မိမိနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်းတိုင်းပြည်တစ်ခုအပေါ် ပုံချတာဝန်ယူရန် ဖိအားပေးနေခြင်းထက် ဘင်္ဂလားဒေ့နိုင်ငံ၏ အုပ်ချုပ်သူများကိုသာ ချို့ယွင်းချက်များကို ပြန်လည်သုံးသပ်စေရန် တိုက်တွန်းနှိုးဆော်ကြစေချင်ပါသည်။
အကယ်၍သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိမိနိုင်ငံ၏ ရရှိထားသော ပထဝီ၊ ရာသီဥတု၊ လူဦးရေ၊ မွေးဖွားနှုန်းများနှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများကို အချိန်မီမဆောင်ရွက်နိုင်ပါက ဘင်္ဂလီလူမျိုးများ၏ ကုန်းတွင်းပြေးနှင့် လှေစီးပြေးဒုက္ခသည်ပြဿနာသည် ကျွန်မတို့မြန်မာပြည်အတွက်သာမက ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် အလျှင်အမြန် ဆိုက်ရောက်လာဖွယ်ရှိနေသည်ဟု ထင်မြင်မိပါသည်။
ထိုအချိန် ထိုကာလတွင် မစ္စတာဘန်ကီမွန်သည် ကုလသမဂ္ဂတွင် တာဝန်မှအနားယူချိန် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ထိုအချိန်ကျမှ မိမိကိုယ်တိုင် တာဝန်ရှိစဉ်က ဘင်္ဂလီဒုက္ခသည်ပြဿနာ၏ အရင်းဇစ်မြစ်ကို နည်းမှန်လမ်းမှန်ဖြင့် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့မှုအတွက် နောင်တမရစေလိုပေ။
ကျွန်မတို့နိုင်ငံသားများသည် ဘင်္ဂလီလူမျိုးများ မိမိတို့ပိုင်နက်မြေမှာ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ရိုဟင်ဂျာလူမျိုးဟု ကမ္ဘာပတ်၍ မုသားပြောဆိုခြင်း၊ နိုင်ငံသားအခွင့်အရေးအထိ နှုတ်လွန်စွာ တောင်းဆိုခြင်းများကို မနှစ်မြို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးပြီး သန်း (၁၇၀)သော ဘင်္ဂလီပြည်သူများ မိမိတို့၏ မွေးရပ်ဇာတိမြေမှာ တည်ငြိမ်အေးချမ်းပျော်ရွှင်စွာ နေထိုင်ခွင့်ရရှိခြင်းကိုမူ လိုလားနှစ်သက်ပါသည်။ ထို့ကြောင့် မစ္စတာဘန်ကီမွန်အနေဖြင့် မိမိကိုယ်တိုင် ကုလသမဂ္ဂအတွင်းရေးမှူးရာထူးတာဝန်ရှိနေစဉ်ကာလမှာ ကမ္ဘာ့ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများ၏ အကူအညီရရှိရန် စည်းရုံးကြိုးပမ်းလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးရေကို နည်းလမ်းရှာ ကြိုးပမ်းသွားသင့်ပါကြောင်း အကြံပြု တိုက်တွန်းနှိုးဆော် ပါရစေ။
မယ်ငွေဥ
20.11.2014 ရက်နေ့ထုတ် 7day Daily သတင်းစာမှ ကူးယူဖော်ပြသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...