Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး(မ.ဗ.ပ)နှင့် လူမှုကူညီရေးအဖွဲ့၏ တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာညီလာခံ ဖိတ်ကြားလွှာ”

$
0
0
25.12.2014 မှ 29.12.2014 ထိ
ဆက်သွယ်ရန်
ဓမ္မရံသီဆရာတော်=09.6537412
ဟိတဓရဆရာတော်=09.2033687
သစ္စဝေဒဂူဆရာတော်=09.2025001
ဓမ္မကျောင်းတော်=09.8304446
ဓမ္မရောင်ခြည်=09.5079674
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးနှင့် လူမှုကူညီရေးအဖွဲ့အနေဖြင့် ဗုဒ္ဓဘာသာဝင် လူငယ်များယဉ်ကျေးလိမ္မာ၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အမျိုးဘာသာ သာသနာ နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်သော နိုင်ငံသားကောင်းများ ဖြစ်စေရန် ရည်ရွယ်၍ တတိယအကြိမ် မြောက် ကျင်းပပြုလုပ်အပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာညီလာခံ အခမ်းအနားသို့ အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်ပါဝင် ဆောင်ရွက်နိုင်ပါရန် နှိုးဆော်ဖိတ်ကြားအပ်ပါသည်။
ညီလာခံကျင်းပမည့်နေ့ရက်
၁၂၇၅ ခုနှစ်၊ ပြာသိုလဆန်း(၅)ရက် ကြာသပတေးနေ့မှ(၉)ရက် တနင်္လာနေ့ထိ ၂၀၁၄ ခု၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ။
ညီလာခံကျင်းပမည့်ဌာန
သစ္စဝေဒဂူမိုးကုတ်ဝိပဿနာမဂ္ဂင်ရိပ်သာ(ရေတံခွန်းတောင်ခြေ) ရေကြည်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
ညီလာခံကျင်းပမည့်အချိန်
၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း(၄)ရက်နေ့၊ ၂၄-၉-၂၀၁၄(ဗုဒ္ဓဟူးနေ့) ညနေ(၄)နာရီအချိန်တွင် နောက်ဆုံးထား၍ ညီလာခံကျင်းပရာဌာန၌ သတင်းပို့ရပါမည်။
ဒုတိယအကြိမ် ညီလာခံကျင်းပရာဌာန
နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဟိုပုန်းမြို့၊ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့(၁၂)မိုင်။
ရဟန်းရှင်လူ၊ ဆရာ/ဆရာမများ ၃၀၀၀ကျော်ခန့် တက်ရောက်ခဲ့ပါသည်။
ညီလာခံကျင်းပရေးအစီအစဉ်
ဒီဇင်ဘာလ(၂၄)ရက်နေ့
ညဦးပိုင်း၌ ညီလာခံတင်သွင်းမည့် စာတမ်းများကို အပြီးသတ် ဆွေးနွေးပြီး စာတမ်းဖတ်မည့် ကိုယ်စားလှယ် ရွေးချယ်မည်။
ဒီဇင်ဘာလ(၂၅)ရက်နေ့
နံနက်(၈)နာရီမှ(၁၀း၃၀)နာရီထိ
ညီလာခံဖွင့်ပွဲအခမ်းအနားကြီးကို ကျင်းပပါမည်။
ညနေပိုင်း(၁)နာရီမှ(၄း၃၀)နာရီထိ ညီလာခံစာတမ်းများ ဖတ်ကြားပါမည်၊ ဆုံးဖြတ်ချက်များ ချမှတ်ပါမည်။
ညီလာခံ၏ ကြေငြာချက်များကို ထုတ်ပြန်ပါမည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့ထိ
ဒေသအသီးသီးမှ ညီလာခံတက်ရောက်လာကြသည့် ကိုယ်စားလှယ်များ ဖိတ်ကြားထားသည့် ညီနောင်အသင်းများ၊ လူမှုကူညီရေးအဖွဲ့များ အချင်းချင်း မိတ်ဆက်ဆွေးနွေးသည့် အစီအစဉ်၊ ဓမ္မရံသီကုလ ရက္ခိတ၏ သင်ကြားနည်းစနစ်၊ ဟိတဓရ၏သင်ကြားနည်းစနစ်၊ သစ္စဝေဒဂူ၏ သင်ကြားနည်းစနစ်၊ ဓမ္မကျောင်းတော်၏သင်ကြားနည်းစနစ်၊ ဓမ္မရောင်ခြည်၏ သင်ကြားနည်းစနစ် စသည့် ယဉ်ကျေးလိမ္မာ သင်ကြားနည်းစနစ်တို့ကို မျှဝေဖလှယ်သည့် အစီအစဉ်များ၊ သြဝါဒါစရိယနှင့် ဓမ္မကထိကဆရာတော်များ၏ စိတ်ဓာတ်မြှင့်တင်ရေး တရားပွဲအစီအစဉ်များ ပါဝင်သည်။
လူပုဂ္ဂိုလ်များ တစ်ကိုယ်ရေးအသုံးအဆောင်နှင့် အိပ်ယာလိပ်ယူဆောင်ခဲ့ကြပါရန်။
တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာညီလာခံ၌ စာတမ်းတင်သွင်းကြမည့် ကိုယ်စားလှယ်များအတွက် စာတမ်းခေါင်းစဉ်များ
မြန်မာနိုင်ငံတစ်ဝန်းလုံး ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ကာ မွန်မြတ်လှသည့် သာသနာ့တာဝန်များ ထမ်းဆောင်တော်မူနေကြသည့် ပုဂ္ဂိုလ်များမှ တတိယအကြိမ် ယဉ်ကျေးလိမ္မာညီလာခံတွင် ရေးသားတင်သွင်း ကြရမည့် စာတမ်းခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ယဉ်ကျေးလိမ္မာသင်တန်း ဆရာ၊ဆရာမများ၏ အရည်အချင်း ထက်မြတ် မြင့်မားလာစေနိုင်မည့်နည်းလမ်း များ။
၂။ ယဉ်ကျေးလိမ္မာသင်တန်းများ ပြန့်ပွားရေးနှင့် သင်ကြားနည်းစနစ်များ အောင်မြင်နိုင်ရေးအတွက် မီဒီယာနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ။
၃။ လူငယ်များ အသိပညာမြင့်မားလာစေရန် ယဉ်ကျေးလိမ္မာသင်ခန်းစာများနှင့် တွဲဖက်သင်ကြားသင့်သည့် ဘာသာရပ်များနှင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များ။
၎။ ယဉ်ကျေးလိမ္မာနွေရာသီသင်တန်းနှင့် တနင်္ဂနွေအပတ်စဉ်သင်တန်းများ မြန်မာတစ်နိုင်ငံလုံး ရေရှည် တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းနှင့် လုပ်ငန်းစဉ်များ။
၅။ ကျောင်းသူ၊ ကျောင်းသား လူငယ်များ ယဉ်ကျေးလိမ္မာသင်တန်းသို့ မှန်မှန် တက်ရောက်ရေးနှင့် လူငယ်ယဉ်ကျေးလိမ္မာလုပ်ငန်းစဉ်များ၌ မိဘ-ဆရာများ ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်သင့်သည့် နည်းလမ်းများ။
၆။ တစ်မျိုးသားလုံး လူညွန့်တုံး ပျက်စီးစေနိုင်သော အရက်သေစာ၊ ဘီယာနှင့် မူးယဇ်ဆေးဝါးများကို ထိန်းချုပ် လျှော့ချရန်နည်းလမ်းများ။
၇။ စင်တင်တေးဂီတ၊ (KTV)ကေတီဗွီ၊ (Massage)မာဆက်၊(Ningtclub)နိုက်ကလပ်စသည့် အပျော်အပါးဖြင့် ညှို့ငင်လုပ်စားသော လုပ်ငန်းများကို ထိန်းချုပ်ကန့်သတ်ပေးနိုင်မည့် နည်းလမ်းများ။
၈။ လူငယ်များ မြတ်ဗုဒ္ဓဘုရား၏ အဆုံးအမ၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အညီဝတ်စားနေထိုင်ကျင့်သုံး တတ်စေရန် နည်းလမ်းများ။
၉။ အမျိုးဘာသာ၊ သာသနာ၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာစေရေးနှင့် အဓွန့်ရှည်စွာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တတ်စေရန် နည်းလမ်းများ။
ဤခေါင်းစဉ်(၉)ခု အနက် မိမိနှစ်သက်ရာခေါင်းစဉ်(၂)ခုအထိ စာတမ်းရေးသား တင်သွင်းခွင့်ရှိပါသည်။ စာတမ်းတင်သွင်းရန် စိတ်ပါဝင်စားသူတိုင်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရေးသားတင်သွင်းခွင့်ရှိပါ သည်။ စာတမ်း၏ အောက်ခြေ၌ ရေးသားသူလူပုဂ္ဂိုလ်(ဝါ)အဖွဲ့အစည်း၏အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ရေးသားပြီး လက်မှတ်ရေးထိုးရပါမည်။ ခေါင်းစဉ်တစ်ခုဒ စာတမ်းမှာ စာလုံးရေ(၃၀၀၀)ထက် မပိုလွန်စေရပါ။ စာမျက်နှာတစ်ဖက်တည်းသာရေးသားရပါမည်။ စာတမ်းကို ၂၀၁၄ ခု နိုဝင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။ အကယ်၍ တစ်စုံတရာ အခက်အခဲများရှိပါလျှင် မိမိနှင့် တစ်ပါတည်း ယူဆောင်လာ၍ ညီလာခံစာတမ်းလက်ခံရာဌာနသို့ ၂၀၁၄ ဒီဇင်ဘာ(၂၄)ရက်နေ့ ညနေတွင် အပ်နှံနိုင်ပါသည်။
“ဆက်သွယ်ရန်လိပ်စာ”
ရုံးအဖွဲ့မှူးဆရာတော်
မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့
ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်
မြစ်ငယ်မြို့၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
Email;office@dhammatrainingcenter.com

Phone;09.43098220,09.2033687,09.49030227



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...